ကိုယ်ဝန်ဆောင်
ဖူးတဲ့သူတိုင်း သိကြမှာပါကြမှာပါ။
ကိုယ်ဝန်
စရှိပြီဆိုတာနဲ့ မနက်ပိုင်းဆို
မူးဝေပျို့အန်
ချင်နေပြီး ဘာမှကို စားချင်သောက်ချင်စိတ်မရှိတာကိုလေ။ ကိုယ်ဝန်ရှိခြင်းရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရလောက်အောင် ကိုယ်ဝန်အစောပိုင်း ပထမ ၃ လမှာ မူးဝေပျို့အန်ခြင်းကို ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။
ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းဟာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။
ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းတွေ ဖြစ်ရတယ်လို့ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ဖြစ်စဉ်တွေကတော့
Oestrogen ခေါ် မဟော်မုန်း များလာတာ
သွေးပေါင်ချိ
န်တွေ ကျလာတာ
ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲလာတာနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလာတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့်
မူးဝေအော့အန်ြ
ခင်း ဖြစ်ရတယ်လို့လည်း ဆိုပေမယ့် အကြောင်းအရင်း အတိအကျကို ခုထိသေချာမသိကြသေးကြပါဘူး။
ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းကို ခံစားရတယ်ဆိုတော့ သူတို့က ဘယ်လိုလူများလဲ ။ ။
အရင်
ကိုယ်ဝန်
တွေတုန်းကလည်း ပျို့အန်မူးဝေတာတွေ ရှိခဲ့မယ်
မျိုးရိုးထဲမှာလည်း ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်တတ်တဲ့သူတွေရှိတယ်
ကားမူ
းတတ်သောအကျင့်လည်းရှိမယ် မ ဟော်မုန်း (oestrogen) ပါတဲ့
သန္ဓေတားဆေး
ကို သုံးဖူးထားမယ်
ကိုယ်အလေးချိန်ကလည်း BMI ၃၀ နှင့်အထက်ဖြစ်တဲ့ အဝလွန်နေတဲ့သူဖြစ်နေမယ်
စိတ်ဖိစီးမှု
များနေတဲ့သူဖြစ်နေမယ်
၂ မွာပူး ၃ မွာပူး ကိုယ်ဝန်ဆောင်နဲ့
သားဦးကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မူးဝေ အော့အန်ခြင်းကို အခြားကိုယ်ဝန်ဆောင်တွေထပ် ပိုပြီး ခံစားရလေ့ရှိပါတယ်။ ။
ဒီလို ကိုယ်ဝန်ဆောင်ချိန်မူးဝေအော့အန်ခြင်းက ကိုယ်ဝန်ဆောင်တိုင်း အနည်းနဲ့ အများခံစားရမယ့် ဝေဒနာတစ်ခုဆိုတော့ သက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။
ကောင်းကောင်းအနားယူပါ။ - မောပန်းခြင်းက
မူးဝေအော့အန်
ချင်စိတ်ကိုပိုဆိုးစေနိုင်တာကြောင့်ပါ။
ရေသောက်ပါ။ - တစ်ခါတည်း အများကြီး တစ်ဝသောက်တာထက်စာရင် နည်းနည်းလေးနဲ့ အကြိမ်ရေများများသောက်တာ ပိုကောင်းပါတယ်။ ဒါ့အပြင် အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ် အေးအေးလေးတွေက ခေါင်းကြည်ပြီး လန်းဆန်းစေလို့ ကိုယ်ဝန်ဆောင် မေမေတို့ခံစားရတဲ့ မူးဝေတာကို သက်သာစေမှာပါ။ အစားစားပါ -
အစားစားချင်စိတ်မရှိ
လို့ မူးပြီး အန်ချင်နေလို့ဆိုပြီး ဗိုက်အဆာခံနေရင် မူးဝေခြင်းကိုပိုဆိုးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အစားစားပါ။ နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ အနံ့ပြင်းပြီး အဆီများတဲ့ အစားအသောက်တွေကိုတော့ ရှောင်ပါ။
အိပ်ရာကထရင် ဆတ်ကနဲကောက်မထဘဲ ဖြည်းဖြည်းချင်းထပါ။
သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
မူးဝေတာကို သက်သာစေတဲ့ ဆေးတွေ သောက်ပါ။ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေးကို ထိခိုက်နိုင်လို့ တွေ့ကရာဆေးတွေ လျှောက်သောက်လို့မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်တာ သာအကောင်းဆုံးပါ။
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။