မိန်းမကိုယ်ယားယံခြင်းက တော်တော်ခံရခက်ပြီး ဆိုးရွားတဲ့ အရာတစ်ခုပါပဲ ။ ဒီလို ယားယံခြင်းကြောင့် အဆင်မပြေ ဖြစ်မှုတွေ များစွာ ကြုံတွေ့ရပါတယ် ။ မိန်းမကိုယ် ယားယံခြင်းဟာ ရောဂါ မဟုတ်သော်လည်း အခြားရောဂါတစ်ခုခု၏ လက္ခဏာတစ်ခုတော့ ဖြစ်နေနိုင်ပါတယ် ။ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းတွေကတော့
၁ ။ ဘတ်တီးရီးများပေါက်ဖွားခြင်း
၂။ အဖြူစွဲခြင်း
၃။ ဆီးခုံမွှေးရိတ်ထားခြင်း
၄။ ပွေး ၊ ဝဲ ပေါက်ခြင်း
၅။ အမွှေးအမျှင်တွင်မှိုစွဲခြင်း
၆။လိင်ဆက်ဆံရာမှတဆင့်ပိုးဝင်ခြင်း
၇။မှိုစွဲခြင်း
၈။ အမျိုးသမီးအင်္ဂါတွင် ကြွက်နို့ပေါက်ခြင်း
၉။ ဆီးချောင်း(ကျင်ချောင်း) ရောင်ခြင်း
၁၀ ။Psoriasis အရေပြားရောဂါ
၁၁။ လိင်အင်္ဂါ ကင်ဆာ
၁၂။ သားအိမ်ကင်ဆာ
၁၃။ ယောနိယောင်ခြင်း စတဲ့ အကြောင်းအရာ အမျိုးမျိုးကြောင့် ဖြစ်ပါတယ် ။
ဒီလို မိန်းမကိုယ်ယားယံတာမျိုးက မကြာခဏ ဖြစ်လေ့ရှိလို့ မိမိကိုယ်တိုင် အိမ်မှာ ကုသနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ် ။ အလွန်အကျွံယားယံပြီး မသက်သာဘူးဆိုလျှင်တော့ နီးစပ်ရာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ ဆွေးနွေးကုသမှုကို ခံယူပါ ။
သဘာဝအတိုင်း ကုသနိုင်သော နည်းလမ်းများ
၁။ပန်းသီးရှာလကာရည်
ရေနွေးနွေး နှစ်ခွက်ထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းထည့်ကာ မွှေပါ ။ မွှေပြီးလျှင် မိန်းမကိုယ်ကို ထိုရေဖြင့် ဆေးကြောပေးပါ ။ ဆေးပြီးလျှင် သူ့ဘာသူ ခြောက်သွေ့သွားအောင် ထားပါ ။ ဒီနည်းလမ်းကို တစ်နေ့ ၃ကြိမ်ပြုလုပ်ခြင်းဖြင့် သက်သာလာပါလိမ့်မယ် ။
ရေချိုးကန်ဖြင့် ချိုးလေ့ရှိသူများကတော့ ချိုးမယ့်ရေထဲသို့ ပန်းသီးရှာလကာရည် ၂ခွက်ထည့်ပြီး ရေစိမ်ချိုးပေးခြင်းကလည်း မိန်းမကိုယ် ယားယံခြင်းကို သက်သာစေပါတယ် ။
၂။ဆားရေ
ယားယံလာတဲ့အခါတိုင်း ရေတစ်ခွက်ထဲသို့ ဆား လက်ဖက်ရည်၁ဇွန်းထည့်ပြီး ပျော်သွားအောင် မွှေကာ အမျိုးသမီးအင်္ဂါသို့ ဆေးကြောပြီး ပိုးသတ်နိုင်ပါတယ် ။
၃။အရောအနှောမပါသော ဒိန်ချဉ်
ဒိန်ချဉ်က ကျန်းမာရေးအတွက်သာမက အမျိုးသမီး အင်္ဂါ သန့်ရှင်းကျန်းမာမှုအတွက်ပါ အရမ်းကောင်းပါတယ်။ မိန်းမကိုယ် ယားယံတဲ့အခါ ဒိန်ချဉ်သီးသန့်ကို ဂွမ်းဖြင့်တို့ပြီး အင်္ဂါတဝိုက် သုတ်လိမ်းပေးပါ ။ ဒီလိုလုပ်ခြင်းက ယားယံခြင်းကို ချက်ချင်းဆိုသလို သက်သာသွားစေပြီး အရေပြားကိုလည်း နူးညံ့စိုပြေစေမှာပါ ။ မိနစ်အနည်းငယ်ကြာသွားလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကို ယားယံမှု ခံစားရတိုင်း ပြုလုပ်ပေးနိုင်ပါတယ် ။
၄။ပျားရည်
ပျားရည်မှာ သဘာဝအတိုင်း ပိုးသေစေတဲ့ အစွမ်းသတ္တိများစွာ ပါဝင်ပြီး မိန်းမကိုယ် မှိုစွဲခြင်းများကိုလည်း သက်သာစေနိုင်ပါတယ် ။ ပျားရည်ကို ဂွမ်းဖြင့်တို့ပြီး မိန်းမကိုယ်တဝိုက် သုတ်လိမ်းကာ နာရီဝက်ခန့် ထားပါ ။ ပြီးနောက် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးလိုက်ပါ ။ ဒီနည်လမ်းကိုတော့ တစ်နေ့လျှင် ၂ကြိမ် ပြုလုပ်ပေးနိုင်ပါတယ် ။
ဒါ့အပြင် ရေနွေးဖြူထဲသို့ ပျားရည် ၂ဇွန်းထည့်ကာ နေ့စဉ်သောက်ပေးခြင်းဖြင့်လည်း ယားယံခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ် ။
CHAN (ရွှေအင်းလေး)