ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျသွားတဲ့ သူတွေရှိလား
ဆီးမထိန်းနိုင်တာ ဆီးသွားရင်ပူတာဆီးသွားရင် ကျဉ်တာစတဲ ့ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူမရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။
ဘယ်သူကတော ့ဆီးမထိန်းနိုင်ဘဲထွက်ကျတဲ့အဖြစ်ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်းချောင်းဆိုးလိုက်ချိန် အလေးမလိုက်ချိန် အားတစ်ခုခုပြုလိုက်ချိန်မှာဆီးပါထွက်ကျသွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။
ဒီလိုချောင်းဆိုးလိုက်ချိန် အလေးမလိုက်ချိန် အားတစ်ခုခုပြုလိုက်ချိန်မှာဆီးပါထွက်ကျသွားတဲ့အဖြစ်ကိုဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။ `
• နာမည်ထဲမှာ stress ပါတယ်ဆိုပြီးစိတ်ဖိစီးမှုကြောင့် ဒီလိုဆီးမထိန်းနိုင်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာအားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။
• အမျိုးသမီးတွေမှာပိုအဖြစ်များပြီးဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုပါ။
Stress incontinence ရဲ့လက္ခဏာတွေကတော့
• ချောင်းဆိုးနှာချေတဲ့ချိန် ၊ ရယ်လိုက်ချိန် ဆီးထွက်ကျမယ်
• ထိုင်ရာကထလိုက်တဲ့အချိန် ကားထဲကထွက်လိုက်တဲ့အချိန် ဆီးထွက်သွားမယ်
• လေ့ကျင့်ခန်းလုပ်နေချိန် အမျိုးသားနဲ့ အတူနေချိန် တွေမှာဆီးထွက်ကျလာမယ် စတာတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်တင်းနေတဲ့အချိန် ဒါတွေလုပ်ပြီဆိုတာနဲ့ ဆီးထွက်ကျလာမှာ ဖြစ်ပါတယ်။
Stress incontinence ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့
• အမျိုးသမီးတွေမှာဆို – မီးဖွားချိန် တင်ပဆုံပတ်လည်က ကြွက်သားတွေနဲ့ အာရုံကြောတွေထိခိုက်မိတာကနေဆီးမထိန်းနိုင်တဲ့ ပြဿနာဖြစ်တာ။
• အမျိုးသားတွေမှာဆို – ဆီးကျိတ်ကြီးတာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ပြဿနာတွေကိုကုသဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု လုပ်ချိန် ဆီးြ့ပွန်ပတ်လည်ကရှုံ့ကြွက်သားထိခိုက်မိတာကြောင့် Stress incontinence ဖြစ်သွားတတ်ပါတယ်။
Stress incontinence အဖြစ်နိုင်ဆုံးသူတွေကတော့
• အသက်ကြီးတဲ့သူတွေ – အသက်ကြီးလာတဲ့အခါ အားနညး်သွားတဲ့ ကြွက်သားတွေကြောင့် stress incontinence ဖြစ်နိုင်ပါတယ်။
• မီးဖွားထားတဲ့ မိခင်တွေ – ခွဲမွေးတဲ့သူတွေထက်စရာရိုးရိုးမီးဖွားထားတဲ့ မိခင်တွေကပိုပြီးဆီးမထိန်းနိုင်တဲ့ ပြဿနာပိုဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးတဲ့သူတွေထဲကမှ ညှက်ဆွဲမွေးပြီးမီးဖွားထားရတဲ့ အမျိုးသမီးတွေက stress incontinence ပိုဖြစ်နိုင်ပါတယ်။
• အဝလွန်တဲ့အမျိုးသမီးတွေ – အဝလွန်တဲ့အခါ ဗိုက်နဲ့ တင်ပဆုံတစ်ဝိုက်က ကြွက်သားတွေအပေါ် အားသက်ရောက်သလိုဖြစ်တာကြောင့် stress incontinence ပိုဖြစ်နိုင်ပါတယ်။
• Previous pelvic surgery – တင်ပဆုံပတ်လည် ခွဲစိတ်မှုလုပ်ထားတဲ့အခါ အထူးသဖြင့် ဆီးကျိတ်ခွဲစိတ်မှု လုပ်တဲ့အချိန်တွေမှာရှုံ့ ကြွက်သားတွေကိုသွားထိခိုက်မိတာကြောင့် stress incontinence ပြဿနာဖြစ်တတ်ပါတယ်။
stress incontinence ဖြစ်ရင် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့
• နေ့စဉ် လှုပ်ရှားမှုလုပ်နေတဲ့ အလုပ်တွေ ပျက်ကွက်သွားမယ်
• ဆီးမထိန်းနိုင်ဖြစ်နေတာကြောင့် လူကြားထဲမတိုးဝံ့ဘူး
• Mixed urinary incontinence တွေဆက်ဖြစ်နိုင်ပါတယ်။ stress incontinence ဖြစ်ပြီဆိုတာနဲ့ နောက်ပိုင်း urge incontinence လို့ခေါ်တဲ့ ဆီးသွားချင်တာနဲ့ ဆီးထွက်ကျတာစတဲ့ ပြဿနာတွေလည်းဆက်ဖြစ်နိုင်ပါသေးတယ်။
• အရေပြားလောက်ခြင်း – ဆီးဆိုတာအက်ဆစ်ဓာတ်များတဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ဆီးမထိန်းနိုင်တဲ့အခါ အရေပြားနဲ့ ဆီးတစ်ချိန်လုံးထိနေတတ်ပြီးဆီးလောင်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ် ။
ကုသမှု
ကုသမှု အနေနဲ့ကတော့ ဒီ stress incontinence ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုအရင်းတည်ကုသတာနဲ့ ကိုယ့်ရဲ့လူနေမှုပုံစံလေးကိုလိုက်ပြောင်းပေးရမှာဆိုပြီး ၂ မျိုးရှိပါတယ်။
• Pelvic floor muscle exercises – Kegel exercises လို့လည်းခေါ်ကြတဲ့ pelvic floor muscles တင်ပဆုံအရိုးကြွင်း ကြွက်သားတွေကိုအားကောင်းအောင် ပြန်လုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းအတွက်ကတော့ ကျွမ်းကျင်ဆရာဝန်တွေသင်ပြတဲ့အတိုင်းလိုက်လုပ်ရမှာ ဖြစ်ပါတယ်။
• ကိုယ်သောက်တဲ့ ရေ၊ အရည်ပမာဏကိုတွက်ချက်ပါ။ နေ့နဲ့ညဘက် ဘယ်အချိန်မှာတော့ ရေပမာဏဘယ်လောက်သောက်လို့ရလဲဆိုတာဆရာဝန်ကိုသေချာမေးပြီးဆရာဝန် ညွန်ကြားတဲ့အတိုင်းသောက်ပါ။ အရည်တွေထဲမှာဆိုကော်ဖီနဲ့ အရက်ကိုတော့ ရှောင်ရပါမယ်။
• ဆေးလိပ်ဖြတ်ပါ၊ ကိုယ်အလေးချိန်တက်နေရင် ဝိတ်ကျအောင်လုပ်ပါ။ ချောင်းဆိုးနေတဲ့ ပြဿနာကိုသေချာအမြစ်ပြတ်အောင်ကုသပါ။
• ဆီးအိမ်ကိုလေ့ကျင့်ပေးပါ။ stress incontinence အပြင် urge incontinence ပါတွဲနေတဲ့ ပြဿနာတွေမှာဆိုဆီးသွားချင်တိုင်းမသွားဘဲခဏလောက်ချုပ်ထားတာမျိုးလေးတွေ ကျင့်ကျင့်ပေးရပါမယ်။