ထန်းသီးနုနုလေးစားပေးသင့်တဲ့အကြောင်းအရင်း
hellosayarwon.com
|
2019-10-19

ထန်းသီး နုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးပေါ့။နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကို

ပင်ပွ ားလေးနဲ့ရောလို့ နို့စိမ်းလေး၊ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မငလည်းရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်းကျောက်ကျောထိုးစားလို့ရပါသေးတယ်နော်။ ဒီလိုအမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်လား။ နိုးပါ။ ကျန်းမာရေးအတွက်လည်းကောင်းစေပါသေးတယ်နော်။

ထန်းသီးအကြောင်း သိပြီးပြီလား
အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီးတစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်၊လို့ပြောတာကိုကြားဖူးကြလား။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရတယ်။ ထန်းသီးအဆံကစားလို့ရတယ်။ ထန်းသီးမှည့်သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့

ထန်းလျက် ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပါပဲ။ ကဲ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲနော်။ ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးပါ။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေပေါ့။ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါတယ်။ အသီးရဲ့ လုံးပတ်က ၄ လက်မကနေ ၇ လက်မလောက်ရှိတတ်ပါတယ်။ ထန်းသီးဆံလေးရဲ့ အခွံက အဝါရောင်လိုလိုလေးသန်းနေတတ်ပြီး အတွင်းကအဆံက အဖြူရောင်လေးပါ။ နုရင်တော့ ခပ်ကြည်ကြည်လေးပါ။ အရမ်းနုရည် အရည်လည်းရွှမ်းပါသေးတယ်နော်။

ဘယ်လိုအာဟာရဓါတ်တွေပါလဲ
အဆီလုံးဝမပါဝင်ဘဲ

ပရိုတင် းကြွယ်ဝတဲ့ အသ်းတစ်ခုပါ။ ဒါတင်မကပါဘူး။ဖော့စဖရိတ်ဓါတ်လည်းကြွယ်ဝပါသေးတယ်။ ဒီဓါတ်တွေအပြင် ထန်းသီးမှာ

ရေဓါတ်
ကာဗိုဟိုက်ဒရိတ်

ကယ်လ်ဆီယမ်
သိုင်ရာမင်
ရိုင်ဗိုဖလာဗင်
နီကာဆင်
ဗီတာမင် B
ဇင့်

ပိုတက်ဆီယမ်
ဗီတာမင်ဓါတ်တွေပါဝင်နေပါတယ်။ အမျှင်ဓါတ်နဲ့သံဓါတ်တော့ မပါဝင်ပါဘူး။

ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေ
ဆီးချို သမားတွေအတွက် သင့်တော်တယ် - ထန်းသီးမှာ ဗီတာမင် B၊ ဗီတာမင် C၊ သံဓါတ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ဖော့စဖရိတ်၊ သီရာမင်း နဲ့ ရိုင်ဗိုဖလာဗင်တို့အပြင် ခန္ဓါကိုယ်အတွက်အထောက်အကူပြုတဲ့ ဗီတာမင် နဲ့

သတ္တုဓါတ်တွေ ပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။

အရပွေား အတွက်ကောင်းတယ် -နွေရာသီမှာပေါက်တတ်တဲ့ မိတ်တွေ သက်သာစေဖို့လည်း ထန်းသီးကို အသုံးပြုလို့ရပါတယ်။ စားပေးလို့ရသလို မိတ်တွေပေါ်မှာ ထန်းသီးရဲ့ ဂျယ်လီသားကို ကပ်ပေးမယ်ဆိုရင်လည်း မိတ်တွေသက်သာစေမှာ အမှန်ပါ။ မိတ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံမှုကို သက်သာစေမှာ အမှန်ပါ။ ရေကျောက်ပေါက်နေသူတွေအနေနဲ့လည်း ထန်းသီးစားပေးမယ်ဆိုရင်

ရေကျောက်ေ ကြာင့်ဖြစ်တဲ့ အရေပြားယားယံမှုကိုသက်သာစေမှာပါ။ ထန်းသီးရဲ့ အရေပြားအတွက်ပေးတဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့

အနာကျက်မြန်စေ တာပါ။ ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ စားပေးသင့်ပါတယ်နော်။

အစာအိမျဝဒေနာ ကို သက်သာစေနိုင်တယ် - ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို

အစာခြေစနစ်ပြဿနာတွေ ကိုကင်းဝေးစေနိုင်ပါတယ်။ အစာအိမ်အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်ဝေဒနာရှိတယ်ဆိုရင်တောင် ထန်းသီးနုနုလေးစားပေးပါနော်။

ရေဓါတ်ြ ဖည့်ပေးတယ် -

နွေအပူဒဏ်ေ ကြာင့် ခန္ဓါကိုယ်ကရေဓါတ်ကုန်ဆုံးသွားတာတွေကိုပြည်လည်ဖြည့်တင်းပေးဖို့လည်း ထန်းသီးကို စားသုံးပေးလို့ရပါတယ်။ ဆီးသွားရင်နာကျင်တာ၊

ခြေကုန်လက်ပမ်းကျတာေ တွသက်သာစေဖို့အတွက်လည်း ထန်းသီးကိုစားပေးလို့ရပါသေးတယ်နော်။ ထန်းသီးမှာ

ခန္ဓါကိုယ် အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေနဲ့အာဟာရဓါတ်တွေပါဝင်နေပါတယ်။


အာဟာရပြည့်စေတယ် - ထန်းသီးက လူကြီးရော ကလေးပါစားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ အာဟာရမပြည့်တာကို သက်သာစေနိုင်ပါတယ်။ အာဟာရချိုကတဲ့မှုမဖြစ်အောင်ကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။  

နာကျင်ရောင်ရမ်းမှုတွေ ကို သက်သာစေနိုင်တယ် - ထန်းသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ မအီမသာဖြစ်တာ၊

အော့အန်နေတာတွေ ကို သက်သာစေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ သန်ကျစေနိုင်သလို

အသည်းကအဆိပ်အတောက်တွေ ကိုပါဖယ်ရှားပေးပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#ထန်းသီး
#ဓါတ်
#နု
#ထန်းပင်
#အရေပြား

Some text some message..