ခဝဲသီးချိုချိုလေးက ပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး
hellosayarwon.com
|
2019-10-12


အရည်သောက်လေးချက်ချက်၊ ပုစွန်လေးနဲ့နှပ်နှပ် စားရတာအရသာရှိပြီး ကလေးကနေစလို့ လူကြီးထိကြိုက်တဲ့ အရသာချိုချိုလေးရှိတဲ့ ခဝဲသီးလေးကို helloဆရာဝန် ပရိသတ်ကြီးရော ကြိုက်လား။ ကြိုက်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးထူးလေးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးကို ဖတ်ကြည့်နော်။

ခဝဲသီး ဆိုတာ
အစိမ်းရောင်အခွံလေးရှိပြီး စောင်းလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အခွံကိုနွှာလိုက်တဲ့အခါ အတွင်းက အဖြူရောင်အသားခပ်ပွပွလေးကို ပါးပါးလေးလှီးလို့ ပုစွန်စိမ်း၊ ပုစွန်ခြောက်တို့နဲ့ အရည်သောက်လေးချက်စားလို့ရပါတယ်။ အရသာက ခပ်ချိုချိုလေးရှိပြီး စားရတာတော်တော်လေး အရသာရှိတာပါ။ အရန်ဟင်းအဖြစ်စားလို့ရပါတယ်။

ခဝဲသီးမှာပါတဲ့ အာဟာရဓာတ်တွေ
စားလို့ကောင်းတဲ့ ခဝဲသီးမှာ ဒီဓာတ်လေးတွေပါတယ်နော်။

ကယ်လ်လိုရီ
ဖောလိတ်
ကယ်လ်ရိုတင်း
လူတင်

ဗီတာမင် A
ဗီတာမင် B
ဗီတာမင် C

ကယ်လ်ဆီယမ်
ဇင့်
ပိုတက်ဆီယမ်
မဂ္ဂနိ
မဂ္ဂနီဆီယမ်

သံဓာတ် အမျှင်ဓာတ် ရေဓာတ် တို့ ပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲ.................
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပြီး

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ ခဝဲသီးလေးက စားလိုက်ရင် အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။

ခဝဲသီးကို မကြာခဏစားပေးတာကခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသည်းကျန်းမာရေးကိုကောင်းစေပါတယ်။ အယ်လ်ကိုဟောကြောင့်

အသည်းထိခိုက်တာ ကို လျှော့ချပေးနိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝမှုက

အစာခြေစနစ် ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်မှုကင်းဝေးစေပြီး

အစာအိမ် ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အသားဝါတာ ကို သက်သာစေနိုင်တယ် ခဝဲသီးက အသားဝါတာကို သက်သာစေနိုင်တာကြောင့် အသားဝါရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။

ဆီးချိုသမားတွေ အတွက် သင့်တော်တယ် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေပါတယ်။ အချိုဓာတ်လေးရှိပေမယ့်

သွေးတွင်းသကြားဓာတ် အပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။

ကိုယ်အလေးချိန် ကျစေနိုင်တယ် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး အဆီပါဝင်မှုနည်းတာကြောင့် ကိုလက်စထရောစားမိနိင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဝိတ်ကျစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် ဝိတ်ကျချင်တဲ့သူတွေစားသုံးဖို့ သင့်တော်ပါတယ်။

ကိုယ်ခံအာ းကောင်းစေနိုင်တယ် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဖျားနာမှုကိုကင်းစေတယ်။ ဒါကြောင့်

ဖျားနာမှု ကင်းစေပြီး ရောဂါပိုးတွေကနေကာကွယ်ချင်တယ်ဆိုရင်တော့ခဝဲသီးစားပေးပါ။

အသားအရေ ကျန်းမာစေနိုင်တယ်

ဆဲလ်သေတွေ ကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ သွေးသန့်စေတာကြောင့်

ဝက်ခြံတွေ ကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါတွေအပြင်အစာအိမ်ကိုကျန်းမာစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်စေနိုင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ ခဝဲသီးဟင်းလေးစားပြီး အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

Hello Health Group  သည်  ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ခဝဲ
#ဓာတ်
#ဗီတာမင်
#သီး
#အမျှင်

Some text some message..