
လူတွေဟာအသက်(၄၀)ပြည့်ပြီးသွားရင် ကိုယ့်ကိုကိုယ်အိုမင်းသွားပြီ သုံးမရတော့ဘူးလို့ထင်တတ်ကြပြီး တချို့ကြတော့လည်းအသက်(၄၀)မှ ဘဝစာမျက်နှာအသစ်စတာလို့ပြောကြပါတယ်။ ဒါဟာထင်မြင်ချက်တွေပါ။တကယ်တမ်းလုပ်ရမှာကတော့အသက်(၄၀)ပြည့်ပြီဆိုရင် ဘဝရဲ့နေထိုင်ရမယ့်ပုံစံ၊ ကျန်းမာရေးလိုက်စားပုံတွေကို ပြောင်းလဲရမှာဖြစ်ပါတယ်။ဒါ့ကြောင့်အသက်(၄၀)ပြည့်ပြီးသူတိုင်း ပြုလုပ်သင့်တဲ့ ကျန်းမာရေးလုပ်ဆောင်ချက် (၁၀)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
(၁)။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်အလေးမပါ။
တော်တော်များများလူတွေဟာအဆီချဖို့အတွက် gym ကိုသွားကြပါတယ်။ ဝိတ်ကျဖို့အတွက်ဆိုရင်တော့အလေးမတာအကောင်းဆုံးပါပဲ။အလေးမတာဟာ လူ့ခန္ဓာကိုယ်ကအရိုးနဲ့မာဆယ်လ်တွေအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။အသက်(၃၅)ပြည့်ပြီးတဲ့သူတိုင်း ကြွက်သားတွေဟာ တစ်ဖြေးဖြေးအားပျော့လာတဲ့အတွက်ေ လ့ကျင့်ခန်းတစ်ခုတော့လုပ်သင့်တယ်လို့ ဇီဝကမ္မဗေဒပညာရှင် Rachel Straub ကပြောပါတယ်။ဒါ့ကြောင့်အသက်(၄၀)ပြည့်ပြီးသူတိုင်းအရိုးသိပ်သည်းမှုနဲ့ဇီဝဖြစ်ပျက်မှု ကိုလျော့ချဖို့အတွက် လေ့ကျင့်ခန်းတစ်ခုတော့လုပ်ဆော င်သင့်ပါတယ်။
(၂)။ များများအိပ်ပါ။
အရွယ်တစ်ခုကိုရောက်လာတဲ့လူတစ်ယောက်အတွက် ပုံမှန်ထက်ပိုအိပ်သင့်ပါတယ်။တကယ်လို့ လုံလောက်တဲ့အိပ်စက်အနားယူမှုတွေကိုမလုပ်ဘူးဆိုရင် ခန္ဓာကိုယ်ကထုတ်လုပ်နိုင်စွမ်းတွေလျော့နည်းလာပြီးအစားအစားချင်စိတ်ကိုပိုဖြစ်စေတဲ့အတွက် ကိုယ်ခန္ဓာကိုအဝလွန်စေပါတယ်။ဒါ့ကြောင့် လုံလောက်တဲ့အိပ်စက်အနားယူမှုတွေလုပ်ဆောင်ရပါမယ်။

Bobex-73/Shutterstock
(၃)။ နှလုံးကျန်းမာရေးကောင်းဖို့လည်း လိုအပ်ပါတယ်။
အမျိုးသမီးအတော်များများဟာ နှလုံးရောဂါကြောင့် သေဆုံးသူများပါတယ်။ ဒါ့ကြောင့်နှလုံးစစ်ဆေးစမ်းသပ်မှုတွေကို မကြာခနပြုလုပ်ပြီး နှလုံးကျန်းမာရေးကောင်းအောင်လုပ်ဆောင်သင့်ပါတယ်။စိတ်ဖိစီးမှုများရင်လည်း နှလုံးဖောက်မှုကိုဖြစ်စေပါတယ်။ဒါ့ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှလုံးအနီးတစ်ဝိုက်ကို ECG ရိုက်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။

Bobex-73/Shutterstock
(၄)။ ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာဖြစ်အောင်နေမယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနည်းတူ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဟာလည်းအရေးကြီးပါတယ်။အသက်ကြီးလာတာနဲ့အမျှခန္ဓာကိုယ်ကလုပ်ဆောင်ချက်တွေဟာ စတင်နှေးစပြုလာပါပြီ။ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်သက်သောင့်သက်သာဖြစ်အောင် ပြုမူနေထိုင်ဖို့လိုပါတယ်။
(၅)။ ဆေးလိပ်သောက်သူများ ဆေးလိပ်သောက်ခြင်းကိုရပ်ရပါမယ်။
အချိန်အတော်ကြာဆေးလိပ်သောက်ခဲ့တဲ့သူဟာအသက်(၄၀)အရွယ်ရောက်လာရင်တော့ ဆေးလိပ်သောက်ခြင်းကိုဖြတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုအန္တရာယ်ဖြစ်ပွားနိုင်တဲ့အသက်အရွယ်အပိုင်းအခြားကိုရောက်ရှိနေလို့ပဲဖြစ်ပါတယ်။ဆေးလိပ်ငွေ့တွေဟာ ကျန်းမာရေးအတွက်အရမ်းကိုအန္တရာယ်ဖြစ်စေနိုင်တာကြောင့်ပါ။
(၆)။ မျက်လုံးတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်တယ်။
မျက်လုံးကလည်း ခန္ဓာကိုယ်မှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ဒါ့ကြောင့် မျက်စိထိခိုက်မှုဖြစ်ပွားမှုမရှိအောင် လက်ရှိသုံးနေတဲ့ကွန်ပျူတာရဲ့စာလုံးကိုအကြီးအဖြစ်ထားနိုင်သလို စာကြည့်မျက်မှန်ကိုလည်းတက်ထားဖို့လိုအပ်ပါတယ်။ဒီအကူအညီတွေက မျက်လုံးကိုအများကြီးအထောက်အကူပြုစေပါတယ်။ဒါ့အပြင် ဆရာဝန်ဆီသွားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။
(၇)။အရေပြားစစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။
အရေပြားကျန်းမာရေးကောင်းစေဖို့ နှစ်စဉ်အရေပြားအထူးကုဆီသွားပြီးစမ်းသပ်စစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။ ဒါမှဆရာဝန်တွေကအရေပြားပေါ်ကမှဲ့နဲ့ပုံမှန်မဟုတ်တဲ့အစက်အပြောက်တွေကအန္တရာယ်ရှိနိုင်မရှိနိုင်ကိုစစ်ဆေးလို့ရမှာဖြစ်ပါတယ်။
(၈)။ ရေများများသောက်ပါ။
လူတစ်ယောက်ဟာ ရေဓာတ်ပြည့်ဝဖို့လိုအပ်ပါတယ်။အရွယ်တစ်ခုရလာတဲ့လူတွေမှာ ရေဓာတ်ဟာပိုပြီးလိုအပ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ ကျောက်ကပ်နဲ့ဇီဝဖြစ်ပျက်မှုတွေအတွက် ရေများများသောက်သုံးဖို့လိုအပ်ပါတယ်။

Olichel /Pixabay
(၉)။ ပရိုတင်း(အသားဓာတ်)ပါတာများများစားပေးပါ။
အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေဟာအားပျော့လာတဲ့အတွက် ကြွက်သားတွေအားကောင်းလာစေဖို့ ပရိုတင်းဓာတ်ပါတဲ့အစားကိုများများစားပေးရပါမယ်။သင့်ရဲ့ပုံမှန်အစားအသောက်တွေထဲမှာ ပရိုတင်းဓာတ်ပါတဲ့အမဲခါးဆစ်သား၊ဥနဲ့ကြက်သားအပါအဝင်ပဲမျိုးစုံကိုလည်း ထည့်သွင်းစားပေးသင့်ပါတယ်။
(၁၀)။ (အမျိုးသမီးများ)ရင်သားစမ်းသပ်စစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။
အသက်ကြီးလာတဲ့ မိန်းကလေးတွေအတွက် ရင်သားကျန်းမာရေးဟာလည်းအလွန်အရေးကြီးပါတယ်။အမျိုးသမီး(၈)ယောက်မှာတစ်ယောက်ကတော့ ရင်သားကင်ဆာဖြစ်တတ်ပါတယ်။ဒါ့ကြောင့်အမျိုးသမီးအထူးကုတွေဆီကိုသွားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။
Thae