
Essential Oil ဆိုတာ လာဗင်ဒါပန်းအဆီ၊သံပုရာအဆီ၊ငရုတ်ကောင်းဆီ၊လေးညှင်းပွင့်အဆီစသဖြင့် အပင်တွေကနေထုတ်ထားတဲ့အဆီတစ်မျိုးမျိုးကိုပြောတာပါ။မွှေးပျံ့တဲ့ရနံ့တွေ၊စိတ်ကိုလန်းဆန်းစေတဲ့ရနံ့တွေဆိုပြီး ရနံ့တွေလည်းအမျိုးမျိုးရှိပါတယ်။ဒီ Essential oil တွေကို
ဘာလို့သုံးပေးသင့်တာလဲ?
*စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်
လာဗင်ဒါပန်းအဆီ၊စံပယ်ပန်းအဆီစတဲ့ Essential oil တွေရဲ့ ရနံ့ဟာ စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေကိုလျှော့ချနိုင်စွမ်းရှိပါတယ်။စိတ်ပင်ပန်းမှုတွေများလာတဲ့အခါ ဒီအနံ့လေးတွေကိုရှုရှိုက်ပေးမယ်ဆိုရင် သက်သာစေနိုင်ပါတယ်။ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါမှာလည်း လာဗင်ဒါပန်းအဆီကိုရှုရှိုက်ပေးရင်သက်သာစေပါတယ်။
*ကျန်းမာရေးကောင်းမွန်အောင်ထိန်းသိမ်းပေးတယ်
တစ်ချို့သော Essential oil တွေက သင့်ရဲ့ကျန်းမာရေးကောင်းမွန်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ဥပမာ Tea Tree Oil လိုအဆီဟာ သင့်ရဲ့ခံတွင်းထဲက ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ရေခွက်ထဲကို Tea Tree oil အစက်အနည်းငယ်ထည့်ပြီး ပုံမှန်အတိုင်း
ပလုတ်ကျင်းပေးလိုက်ရုံပါပဲ။
*တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းမွန်စေတယ်
တစ်ချို့သော ရနံ့တွေဟာ သင့်ရဲ့ဦးနှောက်လုပ်ဆောင်မှုပိုင်းကိုသွားပြီး အထောက်အကူပြုနေပါတယ်။စိတ်ကိုလန်းဆန်းစေပြီး အတွေးအခေါ်သစ်တွေလည်းတွေးမိစေပါတယ်။သံပုယိုရနံ့လို Essential oil ဟာသင့်စိတ်ကို ချက်ချင်းလန်းဆန်းသွားစေသလို နှင်းဆီရနံ့ဟာဆိုရင် စိတ်အာရုံစူးစိုက်မှုကိုပိုမိုကောင်းမွန်လာစေတယ်လို့သိရပါတယ်။
*ရေမွှေးအဖြစ်သုံးနိုင်
ရေမွှေးဆွတ်ရတာမကြိုက်တဲ့သူတွေဆိုရင် Essential oil လေးသုံးပေးနိုင်ပါတယ်။Essential oil ရနံ့ဟာ ရေမွှေးလိုပဲ မွှေးပျံ့ပြီး လေထုကိုလည်းသန့်စင်စေနိုင်စွမ်းရှိပါတယ်။ကျန်းမာရေးကောင်းကျိုးလည်းရနိုင်တဲ့အတွက် ရေမွှေးအစားထိုးအဖြစ် Essential oil လေးကို
ဆွတ်ပေးတာ၊လက်မှာလိမ်းပေးတာမျိုးတွေလုပ်နိုင်ပါတယ်။တစ်ချို့ကတော့ ရေချိုးတဲ့အခါမှာ Essential oil အနည်းငယ်ထည့်ပြီးချိုးလေ့ရှိပါတယ်။
Essential oil တစ်မျိုးမျိုးကို ရေအနည်းငယ်နဲ့ရောစပ်ပြီး ကိုယ့်ရဲ့အခန်းထဲမှာ ဖြန်းထားမယ်ဆိုရင်လည်းစိတ်ကိုကြည်လင်စေပြီး ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။
Source:Yourtango