
မုန်လာဥနီဖျော်ရည်မှာ သင်မှန်းတောင်မမှန်းထားတဲ့ ကောင်းကျိုးတွေ များစွာရှိတယ်ဆိုတာ သိပါသလား???
သို့သော်လည်း မုန်လာဥနီဖျော်ရည်ကို ကြိုက်ကြတဲ့ လူဦးရေ ရာခိုင်နှုန်းက နည်းမယ်ထင်ပါတယ်။ အများစုကတော့ သူ့ရဲ့ စိမ်းရွှင်ရွှင်အန့ံ့ကြောင့် သိပ်ပြီး ဖျော်ရည်တစ်ခုအဖြစ် သိပ်ပြီး သောက်လေ့သောက်ထ မရှိကြပါဘူး။ အကယ်၍
အောက်ပါကောင်းကျိုးတွေရှိမှန်းသာ သိမယ်ဆိုရင် သင့်ရဲ့အတွေးတွေက ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။
၁။ မျက်စိအားကောင်းခြင်း
ဒီအချက်ကတော့ အထူးတလည်ပြောစရာမလိုလောက်အောင် အားလုံးသိရှိပြီး ဖြစ်မယ်ထင်ပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေက သင့်ရဲ့ မျက်လုံးကျန်းမာရေးကို အပြည့်အဝ တာဝန်ယူပေးနိုင်ပါတယ်။
၂။ အိုမင်းရင့်ရော်မှုမှကာကွယ်ခြင်း
တနည်းပြောရရင်တော့ မုန်လာဥနီဖျော်ရည်ကို မှန်မှန်သောက်သုံးပေးမယ်ဆိုရင် သင့်ကို အရွယ်တင်နုပျိုစေပါတယ်။ ရွယ်တူချင်းတောင် မုန်လာဥနီဖျော်ရည် မှန်မှန်သောက်တဲ့သူက ပိုပြီး နုလို့လှပကျန်းမာပါတယ်တဲ့။
၃။ အသားအရေကောင်းခြင်း
အသားအရေကောင်းစေတဲ့ အသီးအနှံတွေထဲမှာလည်း မုန်လာဥနီကလည်း မပါမဖြစ်ပဲလေ။ ကိုယ့်ရဲ့ အသားအရေကို ကြည်လင်ပြီး ဖြူဝင်းစေချင်ရင်တော့ မုန်လာဥနီဖျော်ရည်ကို နေ့တိုက်သောက်ပေးပါ။ တကယ်ကို ကြည်လင်ဝင်းပတဲ့
အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
၄။နှလုံးရောဂါ နှင့်ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း
ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိတဲ့ မုန်လာဥနီဟာ သင့်ရဲ့နှလုံးကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုပေးပါတယ်။ နှလုံးမကောင်းတဲ့ သူတွေဆိုလျှင် မုန်လာဥနီကို များများစားပေးသင့်ပါတယ်။ ဖျော်ရည်လိုလည်း
သောက်ပေးတာ အထူးအကျိုးများပါတယ်။ နှလုံးရောဂါတင်သာမက ကင်ဆာရောဂါများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
၅။ သွားများကိုခိုင်မာစေခြင်း
အချိန်မတိုင်ခင် သွားများ ကျိုးပဲ့ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သွားကျန်းမာရေးအတွက်လည်း အထောက်အကူပေးတဲ့ မုန်လာဥနီဖျော်ရည်ပါ။
၆။ အဆိပ်အတောက်များဖယ်ရှားပေးခြင်း
မုန်လာဥနီဖျော်ရည်ဟာ သင့်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှင်းပေးပါတယ်။ Detox Water သောက်သလိုပဲပေါ့။ အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်လို့ အလှအပအတွက် ဂရုစိုက်သူတွေ မရှိမဖြစ် သောက်ပေးသင့်တဲ့
ဖျော်ရည်တစ်ခုပါ။
မှတ်ချက်။ မုန်လာဥနီကို ဆေးလို၊ ဖျော်ရည်လို နေ့စဉ်သောက်မယ်ဆိုလျှင် အချိုမကဲမိစေဖို့တော့ ဂရုစိုက်ပေးပါ။
CHAN (ရွှေအင်းလေး)