ကိုယ်ဝန်ဆောင်မေမေတစ်ယောက် လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ
hellosayarwon.com
|
2019-10-08

ဘေဘီလေး တစ်ယောက်ကို လူ့လောကထဲရောက်မလာခင်ကတည်းက ဝမ်းနဲ့လွယ်ပြီးအရိပ်တကြည့်ကြည့်စောင့်ကြည့်ခဲ့ကြသူတွေက

မေမေတွေ ပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးမွေးဖွားလာစေဖို့က ကိုယ်ဝန်စရှိချိန်မှာကတည်းက မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ လိုအပ်တဲ့

ကျန်းမာရေးစောင့်ရှောက် စစ်ဆေးမှုတွေက မေမေတို့က သေချာလေးလုပ်ဆောင်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့

ကိုယ်ဝန်ဆောင်မေမေ တိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုလေးတွေအကြောင်း ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်မေမေတိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေများလဲ.......
ကိုယ်ဝန်ရှိပြီလို့စသိပြီဆိုတာနဲ့

သားဖွားမီးယပ်ဆရာဝန် နဲ့သွားရောက်ပြသရပါမယ်။ ကိုယ်ဝန်ကာလအပိုင်းအခြားကို ပထမ ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၁ ပတ်က နေ ၁၂ ပတ်အထိ)၊ ဒုတိယ ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ် ကနေ ၂၆ ပတ်အထိ) နဲ့ တတိယ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်ကနေ မွေးဖွားတဲ့အချိန်အထိ) ရယ်ဆိုပြီး ခွဲခြားထားပါတယ်။ ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကာလအပိုင်းအခြားအလိုက် အပတ်တိုင်းအလိုက်မှာ စစ်ဆေးရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကလည်း မနည်းပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးခန်းပြရမယ့်အချိန်ဇယား

ကိုယ်ဝန်ဆောင်ကာလ ၄ ပတ် ကနေ ၂၈ ပတ်အတွင်းမှာ ဆေးခန်းကို တစ်လတစ်ကြိမ်ပုံမှန်သွားရပါမယ်။
ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်ကနေ ၃၆ ပတ်ကာလအတွင်းမှာတော့ ဆေးခန်းကို ၁ လ ၂ကြိမ်ပုံမှန်သွားရပါမယ်။
ကိုယ်ဝန်ဆောင်ကာလ ၃၆ ပတ်နောက်ပိုင်းမှာတော့ အပတ်စဉ် တစ်ပတ်တစ်ကြိမ်ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံရပါမယ်။

ဆရာဝန်နဲ့ ပထမဆုံးသွားတွေ့တဲ့အခါ ဘာတွေစစ်ကြမလဲ.....
ပထမဆုံး ဆေးခန်းသွားတဲ့အချိန်မှာ အရင်ဆုံး ဆရာဝန်က

သွေးစစ် ခိုင်းပါလိမ့်မယ်။ ပြီးရင်တော့ မွေးဖွားမယ့်ရက်ကို တွက်ပေးပါလိမ့်မယ်။ ပြီးရင်တော့ ရင်သားကိုစစ်ဆေးပေးပါမယ်။

သားအိမ်အနေအထား ကို စစ်ပါမယ်။

သားအိမ်ခေါင်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးပါလိမ့်မယ်။

သွေးပေါင်ချိန် တိုင်းမယ်
ကိုယ်အလေးချိန်တိုင်းမယ် ဘေဘီလေးရဲ့

နှလုံးခုန်နှုန် းစစ်မယ်

ကလေးရဲ့ကြီးထွားမှု ကို စစ်ဆေးဖို့ ဗိုက်ကို တိုင်းပါမယ်။ ဒါတွေစစ်ဆေးပြီးရင်တော့ ပုံမှန် လာရောက်ဆွေးနွေးရမယ့် ရက်တွေကိုပြောပြပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ဆီးချို ရှိ/ မရှိ ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်မှာ ဆီးစစ်ပြီး သွေးချို နဲ့

ပရိုတင်း ပမာဏကိုစစ်ဆေးပါလိမ့်မယ်။ များသောအားဖြင့်ကတော့
ပထမကလေးက မွေးဖွားချိန်က ကိုယ်အလေးချိန် ၉ ပေါင်ကျော်နေမယ်
ဆီးချိုရောဂါရှိတဲ့ မျိုးရိုးရှိမယ်

အဝလွန်နေမယ် ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေများတာကြောင့်သေချာစစ်ဆေးဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်မေမေတိုင်း မဖြစ်မနေလုပ်ရမယ့် ကျန်းမာရေးစစ်ဆေးမှု ကလေးမှာ

မွေးရာပါရောဂါ ပါလာနိုင်လားဆိုတာကို သိဖို့ မိဘနှစ်ယောက်ရဲ့ သွေးအမျိုးအစားကို စစ်ရပါမယ်။ (ကိုယ်ဝန်မဆောင်ခင်ကတည်းကစစ်ထားလို့လည်းရပါတယ်) (ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်အတွင်း) မိခင်သွေး

Rh အမျိုးအစား ကို စစ်ပါမယ် (ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်အတွင်း)
သန္ဓေသား အနေအထားမှန်/မမှန် အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၆ ပတ် ကနေ ၁၂ ပတ်)
မွေးရာပါရောဂါ ပါလားနိုင်လားဆိုတာကိုသိရဖို့ သန္ဓေသားရဲ့ ခရိုမိုဆုမ်းစစ်ပါမယ် (ကိုယ်ဝန်ဆောင်ကာလ ၁၀ ပတ် ကနေ ၁၂ ပတ်အတွင်း) ဘေဘီလေးမှာ

Down Sydrome ပါလားနိုင်လားဆိုတာကို သိဖို့ သွေးစစ်မယ် (ကိုယ်ဝန်ဆောင် ၁၁ ပတ် ကနေ ၁၆ ပတ်အတွင်း)
ကလေးကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကို သိရှိဖို့ နဲ့ မွေးရာချို့ယွင်းချက်တစ်ခုခုပါလားနိုင်လားဆိုတာကို သိရဖို့ အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ် ကနေ ၁၇ ပတ်အတွင်း) ဘေဘီလေး

ဦးနှောက် နဲ့ အာရုံကြော ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာ နဲ့

အချင် းအနေအထားမှန်ရဲ့လားဆိုတာကို အာထရာဆောင်းရိုက်ပြီး စစ်ဆေးမယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ် ကနေ အပတ် ၂၀ အတွင်း)
ဘေဘီလေးမှာ မွေးရာပါရောဂါတစ်ခုခုပါလားနိုင်လားဆိုတာကို ရေမြွှာရည် စစ်မယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ်နောက်ပိုင်း) ကလေးအနေအထားမှန်/မမှန် နဲ့ ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကို

အာထရာဆောင်း ရိုက်မယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၉ ပတ်  ကနေ ၂၅ ပတ်)
မေမေရော ဘေဘီလေးပါကျန်းမာရဲ့လားဆိုတာကို စစ်ဆေးမှုလုပ်မယ် (ကိုယ်ဝန်ဆောင် ကာလ ၃၇ ပတ်နောက်ပိုင်း)
သွေးအားနည်းရောဂါရှိနေလား၊ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေလားဆိုတာကို သွေးစစ်မယ် (ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ ၂၈ ပတ်အတွင်း) သန္ဓေသားအနေအထား နဲ့

သန္ဓေသား ပုံမှန်ကြီးထွားရဲ့လားဆိုတာကို သိနိုင်ဖို့ အာထရာဆောင်းရိုက်မယ် ( ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်နောက်ပိုင်း) ဒါတွေအပြင် လိုအပ်တဲ့

ကာကွယ်ဆေးတွေ ကို ကြိုတင်ထိုလို့ မွေးလာမယ့် ဘေဘီလေးရဲ့ကျန်းမာရေးကိုရော မေမေကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်လိုက်ရအောင်လား ဖေဖေမေမေတို့ရေ..............

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ကိုယ်ဝန်ဆောင်
#မေမေ
#ကာလ
#စစ်ဆေးမှု
#သန္ဓေသား

Some text some message..