ဆောင်းရာသီမှာ ရေအေးနဲ့ရေချိုးခြင်းက ရရှိနိုင်မယ့်ကောင်းကျိုးများ
shweinnlay.com
|
2019-10-05



ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့် ဆောင်းရာသီမှာ ရေအေးနဲ့ ရေချိုးဖို့ကို တွေးတောင်မတွးဝံ့ကြပါဘူး။ ဒါပေမယ့် ဆောင်းရာသီမှာ ရေနွေးနဲ့ ချိုးတာထက်စာရင် ရေအေးနဲ့ ရေချိုးတာက ကျန်းမာရေးအတွက် ပိုပြီးကောင်းကျိုးပြုတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီမှာ ရေအေးနဲ့ ရေချိုးခြင်းက ရရှိနိုင်မယ့် ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။


(၁) သွေးပူလာစေပါတယ်

သွေးအေးနေတဲ့အတွက် ခန္ဓာကိုယ်က နိုးနိုးကြားကြား တက်တက်ကြွကြွဖြစ်မနေဘဲ ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ရေအေးနဲ့ ရေချိုးပေးမယ်ဆိုရင် သွေးပူလာစေပြီးတော့ လန်းဆန်းတက်ကြွလာစေပါတယ်။


(၂) အသားအရေစိုပြည်စေပါတယ်

ဆောင်းရာသီကို ကြိုက်နှစ်သက်ပေမယ့် အသားအရေ ခြောက်သွေ့ကွဲအက်တဲ့ ဒဏ်ကိုတော့ ဘယ်သူမှ မခံစားချင်ကြပါဘူး။ ရေနွေးနဲ့ ရေချိုးတာက အသားအရေ ခြောက်သွေ့မှုကို ပိုမို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ရေအေးနဲ့ ရေးချိုးက အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။


(၃) သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်

ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်တွင်းက သွေးကြောများကို နိုးနိုးကြားကြား ဖြစ်စေတဲ့အတွက် သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ ဒါ့အပြင် ရောဂါဝင်ရောက်မှု ဒဏ်ကိုလည်း ခုခံနိုင်တာကို တွေ့ရပါတယ်။


(၄) ကြွက်သားများနာကျင်မှုကိုလျော့ပါးစေပါတယ်

ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ကြွက်သားများ နာကျင်ခြင်းအတွက် ရေအေးနဲ့ရေချိုးခြင်းက ကုသနည်းတစ်မျိုးပါပဲ။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အခါတိုင်း ရေအေးနဲ့ ရေချိုးပေးမယ်ဆိုရင် ညောင်းညာကိုက်ခဲတဲ့ဝေဒနာကို လျော့ပါးသက်သာစေပါတယ်။


(၅) ဝိတ်ကျစေတယ်

ဆောင်းရာသီမနက်ခင်းမှာ ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ အဆီပိုများကို လောင်ကျွမ်းစေတယ်လို့ သုတေသီများက ဆိုပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေတဲ့သူတွေအနေနဲ့ ရေအေးနဲ့ ရေချိုးတာက အသင့်တော်ဆုံးပါပဲ။


(၆) စိတ်ဖိစီးမှုလျော့ကျစေတယ်

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ရေအေးနဲ့ ရေချိုးလိုက်ပါ။ ရေရဲ့ အေးမြတဲ့ ခံစားမှုက ဦးနှောက်လုပ်ဆောင်ချက်များနဲ့ နာ့ဗ်ကြောများကို လှုံ့ဆော်ပေးလိုက်တဲ့အတွက် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။


(၇) ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပါတယ်

ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အပူကန်ခြင်းနဲ့ ဝမ်းချုပ်ခြင်း စတာတွေက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ နေတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ရေအေးနဲ့ ရေချိုးမယ်ဆိုရင် ကိုယ်တွင်း အဆိပ်အတောက်များကို လောင်ကျွမ်းစေနိုင်ပါတယ်။

အထူးသတိပြုရမှာကတော့ အရမ်းအေးလွန်းတဲ့နေ့တွေမှာ ရေအေးနဲ့ရေချိုးခြင်း၊ သက်ကြီးရွယ်အိုများ၊ နှလုံးရောဂါရှိသူများအနေနဲ့တော့ ရေအေးနဲ့ ရေချိုးခြင်းကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။


နန်း(ရွှေအင်းလေး)


#ရေအေး
#ဆောင်းရာသီ
#ကိုယ်တွင်း
#ခန္ဓာ
#စိတ်ဖိစီးမှု

Some text some message..