ဝတဲ့သူတွေကလည်း ပိန်ချင်လို့၊
ပိန်
တဲ့သူတွေကလည်း ကိတ်ချင်လို့ဆိုပြီး လေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစားလုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အပင်ပန်းခံပြီး လေ့ကျင့်ခန်းလုပ်လုပ် ဝမြဲဝဆဲ၊ ပိန်မြဲပိန်ဆဲ ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုမှ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားရမှာပဲလေ။ ဒါပေမယ့် ဘာမှ မထူးခြားဘူးဆိုရင်တော့ ဒါတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ။
( ၁ ) ေလ့ကျင့်ခန်းနဲ့ အစားအသောက်ကို သေချာ မချိန်ဆထားတဲ့အခါ ။ ။
Gym
ကို မှန်မှန်သွားနေရုံနဲ့တင် ချက်ချင်း ဝိတ်ကျ၊
ဝိတ်တက်
တာမျိုးတွေ ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓါတစ်ခု တည်ဆောက်တဲ့နေရာမှာ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ဖို
့ လေ့ကျင့်ခန်
းနဲ့အတူ အစားအသောက်ပိုင်းကလည်း အရေးကြီးပါသေးတယ်။ ဥပမာ gym မှာ ဆော့တာ
ကယ်လိုရီ
၁၀၀ လောက်ကုန်သွားတယ်၊ gym ကပြန်တော့ ကယ်လိုရီ ၂၀၀ လောက်ပြန်စားဖြစ်တယ်ဆိုရင် ကိုယ် gym မှာ ပင်ပန်းခဲ့သမျှ အကျိုးမရှိတော့ဘူးပေါ့။ ဒီတော့ ဝိတ်ကျဖို့ဆို ကိုယ်စားတဲ့ ကယ်လိုရီထက်ပိုတဲ့ ပမာဏကို ပိုဖြုန်းပေးရမှာဖြစ်ပြီး ဝိတ်တက်ချင်ရင်တော့ ကုန်သွားတဲ့ ကယ်လိုရီပမာဏထက်ပိုတဲ့ ကယ်လိုရီတွေ ပြန်ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းနဲ့ အစားအသောက် ၂ ခုလုံး ဘက်ညီမှ ကိုယ်လုပ်သမျှ အကျိုးရှိမှာပါ ။
( ၂ ) အစားအသောက် မဆင်ခြင်တာ ။ ။
ဒီတိုင်းဘာမှ မလုပ်ဘဲနေတော့ အများကြီးစားလိုက်တာနဲ့ ချက်ချင်းဝလာနိုင်တယ်လေ။
gym
လေးဘာလေးဆော့ပေးတော့ ကိုယ်စားသလောက် ဝမလာတော့ဘူပေ့ါ။ ဒီတော့
gym ေ
ဆာ့တာ များများပိုစားချင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သာဆိုလိုကတော့ သင်မှားနေပါပြီ။ gym ဆော့ရင် ကြွက်သားတွေ ကျစ်လာမယ်၊ ကျစ်လာတဲ့ ကြွက်သားတွေအပေါ်
အဆီ
တွေ ထပ်စုရင် နဂိုထက် ပိုပြီးတော့တောင် ဝလာပါလိမ့်မယ်။ ဒီတော့ gym လည်းဆော့ အစားလည်း ဆင်ခြင်ပါ။ ဆင်ခြင်ပါဆိုလို့ ဘာမှ မစားခိုင်းတာမဟုတ်ပါဘူး။ စားလို့ရပါတယ်။ သင့်တင့်တဲ့ ပမာဏ ဖြစ်ဖို့သာလိုတာပါ။
( ၃ ) အိပ်ရေးပျက်တာ။
အိပ်ရေးပျက်
တာ ဝိတ်တက်ခြင်း ဝိတ်ကျခြင်းမှာ အရေးပါတဲ့ အရာတစ်ခုပါ။ စစချင်းမှာတော့ အိပ်ရေးပျက်ပြီး လူက ပိန်လာသယောင်ရှိပေမယ့် နောက်ပိုင်း အိပ်ပျက်ရက်တွေ များလာတဲ့အခါ ကိုယ်တွင်း ဖြစ်စဉ်တွေ ပြောင်းပြန်ဖြစ်၊ ဟော်မုန်းတွေလည်း ပြောင်းလဲပြီး ကိုယ်အလေးချိန်ပိုတက်လာပါလိမ့်မယ်။ အိပ်ရေးပျက်ရက်များလာတဲ့အခါ
အစားစားချင်စိတ်
တွေ ပိုဖြစ်နေတတ်ပြီး ဗိုက်ဆာခြင်းကို လှုံ့ဆော်တဲ့ leptin နဲ့ ghrelin ဟော်မုန်းတွေ ပိုထွက်လာရခြင်းကလည်း ဝလာစေတဲ့အချက်တစ်ခုပါ။ နောက်ပြီး အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်းမှာ အများကြီးထွက်လာတဲ အင်ဆူလင်က အဆီစုခြင်းကို အားပေးပါတယ်။ ဒီတော့ ဘယ်လောက်ပဲ ပိန်ချင်လို့ လေ့ကျင့်ခန်း လုပ်လုပ် ကောင်းကောင်း မအိပ်ရင် ကိုယ်လုပ်သမျှ မထိရောက်ပဲ ဖြစ်နေတော့မှာပါ။
(၄ ) နေ့တိုင်း ဒါတွေချည်းပဲလုပ်နေတာ။
ဒီနေ့လည်း ဒီပုံစံပဲ နောက်နေ့လည်း ဒီပုံစံ လေ့ကျင့်ခန်းတွေ ပဲ လုပ်တဲ့အခါ ထိရောက်သင့်သလောက် မထိရောက်ဘဲ ဖြစ်နေတတ်ပါတယ်။ နောက်ပြီး ဒါတွေချည်းပဲလုပ်ရတော့ ကြာရင် ပျင်းလာ၊ ထိကလည်း မထိရောက်တော့ဆက်လည်း မလုပ်ချင် ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့်
လေ့ကျင့်ခန်း
လုပ်ပြီဆိုရင် တစ်နေ့နဲ့ တစ်နေ့ မတူအောင် ခွဲထားပေးသင့်ပါတယ်။ ဒီနေ့က အပေါ်ပိုင်းဆော့မယ်ဆိုရင် နောက်ရက်ကျ အောင်ပိုင်းထိုင်မှာ ခြေထောက်ဆော့မယ် ဒါမျိုးပေါ့။
( ၅ ) လေ့ကျင့်ခန်းကို သေသေချာချာမလုပ်တာ ။ ။
Gym တော့သွားပါရဲ့၊ ဟိုမှာ နည်းနည်းပါးပါးလေးလှုပ်ပြီး ထိုင်နေတဲ့အချိန်က များနေမယ်ဆိုရင် gym သွားတယ်လို့သာ နာမည်ခံတာ။ ပြောင်းလဲမှုကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး နောက်ပြီး ကိုယ်နဲ့ မကိုက်ညီတဲ့
လေ့ကျင့်ခန်
းမျိုးတွေကို လုပ်မိရင်လည်း လုပ်သာလုပ်နေရတယ် ထိရောက်မှု ရှိမှာ မဟုတ်တဲ့အတွက်ကြောင့် gym trainer တွေကို ကိုယ်က ဘယ်လိုဖြစ်ချင်တာဆိုတာကို သေချာပြောပြပါ။ ဘာတွေလုပ်သင့်လဲဆိုတာကိုလည်း သေချာမေးပါ ။ ။ ဒါတွေကတော့ ကိုယ်လေ့ကျင့်ခန်းတော့ လုပ်နေပါရဲ့။ မထိရောက်ဘူးလို့ထင်နေတဲ့သူတွေ အတွက် စဉ်းစားသင့်တဲ့ အချက်လေးတွေပါ။ နည်းလမ်းမှန်မှန်နဲ့ ရက်ဆက်သာ လုပ်သွားလို့တော့ ပြောင်းလဲမှုကို ခဏချင်းတွေ့မှာ အသေအချာပဲနော် ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။