ကျန်းမာခြင်း
ဆိုတဲ့ လာဘ်တစ်ပါးကို ပိုင်ဆိုင်ထားချင်ကြတာ ယောက်ျားလေး၊ မိန်းကလေး အရွယ်မရွေးပါပဲ။ ဒါပေမယ့် မဖြစ်မနေရင်ဆိုင်လာရတဲ့ ကျန်းမာရေးပြဿနာတွေနဲ့
ရောဂါတွေ
ကို ငြင်းဆန်လို့မှမရတာလေ။ အခုနောက်ပိုင်းမှာဆိုရင် ကင်ဆာဆိုတဲ့စကားလုံးက လူတွေနဲ့သိပ်မစိမ်းတော့သလို အဖြစ်များလာတဲ့ ကင်ဆာအမျိုးအစားလည်း တိုးလာပါတယ်။ ကံကောင်းတာတစ်ခုက ခေတ်မီ
ဆေးပညာကုထုံးတွေ
နဲ့ ကုသရေးဝန်ဆောင်မှုကောင်းတဲ့ဆေးရုံ၊ဆေးခန်းတွေပေါ်ထွက်လာတာကြောင့် ပြန်လည်ကျန်းမာလာပြီး သက်တမ်းစေ့နေထိုင်သွားနိုင်သူတွေတောင်ရှိပါတယ်။ ဒါဆို
ကင်ဆာ
လို့တွေးလိုက်တာနဲ့ လေဒီတို့အတွေးမှာ ဘယ်ကင်ဆာအမျိုးအစားကိုအရင်ပြေးမြင်မိမလဲ။
ရင်သားကင်ဆာ
နဲ့
သားအိမျ
နဲ့ပတ်သက်တဲ့ကင်ဆာတွေပါပဲ။ နောက်ထပ်ရော ဘာတွေရှိဦးမလဲ ဆက်ကြည့်ရအောင်... မိန်းကလေးတွေမှာအဖြစ်များကြတဲ့ ကင်ဆာတွေက -
ရင်သားကင်ဆာ
မိန်းကလေးတွေအားလုံးဟာ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ သိထားသင့်တယ်၊ လေ့လာထားသင့်တယ်။ ကိုယ့်ရင်သားမှာ တစ်ခုခုထူးခြားတာ၊ အရင်နဲ့မတူတာ သတိထားမိရင်၊ ခံစားမိရင် အမြန်ဆုံးစမ်းသပ်စစ်ဆေးမှုခံယူဖို့လိုပါတယ်။ မိသားစုမျိုးရိုး၊ မျိုးဗီဇသန္ဓေပြောင်းခြင်း ဒါမှမဟုတ် တခြားအကြောင်းရင်းခံတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာအန္တရာယ်ပိုများနေနိုင်ပါတယ်။
သားအိမ်ကင်ဆာ
ပျိုဖော်ဝင်ချိန်စောတာ၊ သွေးဆုံးနောက်ကျတာ၊ ကလေးမရနိုင်ခဲ့တာ စတဲ့အကြောင်းရင်းခံတွေကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများနိုင်ပါတယ်။ မိသားစုထဲမှာ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာဖြစ်ဖူးသူရှိတဲ့ အမျိုးသမီးတွေ၊
အဝလွန်
သူတွေမှာလည်း သားအိမ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။
သားအိမ်ခေါင်းကင်ဆာ
အမျိုးသမီးတွေမှာ အဖြစ်များဆုံးထဲ ရှေ့ကပါဝင်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ human papillomavirus(
HPV
) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရလေ့ရှိပြီး ဒီဗိုင်းရပ်စ်ဟာ အများအားဖြင့် လိင်ကတဆင့် ကူးစက်လေ့ရှိတာပါ။ တချို့ HPV ဗိုင်းရပ်စ်တွေက ဘာရောဂါလက္ခဏာမှမဖြစ်စေဘဲ တချို့တွေကတော့လိင်အင်္ဂါကြွက်နို့ဖြစ်စေကာတချို့HPV ဗိုင်းရပ်စ်တွေကတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ HPV ဗိုင်းရပ်စ်အမျိုးအစားနှစ်မျိုးဖြစ်တဲ့ ၁၆ နဲ့၁၈ တို့ကြောင့် ဖြစ်ပွားရတာပါ။ ဒီ HPV ဗိုင်းရပ်စ်အမျိုးအစားတွေဟာ ရောဂါလက္ခဏာ စောစောစီးစီး ပြလေ့မရှိတာမို့အမျိုးသမီးအများစုအနေနဲ့သူတို့မှာ ပိုးကူးစက်ခံနေရမှန်း သတိမထားမိတတ်ကြပါဘူး။
သားဥအိမ်ကင်ဆာ
သားဥအိမ်ကင်ဆာက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှဖြစ်နိုင်ခြေပိုများလာတာပါ။ အန္တရာယ်များတဲ့ ကင်ဆာအမျိုးအစားဖြစ်ပေမယ့် စောစောသိ၊ စောစောကုသရင် အသက်ရှင်နိုင်ခြေ ၉၅ ရာခိုင်နှုန်းလောက်မြင့်ပါတယ်။ ကလေးမမွေးဖွားဖူးသူ၊ အသက် ၃၅ နှစ်နောက်ပိုင်းမှပထမဆုံးကလေးမွေးဖွားသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။
ဘယ်လိုကုသလဲ
ဒီကင်ဆာတွေအတွက်က ခွဲစိတ်မှုနည်းလမ်းအမျိုးမျိုးနဲ့ကုသကြပါတယ်။ ဥပမာ သားအိမ်ထုတ်ရတဲ့ ခွဲစိတ်ကုသမှုဆိုရင် ဗိုက်ကနေခွဲစိတ်တဲ့နည်း၊ မိန်းမကိုယ်ကနေ ခွဲစိတ်ထုတ်ဖယ်တဲ့နည်း၊ မှန်ပြောင်းအသုံးပြုခွဲစိတ်ထုတ်ဖယ်နည်းနဲ့ နောက်ဆုံးပေါ်ကုသနည်းသစ်ဖြစ်တဲ့ အမာရွတ်မကျန် ခွဲစိတ်ကုသနည်းဆိုပြီးရှိတယ်။ အဲဒီထဲကမှ လူနာအတွက် အကျိုးများတဲ့ အမာရွတ်မကျန်ခွဲစိတ်ကုသမှုအကြောင်းပြောပြပေးချင်ပါတယ်။
အမာရွတ်မကျန်ခွဲစိတ်ကုသမှု(Scarless Laparoscopic Surgery) ဆိုတာဘာလဲ
ဒီနည်းက သားအိမ်ထုတ်ဖယ်ဖို့
မိန်းမကိုယ်
ကနေတဆင့် မှန်ပြောင်းသုံးပြီးခွဲစိတ်တဲ့ ကုသနည်းသစ်ဖြစ်ပါတယ်။ ဘာတွေအကျိုးကျေးဇူးရှိလဲဆိုတော့ ဒီနည်းနဲ့ဆိုရင် ခွဲစိတ်ဒဏ်ရာအမာရွတ်မကျန်စေနိုင်ဘူး၊ သွေးထွက်နည်းစေတယ်၊ ပြန်သက်သာတာမြန်တယ်၊ နောက်ဆက်တွဲပြဿနာတွေနည်းတယ်လေ။ ဒီကုသမှုကို -
သားအိမ်အလုံးတည်ခြင်း
သားအိမ်နံရံအကျိတ်
သားအိမ်နံရံထူခြင်း
သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်
သားဥအိမ်အကျိတ်တည်ခြင်း
အမျိုးသမီးတွေမှာအဖြစ်များတဲ့ မျိုးပွားလမ်းကြောင်းဆိုင်ရာကင်ဆာတွေအတွက် ရွေးချယ်သင့်ပါတယ်။
ဘာတွေကောင်းတာလဲ
ဒီကုသနည်းနဲ့ သားအိမ်ထုတ်ခွဲစိတ်မယ်ဆိုရင် - မြင်သာတဲ့ အမာရွတ်မရှိခြင်း (အတွင်းချုပ်ရိုးက တခြားနည်းလမ်းတွေနဲ့တူပေမယ့် ခွဲစိတ်ထုတ်ယူတဲ့နေရာ မတူညီတဲ့အတွက် အရေပြားပေါ် အမာရွတ်နဲ့ ဒဏ်ရာတွေမကျန်စေပါဘူး) ခွဲစိတ်ပြီးနောက် ပုံမှန်အတိုင်းလှုပ်ရှားနိုင်ပြီး နာလန်ထူလာဖို့ ကြာချိန်တိုတောင်းခြင်း နောက်ဆက်တွဲဆိုးကျိုး ပိုနည်းပါးခြင်း ခွဲစိတ်ထားတဲ့နေရာမှာ ရောဂါပိုးဝင်နိုင်ခြေနည်းပါးခြင်း တခြားကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်နိုင်ခြေနည်းပါးခြင်းဆိုတဲ့ အားသာချက်တွေရှိပါတယ်။ ဘယ်ကုသမှုပဲဖြစ်ဖြစ် ကျွမ်းကျင်ပြီး အတွေ့အကြုံပြည့်ဝတဲ့ဆရာဝန်တွေကလုပ်ဆောင်ပေးမှသာ ကိုယ့်ကျန်းမာရေးအတွက် အန္တရာယ်ကင်းဖို့စိတ်ချရမှာပါ။ ယနေ့ခေတ်မှာဆို ပြည်တွင်းမှာတင်မက ပြည်ပမှာသွားရောက်ဆေးကုသနေကြပြီဆိုတော့ ဒီအချက်ကို ဦးစားပေးရွေးချယ်ကြမှာသေချာပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ကိုယ်စားလှယ်ရုံးခွဲတွေ ရှိနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံ
ဝေ့ဌာနီ
ဆေးရုံကြီးမှာဆို ဒီလိုရောဂါတွေအတွက် ဗိုက်ခွဲစရာမလိုဘဲ ဒီကုထုံးနဲ့ နာကျင်ခြင်းအနည်းဆုံး၊ ဆေးရုံတက်ရက်အနည်းဆုံး ဖြစ်အောင် ကုသပေးနေပါတယ်။
ဝေ့ဌာနီဆေးရုံကြီး
ရဲ့ အထူးကျွမ်းကျင် ဆရာဝန်ကြီးတွေ၊ ခေတ်မီထိရောက်တဲ့ ကုသရေးပစ္စည်းတွေ၊ ခေတ်မီနည်းပညာတွေ၊ နောက်ဆုံးပေါ်ကုထုံးတွေ၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုတို့နဲ့ လူနာပေါင်းများစွာကို ကုသအောင်မြင်နေတာပါ။ ကုတင် ၅၀၀ ဆန့်
ဝေ့ဌာနီ
ဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေပေးနေပါတယ်။ ဒီဆေးရုံရဲ့နောက်ထပ်အားသာချက်တွေက လူနာတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးတာ၊ ဘာသာစကားအခက်အခဲ မရှိအောင် စကားပြန်ဝန်ဆောင်မှုတွေ စီစဉ်ပေးထားတာ၊ မြန်မာကျပ်ငွေအပါအဝင် ဘယ်လိုငွေကြေးမျိုးပဲ ကိုင်ဆောင်လာသည်ဖြစ်စေ ဆေးရုံမှာတင်ရှိတဲ့ ငွေကြေးလဲလှယ်ရေးကောင်တာမှာ အလွယ်တကူလဲလှယ်လို့ရတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကုထုံးတွေအတွက် စိတ်ချရတဲ့ဆေးရုံကို ရွေးချယ်မယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရရှိထားပြီး မြန်မာနိုင်ငံသားတွေအတွက်လည်း အစစအရာရာ အဆင်ပြေချောမွေ့တဲ့
ဝေ့ဌာနီဆေးရုံကြီး
ကို အားထားနိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။