
အသက်ကြီးလာတဲ့အခါ ကြွက်သားတွေအားနည်းပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်တတ်ပါတယ်။ဟိုဟာလေးသယ်ချင်၊ဒီဟာလေး မချင်ပေမဲ့ နည်းနည်းလေးမလိုက်တာနဲ့အရိုးအဆစ်တွေ၊ကြွက်သားတွေနာကျင်လာတဲ့အခါ စိတ်ပင်ပန်းရပါတယ်။ဒါကြောင့် အသက်လေးနည်းနည်းရလာပြီဆိုတာနဲ့ကိုယ့်ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအစာတွေ၊ကျန်းမာရေးကောင်းမွန်စေမယ့်အစားအစာတွေကိုရွေးချယ်စားသောက်ဖို့လိုလာပါပြီ။ဒီတော့ အရိုးအဆစ်ကြံ့ခိုင်သန်စွမ်းဖို့ ၊ကြွက်သားတွေသန်မာဖို့ စားပေးသင့်တဲ့အစားအစာတွေကို ပြောပြပေးလိုက်ပါတယ်။
*ကြက်ဥ

ကြက်ဥက ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာဖြစ်တဲ့အတွက် အရိုးအဆစ်တွေသန်မာဖို့ဆို ကြက်ဥကလည်းအဓိကစားသုံးပေးသင့်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။အရိုးတွေကျန်းမာစေသလို ကြွက်သားအားနည်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
*ဆဲလ်မွန်
ကြွက်သားနဲ့အရိုးတွေကျန်းမာဖို့ ဆဲလ်မွန်ငါးကလည်းတစ်ဖက်တစ်လမ်းက အထောက်အကူပြုနေပါတယ်။ပရိုတိန်းဓာတ်၊ဗီတာမင်ဘီ၊အိုမီဂါသရီးဓာတ်ပါဝင်တဲ့ဆဲလ်မွန်ငါးကို တစ်ပတ်တစ်ကြိမ်လောက်ချက်ပြုတ်စားသုံးပေးသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေဆို ကြွက်သားတွေတိုးအောင်၊ကျစ်လစ်သန်မာအောင်ကူညီပေးနိုင်ပါတယ်။
*ကြက်ရင်ပုံ

ကြက်သားမှာမှ ကြက်ရင်ပုံဟာ ပရိုတိန်းဓာတ်များစွာပါဝင်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ကြက်ရင်ပုံမှာ ဗီတာမင်ဘီဓာတ်တွေလည်းကြွယ်ဝတဲ့အတွက် ကြက်သားကိုလည်း တစ်ပတ်ကို နှစ်ကြိမ်၊သုံးကြိမ်ချက်ပြုတ်စားသောက်ပေးသင့်ပါတယ်။
*တူနာ

တူနာငါးမှာလည်း ဗီတာမင် A ၊ B ၊ B12 နဲ့ B6 တို့ပါဝင်ပြီး ပရိုတိန်းဓာတ်လည်းကြွယ်ဝတဲ့အတွက် တူနာငါးကလည်း အရိုးကျန်းမာရေးအတွက်ရွေးချယ်စားပေးသင့်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ကြွက်သားတွေသန်မာအောင်လည်းကူညီပေးနိုင်ပါတယ်။
*ပုစွန်
ပုစွန် ၃ အောင်စမှာ ပရိုတိန်းဓာတ် ၁၈ဂရမ်ပါဝင်ပါတယ်။တစ်ခြားအသားငါးတွေရဲ့ပရိုတိန်းနဲ့မတူညီပဲ ပုစွန်မှာပါဝင်တဲ့ပရိုတိန်းက မြင့်မားတဲ့အတွက် ကြွက်သားတွေကျန်းမာကြံ့ခိုင်ဖို့ အဓိကစားပေးသင့်တဲ့ ပင်လယ်စာတစ်မျိုးပဲဖြစ်ပါတယ်။
*ပဲအမျိုးမျိုး

သံဓာတ်၊ဗီတာမင်ဓာတ်၊ပရိုတိန်းဓာတ်နဲ့အာဟာရဓာတ်များစွာပါဝင်တဲ့ ပဲစားပေးတာကလည်း အရိုးအဆစ်ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။အထူးသဖြင့်ပဲပိစပ်မှာ သံဓာတ်များစွာပါဝင်တဲ့အတွက် အမျိုးသမီးတွေအတွက်ဆို ပိုပြီးကောင်းမွန်ပါတယ်။