ဘီပိုးရှိရင် ကုလို့မရဘူးဆိုတဲ့ အယူအဆအမှားများ
healthcare.com.mm
|
2019-10-14


ဘီပိုးရှိရင် တချို့က ကုစရာမရှိဘူး၊ ကုလို့မရတော့ဘူးဆိုပြီး ပြောကြပါတယ်။ “ ဘီပိုးရှိရင် တသက်လုံး ကုမရတော့ဘူးလို့ အရပ်ထဲမှ ပြောကြတယ်ဆရာ၊ ကျွန်တော်ဘယ်တော့ သေမှာလဲပြောပါ ” ဒီလို လာမေးကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ အခုခေတ်မှာ ဘီပိုးကို လုံးဝပျောက်အောင် ကုသလို့ ရပါတယ်။ ဘီပိုးကို လုံးဝပျောက်အောင်သေစေတဲ့ ကုတဲ့ဆေးတွေ အများကြီးပေါ်နေပြီဆိုတာကို ထပ်တလဲလဲ ပြောလိုက်ချင်ပါတယ်။ ဘီပိုးရှိတဲ့လူတိုင်းလည်း ဒီလိုဘီပိုးပျောက်တဲ့ဆေးတွေကို တခါထဲစားလို့၊ ထိုးလို့မရပါဘူး။ ထပ်ပြောရဦးမယ်၊ ဘီပိုးရှိပြီဆိုတာနဲ့ အဲဒီလို ဘီပိုးသေဆေးတွေကို စားဖို့ဆိုတဲ့ အခုခေတ်ပေါ်နည်း စနစ်သစ် စမ်းသပ်မှု qHBsAg ဆိုတာကို စစ်ရပါမယ်။ qHBsAg ဘီပိုးပျောက်နှုန်းဟာ ၁၅၀၀ အောက်ဆိုရင် ဘီပိုးပျောက်ဖို့လွယ်မှာပါ။ ဘီပိုးသေဆေးထိုးဆေးစနစ်တကျစားဆေးနဲ့ ကုသလိုက်မယ်ဆိုရင် ဘီပိုးလုံးဝပျောက်သွားမှာပါ။ ဒါကြောင့် ဘီပိုးပျောက်အောင် ကုမယ်ဆိုရင် ဘီပိုးရှိတယ်ဆိုတာနဲ့ ဘီပိုးပျောက်နိုင် မပျောက်နိုင် ဆိုတာကို ပထမဆုံးခွဲခြားရပါမယ်။ အဲဒီ ဘီပိုးပျောက်နှုန်းနှင့် ဘီပိုးအကောင် အရေအတွက်ဆိုတာကို စစ်ဆေးပြီး အဲဒီအဖြေတစ်ခုကို တွဲကြည့်ရမှာပါ။ ဘီပိုးကောင်ရေက သိပ်များနေတယ်ဆိုရင် ပထမဆုံး ဘီပိုးသေဆေး TENOFOVIR တီနိုဖိုဗီယာနဲ့ ကုရပါမယ်။ အဲဒီဘီပိုးသေဆေးကို (၃) လသောက်လိုက်ရင် ဘီပိုးတွေဟာ တကောင်မှမရှိဘဲ ပျောက်သွားနိုင်မှာပါ။ အဲဒီအချိန်မှာ qHBsAg ပျောက်နှုန်းကို စစ်လိုက်ပြီး ၁၅၀၀ အောက်ဆိုရင် ဘီပိုးသေဆေး ပီဂေးဆစ် ၁ ပတ်ကို ၁လုံး(၄၈)လုံး ထိုးလိုက်ရင် ဘီပိုးဆိုတာ လုံးဝပျောက်သွားမှာ။ အခုအချိန်မှာ လူနာအတွက် အထူးကောင်းတဲ့အချက်တစ်ခုကတော့ Roche ကုမ္ပဏီကနေပြီး မြန်မာနိုင်ငံက ဘီပိုးရောဂါသည်ကို ဘီပိုးသေဆေး ပီဂေးဆစ် တစ်နှစ်စာ(၄၈)လုံးထိုး ကုသမယ်ဆိုရင် ကုမ္ပဏီက (၂၄) လုံး (တဝက်) အခမဲ့ ထောက်ပံ့နေပါတယ်။ တကယ့်ကို ကောင်းတဲ့အခွင့်အရေး တစ်ခုပါ။ အခုပြောခဲ့တဲ့ ဘီပိုးပျောက်အောင်ကုတဲ့ နည်းစနစ်နှင့်ကုပြီး ဘီပိုးလုံးဝ ပျောက်သွားတဲ့ သူတွေရှိနေပါပြီ၊ သေချာကိုစနစ်တကျမှတ်တမ်းတင်ထားတယ်ဆိုတာကို ပြောပြလိုက်ချင်ပါတယ်။ ဘီပိုးဘယ်တော့ ပျောက်မှာလဲဆိုရင် qHBsAg ကိုစစ်တဲ့ခေတ်မီစက်သစ်ကြီး လမ်း (၃၀) ဆေးခန်းမှာရှိနေပါပြီ။ ဘီပိုးရှိတဲ့လူရဲ့သွေးကို ဒီစက်နဲ့စစ်ပြီး ပိုးအကောင် အရေအတွက်ကိုလည်း စစ်ကြည့်လိုက်ပါ။ ဘီပိုးသေဆေး ထိုးပေးလို့ရဆိုရင် ထိုးပေးလိုက်ပါ။ ဒါကြောင့် ဘီပိုးရှိရင် ကုစရာမလိုဘူးဆိုတာ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်ပါတယ်လို့ ပြောလိုက်ချင်ပါတယ်။ Credit : ပါမောက္ခခင်မောင်ဝင်း (အသည်း) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။    


#ဘီ
#ပိုး
#ဆေး
#ဂေး
#ဆစ်

Some text some message..