ခြေထောက်မှာအမာရွတ်ရှိလို့အတိုမဝတ်ရဲတဲ့သူတွေအတွက် အမာရွတ်ပျောက်စေမယ့်နည်းလမ်းကောင်း
mystylemyanmar.com
|
2019-10-19

(Unicode Version)

တချို့ကောင်မလေးတွေက အတိုအပြတ်လေးတွေဝတ်ချင်ပေမယ့် ခြေထောက်မှာ အမာရွတ်တွေရှိတွေရှိနေလို့ မဝတ်ရဲကျဘူး။ တချို့ကျတော့ အမာရွတ်ရှိလို့ စိတ်ညစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတိုင်းကတော့ အမာရွတ်ရှိရင်ပျောက်ချင်တယ်၊ လှချင်တယ်။ ဒါကြောင့် ခြေထောက်မှာရှိနေတဲ့အမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ အခုပြောပြပေးမယ့် (၃) မျိုးလုံးကို အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုတယ်နော်။

သံပရိုသီးက အမာရွတ်တွေပျောက်ဖို့အတွက် အရမ်းအသုံးဝင်တဲ့အသီးတစ်မျိုးပါ။ ဒါကြောင့် သံပရိုသီးကို တစ်ခြမ်းခြမ်းပြီး ခြေထောက်ပေါ်က အမာရွတ်နေရာမှာ ပွတ်ပေးရပါမယ်။ ပွတ်ပြီးရင် သံပရိုသီးအရည်တွေက အမာရွတ်ပေါ်မှာကျန်နေမှာပါ။ ဒါကို ရေမဆေးချပဲ နာရီအတော်ကြာအောင် ထားထားလိုက်ပါ။ ပြီးမှသာ ရေဆေးချလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ်ပဲလုပ်ရမှာပါ။ ပိုမလုပ်ရပါဘူးနော်။

Vitamin E Oil ကို ခြေထောက်ပေါ်က အမာရွတ်နေရာမှာ လိမ်းပြီးအိပ်လို့လည်းရသလို၊ ထိရောက်တဲ့ အမာရွတ်ပျောက်ဆေးတစ်ခုခုကို လိမ်းပြီး အိပ်လို့လည်းရပါတယ်။ ညတိုင်းလိမ်းအိပ်ပေးဖို့တော့လိုပါတယ်။

Exfoliate ဒါမှမဟုတ် Scrub ကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးပါ။ Exfoliate တို့ Scrub တို့လုပ်ပေးတာက အသားလည်းကြည်စေသလို နှစ်ရှည်ကြာနေတဲ့ အမာရွတ်တွေကိုတောင် ပါးသွားစေပါတယ်။ ဒါပေမယ့် အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။ သဘာဝအတိုင်း အမာရွတ်ပျောက်အောင် သက်သာအောင်လုပ်တာဖြစ်တဲ့အတွက် အချိန်တော့ကြာပါလိမ့်မယ်။ ချက်ချင်းပျောက်ချင်ရင်တော့ လေဆာပစ်တာမျိုးပဲ လုပ်လို့ရပါတယ်။

Photo Source: www.wikihow.com

(Zawgyi Version)

The post

ခြေထောက်မှာအမာရွတ်ရှိလို့အတိုမဝတ်ရဲတဲ့သူတွေအတွက် အမာရွတ်ပျောက်စေမယ့်နည်းလမ်းကောင်း appeared first on

MyStyle Myanmar .

#အမာရွတ်
#အမာ
#သံပရို
#ခြေထောက်
#ရှ

Some text some message..