အားဆေး
မဖြစ်မနေသောက်ပေးမှ ကျန်းမာရေးကောင်းမှာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်းသောက်လို့ကောင်းတဲ့အရွယ်၊ ကျန်းမာရေးကလည်း ကောင်းနေတယ်ဆိုရင်အ
ားဆေး
မသောက်လို့ရလား။အမှန်ကအားဆေးဆိုတာ
အာဟာရ
ဓာတ်တွေချို့တဲ့နေတဲ့သူတွေရှိတာကြောင့် သူ့တို့ကို ပြန်ပြီးအာဟာရဖြည့်ပေးဖို့အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်းသောက်လို့ကောင်းတဲ့ သူတွေလည်း
အားဆေ
းသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကြိုက်တာကိုပဲ ရွေးစားတဲ့အကျင့်ရှိတယ်လေ။ ကျန်းမာရေးနဲ့ညီညွတ်လေ စားရတာ မကြိုက်လေပဲမဟုတ်လား။ ပြီးတော့ လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်
တွေ နေ့စဉ်အကုန်စုံအောင်စားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီတော့အားဆေးသောက်ဖို့လိုကို လိုအပ်ပါတယ်။အားဆေးသောက်ဖို့လိုအပ်တယ်ဆိုတေ့ာ ဘယ်လိုအခြေအနေမျိုး ကိုယ့်မှာ ရှိနေပြီဆိုအားဆေးကို လုံးဝ မဖြစ်မနေသောက်ရမလဲဆိုတာလေးလည်း သိဖို့အရေးကြီးပါသေးတယ်။
အမြင်အာရုံ
အားနည်းလာမယ်၊အသားအရေတွေ ခြောက်သွေ့လာမယ်
အာရုံကြောအားနည်းလာမယ်။ သွားတိုက်လိုက်တာနဲ့
သွားဖုံး
ကနေ သွေးထွက်နေမယ်
အရိုးသန်စွမ်းမှုအားနည်းနေပြီးအရိုးပွတာ ၊အရိုးကျိုးလွယ်တာမျိုးတွေ ဖြစ်နေမယ်
အသားအရေကလည်း မစိုပြေတော့ဘဲ ခြောက်သွေ့နေမယ်
အနာကျက်
လည်း နှေးနေတတ်ပြီး ထိခိုက်မိပြီ ဆိုတာနဲ့ သွေးတိတ်ဖို့လည်း ကြာနေတတ်တယ်။
သွေးအားလည်းနည်းနေတတ်ပြီး ဆံပင်တွေလည်း ကြွပ်ဆတ်နေတတ်ပါတယ်။
နှုတ်ခမ်းနားတစ်ဝိုက်မှာလည်း ကျီးကန်းပါးစပ်လိုမျိုးအနာတွေ ပေါက်နေပြီဆိုရင်တော့ သင့်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့မှုတွေ ရှိနေပါပြီ ။ ။ ကိုယ်စားတာကတော့ စားတာပဲ ။ဒါပေမယ့် ဒီလို
ဗီတာမင်
ချို့တဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆို ဘာလုပ်ရမှာလဲ။ ဒီ ဗီတာမင် တွေအကုန်လုံးပြန်ရအောင်အစားတွေ လိုက်စားရမှာလား။အစားတွေကနေလည်း ဗီတာမင်တွေ ရနိုင်ပေမယ့် သူတို့မှာရှိတဲ့
ကယ်လိုရီ
တွေကိုလည်း ထည့်တွက်ရဦးမှာဆိုတော့
ကိုယ်အလေးချိန်
လျှော့ချနေတဲ့သူတွေအတွက်အဆင်မပြေသလို ဘာစားရင် ဘာရနိုင်လဲဆိုတာကိုလည်း သေချာ ပြောပြနိုင်တဲ့သူတွေ မရှိတာကြောင့် အစားတွေ ပြန်လိုက်စားဖို့ဆိုတာ သိပ်တော့အဆင်မပြေတဲ့ကိစ္စပါ။ ဒါကြောင့် မို့လို့အားဆေးတွေ ပေါ်လာရတာပဲဖြစ်ပါတယ်။
အားဆေး
မှာဆို လိုအပ်တဲ့ ဗီတာမင်တွေအကုန်လုံးအချိုးကျပါတဲ့အပြင် စုံလင်နေအောင် ထည့်ပေးထားတာကြောင့် ဆေးလေးတစ်လုံးတည်းကို သောက်လိုက်တာနဲ့တင် သင်ချို့တဲ့နေတဲ့ ဗီတာမင်တွေအကုန်ပြန်ရမှာနော်။ ဒီတော့ ကိုယ့်အတွက်အဆင်ပြေမယ့်အားဆေးတွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။