အဝလွန်ခြင်းအန္တရာယ်
healthcare.com.mm
|
2019-09-29


အဝလွန်ရောဂါဖြစ်နေပြီလို့ ဘယ်လိုသိနိုင်ပါသလဲ . . .           BMI (Body Mass Index) ခန္ဓာကိုယ် ထုထည်အချိုးရယ်၊ Body Fat ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အဆီပါဝင်မှုနှုန်းရယ်၊ Risk of comorbidities ရောဂါများဖြစ်နိုင်မှုရယ် ဆက်စပ်ပြီး ကောက်ချက်ချရတာပါ။ BMI တစ်ခုထဲ ကြည့်လို့ မရပါဘူး။ WHO Classification of Obesity for Asian ကတော့ . . . BMI ကို လူတိုင်း ခုလိုတွက်ချက်နိုင်ပါတယ်။ BMI = ကိုယ်အလေးချိန် (ကီလိုဂရမ်) Weight (kg)          အရပ် Height (မီတာ)m × အရပ် Height (မီတာ) m      =           Kg/ m2အမျိုးသားများရဲ့ BMI ပုံမှန်ဟာ 22.9 ထက်လည်း များနေနိုင်ပါတယ်။ အရိုး၏ ကြီးခြင်း၊ သိပ်သည်းခြင်း၊ ကြွက်သားကြီးခြင်း တို့ကြောင့်ပါ။           ဥပမာ - Sylvester Satllong ရဲ့ BMI ဟာ 34 ပါ။ Arnol ရဲ့ BMI က 33 ပါ။ သူတို့မှာ အဝလွန်ရောဂါမရှိပါဘူး။ ကြွက်သားကြီးလို့ BMI မြင့်တာပါ။          ပိန်တိုင်းလည်း မကျန်းမာပါဘူး။ BMI (18.5)ထက်နည်းရင် (Underweight) အပိန်လွန်ပြီး အရိုးပွရောဂါ Osteoporosis ၊ Vitamin ၊ Protein deficiencies  အာဟာရ ချို့ယွင်းမှုများ ဖြစ်နိုင်ပါတယ်။           ပုံမှန် BMI (18.5 – 22.9) ပဲ နေကြပါစို့ (အသက် ၁၈နှစ်မှ ၆၅ နှစ်အထိဖြစ်ပါတယ်။အဝလွန်ရောဂါ ဘာကြောင့်ဖြစ်ရပါသလဲ . . .          အကြောင်းတွေကတော့ အများကြီးပါ။ တစ်ခုတည်းကြောင့်လည်း မဟုတ်ပါဘူး။ အများစုကတော့ အစားသောက်၊ အနေအထိုင်ကြောင့်ပေါ့။ လွယ်လင့်တကူစားလို့ရတဲ့ Fast Food တွေကလည်း ပေါ်လာတယ်လေ။ လူတွေရဲ့ နိစ္စဓူဝ လှုပ်ရှားမှုကလည်း နည်းလာကြတယ်။ ခုခေတ်ကလေးတွေဆို ကစားကွင်းထဲမှာ ဆော့ကစားတာထက် ဖုန်း၊ ကွန်ပျူတာနဲ့ပဲ အချိန်ကုန်နေကြတယ်။           မျိုးရိုး Genetic ကိုလည်း မေ့ထားလို့ မရပါဘူး။ သိပ်အရေးကြီးပါတယ်။ အမျိုးသမီးဟော်မုန်းပြောင်းလဲမှုများ၊ အစာအိမ်ရဲ့အင်ဇိုင်းပြောင်းလဲမှုများရဲ့ အရေးပါမှုကိုလည်း တဖြည်းဖြည်းရှာတွေ့လာကြပါပြီ။           ငါးရာခိုင်နှုန်းကတော့ ရှားရှားပါးပါးရောဂါများကြောင့်ဖြစ်ပြီး ကုသလို့ ရကြပါတယ်။ ကုလိုက်ရင်လည်း အချိန်တိုအတွင်း လူကောင်းလိုပဲ မြန်မြန်ဆန်ဆန်ကောင်းပြီး ပြောင်းသွားတာပါပဲ။အဝလွန်ရောဂါကြောင့် နောက်ဆက်တွဲ ဘယ်လို လက္ခဏာတွေ၊ ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲ . . .           ရောဂါတစ်ခုပြီးတစ်ခု စုံလာမယ်လို့ ပြောရင် မမှားပါဘူး။ ဆီးချို၊ သွေးတိုး၊ ကိုလက်စထရော၊ Heart Attack ၊ လေဖြတ်၊ အစာအိမ်အချဉ်တက်၊ ဒူးနာ၊ ခါးနာ၊ ခြေထောက်နာ၊ Osteoarthritis ၊ အရိုးအကြောပြဿနာတွေ တွေ့လာတာပါပဲ။ အသက်ရှူကျပ်တာ၊ ညည တအားဟောက်တာ၊ Obstructive Sleep Apnoea ညဆို အသက်ရှူတွေရပ်၊ ခဏခဏလန့်နိုး၊ နေ့ခင်းအိပ်ငိုက်၊ ယာဉ်တိုက်မှုတွေဖြစ်တာ၊ Gall Stone တွေလည်း ပိုဖြစ်ပါတယ်။           ကြာတော့ ကိုယ့်ကိုယ်ကိုယ်တောင်မသယ်နိုင်၊ ရွှေ့ရခက်၊ ခရီးသွားရခက်၊ ထိုင်ခက်၊ ထခက်၊ လေယာဉ်စီးရင်လည်း အခက်တွေ့၊ ခါးပတ် အပိုတောင်းရတာ မျက်နှာပူနဲ့၊ တချို့လေကြောင်းတွေဆို နှစ်ယောက်စာ တောင်းလိုတောင်း၊ အသက်ရှူမွန်းကျပ်ရုံတင်မက စိတ်မွန်းကျပ်မှုပါ ဖြစ်လာပါတယ်။           ခုပြောတဲ့ ရောဂါတွေအားလုံး သိပြီး ကြားပြီး ဖြစ်မှာပါ။ အဝလွန်ရောဂါကြောင့် ကင်ဆာဖြစ်နှုန်းများတာတော့ လူ သိပ်မသိကြပါဘူး။ Breast ရင်သား၊ အူမကြီး၊ သားအိမ်၊ သားဥအိမ်နဲ့ ဆီးကျိတ်ကင်ဆာများ ဖြစ်ပါတယ်။ အဝလွန်ရောဂါ ဖြစ်နေပြီဆိုတာကို သိတာနဲ့ တစ်ပြိုင်နက်၊ ဘယ်လိုစတင်လုပ်ဆောင်သင့်ပါသလဲ . . .-       ကုသပါ။-       တတ်ကျွမ်းသူနဲ့ ကုသပါ။-       ဘေးပြောနဲ့ မကုပါနဲ့၊ အဝလွန်သံသရာက ထွက်မှာ မဟုတ်ပါဘူး။-       ကောက်ရိုးမီးလိုလည်း မကုပါနဲ့။ခန္ဓာကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်း (ပေါင် ၂၀၀ ဆို ၂၀ ပေါင်၊ ၁၅၀ ဆို ၁၅ ပေါင်ပေါ့) ကျသွားတာ ထူးထူးခြားခြား အကျိုးအမြတ်ကို တွေ့ရမှာပါ။-       နေရတာ၊ လှုပ်ရှားရတာ ပေါ့ပါးလာမယ်။ သွက်လက်လာမယ်။-       ပိုလျှောက်နိုင်မယ်။-       အသက်ရှူ ပိုကောင်းလာမယ်။-       နာတာတွေ လျော့လာမယ်။-       ကြာကြာ ထိုင်နိုင်လာမယ်။-       ခြေထောက်ချိတ်လို့ ရနိုင်မယ်။ -       လေယာဉ်စီးရင် ခါးပတ်အပို မတောင်းရတော့ဘူး။-       ဆီးချိုကျလာမယ်။-       မကောင်းတဲ့ ကိုလက်စထရောတွေ လျော့ကျလာမယ်။ ကောင်းသော ကိုလက်စထရော တက်လာပါမယ်။ -       ဟောက်တာ သက်သာလာမယ်။-        ကလေးရ လွယ်လာတယ်။ ဝိတ်ချရင်းနဲ့ ကလေးရကုန်တာတွေ မကြာခဏ တွေ့ရပါတယ်။ -       အသက် ပိုရှည်ပါမယ်။ ပျောက်ကင်းအောင် ကုသလို့ ရနိုင်ပါသလား . . .           ရနိုင်ပါတယ်။ ကုချင်ဖို့ပဲ လိုတာပါ။ Credit : Eisu


#ရောဂါ
#အရိုး
#ခါးပတ်
#ဆီးချို
#ကြွက်သား

Some text some message..