ဗိုက်ထဲကရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။
hellosayarwon.com
|
2019-11-03


  ကိုယ်ဝန်ဆောင်နေတဲ့ မေမေတိုင်း ဗိုက်ထဲက

ကလေးလေးလှုပ်ြ ပီဆိုတာနဲ့ စိတ်လှုပ်ရှား ဝမ်းသာကြတဲ့ သူချည်းပါ။ ဗိုက်ထဲက ကလေးလေးက အရမ်းကန်တယ်ဟ ယောက်ျားလေးများလား၊ ကြီးလာရင် ဘောလုံးသမားများဖြစ်မလားဟ ဆိုပြီး တွေးတွေးပြီး ပျော်တတ်ကြတာ မိဘတိုင်းပါ။ ဗိုက်ထဲက ကလေးလေးက မလှုပ်သေးလို့၊ ဘယ်တော့လှုပ်မှာလဲ၊ အရင်ကလှုပ်နေကျ ခု မလှုပ်တော့လို့ဆိုပြီး စိုးရိမ်ကြီးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း မိဘတိုင်းမှာ ရှိခဲ့ပါတယ်။ ဒီတော့ ဗိုက်ထဲကရင်သွေးလေး လှုပ်ခြင်း ( fetal Quickening) အကြောင်း ကြည့်လိုက်ရအောင် ။ ။

ကလေးလှုပ်တာ ဘယ်အချိန်လောက်ဆို စသိရမှာလဲ ။ ။
ကလေးစလှုပ်တာကို ကိုယ်ဝန်သက်

၁၆ပတ် ကနေ

၂၅ ပတ် အတွင်းမှာ မေမေတို့ ခံစားရမှာပါ။ ဒါပေမယ့် ပထမဦးဆုံးကိုယ်ဝန်ဆိုရင်တော့ ကလေးလှုပ်တာကို ၂၅ ပတ်နားရောက်ခါနီးမှ သိကြလေ့ရှိပြီး ဒုတိယကြိမ်ဆောင်တဲ့ကိုယ်ဝန်သည်တွေကတော့ကလေးလှုပ်တာကို အစောဆုံး ၁၃ ပတ်လောက်တည်းက စပြီးခံစားရလေ့ရှိပါတယ်။

ဘယ်လိုအနေအထားမှာဆို ကလေးလှုပ်တာကို ပိုသိသလဲ ။ ။
လှဲအိပ်လိုက်တဲ့အချိန် ထိုင်နေတဲ့အချိန်တွေမှာ ကလေးလှုပ်တာကို ပိုသိနိုင်ပါတယ်။

ကလေးက တစ်နေ့ ဘယ်နှစ်ကြိမ်လောက် လှုပ်သလဲ ။ ။
ကိုယ်ဝန်နုစဉ်ကာလတွေမှာတော့ ကလေးလှုပ်တာ သိပ်သိသာမှု မရှိပေမယ့် ကလေးလက်တွေခြေတွေ စပြီး ဖွံ့ဖြိုးလာတဲ့

၂၁ပတ် လောက်မှာတော့ ကလေးလှုပ်တာ သိသိသာသာ စိပ်လာပါလိမ့်မယ်။ ကိုယ်ဝန် တတိယပတ်မှာတော့ ကလေးက တစ်နာရီအတွင် အကြိမ်ရေ ၃၀ လောက်ကိုလှုပ်တတ်ပါတယ်။

ဘယ်အချိန်တွေဆို ပိုလှုပ်သလဲ ။ ။
ဗိုက်ထဲက ရင်သွေးလေးတွေ အလှုပ်ဆုံးအချိန်ကတော့ မေမေတို့ အိပ်ဖို့ အားယူနေတဲ့ ည ၉ နာရီကနေ မနက် ၁ နာရီ အချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ ေ

သွးတွင်းသကြားဓါတ် ပမာဏ အပြောင်းအလဲရှိတာကြောင့် ကလေးတွေ အလှုပ်ဆုံးဖြစ်ရတာပါ။ နောက်ပြီး ကလေးတွေက ဗိုက်ထဲကနေပြီး ကြားရတဲ့ အသံတွေ၊ ဗိုက်ကိုလာကိုင်တဲ့ အထိအတွေ့တွေကို တုန့်ပြန်နိုင်စွမ်းရှိတာကြောင့် ဗိုက်ကိုလာကိုင်တဲ့အချိန်၊ ဗိုက်နားကပ်ပြီး စကားပြောတဲ့အချိန်တွေမှာ ပိုလှုပ်တတ်ပါတယ်။

ကလေးလှုပ်တဲ့ အကြိမ်အရေအတွက်ကို မှတ်ထားဖို့လိုလား ။ ။
ကလေး လက်တွေခြေတွေ အကောင်းဆုံး ဖွံ့ဖြိုးတဲ့ ကိုယ်ဝန်သက်

၂၈ ပတ် ကစပြီး ကလေးလှုပ်တဲ့အကြိမ် အရေအတွက်လေးတွေကို မှတ်ထားပေးနိုင် ပိုကောင်းပါတယ်။ ပုံမှန်ဆို ကလေးက ၂ နာရီအတွင်း အနည်းဆုံး ၁၀ ကြိမ်လောက်တော့လှုပ်သင့်ပါတယ်။ ၂ နာရီအတွင်းနေလို့မှ ၁၀ ကြိမ်တောင် မလှုပ်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တာသာ အကောင်းဆုံးပါ။

ကလေးလှုပ်တာကို မခံစားရဘူးဆိုရင်
၂၅ပတ် မရောက်ခင်၊ ကလေးလှုပ်လိုက်တာကို သေချာမသိတဲ့အခါ၊ ကလေးလုံးဝမလှုပ်ဘူးလို့ သံသယဝင်တဲ့အခါမျိုးတွေမှာ အရမ်းကြီး ထိတ်လန့်မသွားလိုက်ပါနဲ့။ ဗိုက်ထဲကကလေးမလှုပ်ဘူးဆိုတာ သူ

အိပ် နေတာကြောင့်ဖြစ်နိုင်သလို သူလှုပ်တဲ့အချိန်မှာ သင်

အိပ်ပျေ ာ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး

ကိုယ်ဝန်ရင့် လာလေလေ ကလေးကြီးလာလေလေဖြစ်ပြီး သူလှုပ်ဖို့နေရာလွတ်လည်း နည်းလာတဲ့အတွက် ကလေးသိပ်မလှုပ်တာမျိုးဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂ နာရီအတွင်းမှာ အနည်းဆုံး ၁၀ ကြိမ်လောက်တော့ လှုပ်သင့်တာမို့ ၁၀ကြိမ်အောက် သိသိသာသာကြီး နည်းနေခဲ့ရင် ဆရာဝန်ဆီသွားဖို့ မမေ့နဲ့နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။                


#ဗိုက်
#ကလေး
#ကိုယ်ဝန်
#ကြိမ်
#မေမေ

Some text some message..