HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်
hellosayarwon.com
|
2019-11-08


HIV ပိုးဟာ သုတ်ရည်, မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့, သွေးမှတစ်ဆင့်အများဆုံး ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေမှာဆိုရင် ဖြစ်ပွားသူလူနာ ၈ယောက်မှာ ၁ယောက်ဟာ သူကူးစက်ပုံကို သတိမထားမိကြပါဘူး။ ဒါ့အပြင် HIV ပိုးဟာ ကုသလို့မပျောက်ပဲ virus မပြန့်ဖို့နဲ့ အသက်ရှည်အောင်သာ ဆေးသုံးလို့ရတဲ့ရောဂါဖြစ်ကြောင်း သင်သိဖို့လိုပါတယ်။ ဒါကြောင့်သင် HIV ပိုးအကြောင်းကို သိပြီး အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ HIV ရှိသူလူနာတွေ အစပိုင်းမှာခံစားရတဲ့ တူညီတဲ့ လက္ခဏာ ( ၁၀)ချက်ဖြစ်ပါတယ်။  

မူးဝေအော့အန်ခြင်း
ဒီ၂ ချက်ကတော့ HIV ရဲ့ အဖြစ်များဆုံးလက္ခဏာဖြစ်ပါတယ်။ ဘာလို့ဆိုတော့ HIV ဗိုင်းရပ်စ်ဟာ ရောဂါပိုးတွေကိုတိုက်ခိုက်နိုင်တဲ့ ခန္ဓါကိုယ်က သွေးဖြူ ဥတွေကို ဖျက်ဆီးပစ်တဲ့ အတွက် လူ့ခန္ဓါကိုယ်ဟာ ရောဂါပိုဖြစ်လာပါတယ်။ ဆိုလိုတာက သင်အန်ချင်နေပြီဆိုတာ ဗိုင်းရပ်စ်ပြသနာကြောင့်ပါ။ မူးဝေအော့အန်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် အန္တရာယ်ဖြစ်နိုင်ချေရှိမယ်ဆိုရင် သတိပြုပြီးဆရာဝန်နှင့်ပြသပါ။  

အဖျား
အဖျားရက်ရှည်တာဟာ HIV ရဲ့ လက္ခဏာတစ်ခုပါ။ မူးဝေအော့အန်ခြင်းနဲ့အတူ အဖျားဟာလည်း သင့်ကိုယ်ကို virus တိုက်ခိုက်မှုရှိနေပြီဆိုတာ သတိပေးနိုင်ပါတယ်။HIV အစပျိုးချိန်မှာ အဖျားရောဂါဟာ ခဏခဏဖြစ်တတ်ပြီး သာမန်ထက် ၂ပတ်, ၄ပတ်လောက်ပိုကြာတတ်ပါတယ်။  

ညချိန်ချွေးထွက်ခြင်း
သင်HIV ခံစားရပြီဆိုရင် အဖျားနှင့်အတူညဘက်ချွေးထွက်ခြင်းပါဖြစ်တတ်ပါတယ်။ ဒီချွေးထွက်ခြင်းဟာ အလွန်ဆိုးတဲ့အတွက် ညဝတ်အကီၤျ, စောင် နဲ့ အိပ်ယာခင်းတွေမှာစိုနေတတ်တာကြောင့် သင်နိုးလာတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ တွဲဖြစ်လာပြီဆိုရင် ဆရာဝန်နှင့်ပြသပါ။  

ဝမ်းလျှောခြင်း
ကိုယ်ခံအားစနစ်ဟာ HIV ကြောင့်ပျက်စီးသွားတဲ့အတွက် ဗိုင်းရပ်စ် , မှို, ဒါမှမဟုတ် ဘက်တီးရီးယားတွေဟာ အစာခြေမှုစနစ်ကိုတိုက်ခိုက်တာကို သင်ခံစားရပါမယ်။  

အလွန်အမင်းခေါင်းကိုက်ခြင်း
၂၀၀၀ ပြည့်နှစ်က ဂျာနယ်တစ်စောင်မှာပါတဲ့ သုတေသနအရ HIV ပိုးရှိသူ လူနာ ၁၃၁ ယောက်မှာ ၄၆ % ကပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာရှိပြီး ၁၆% ကခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရပါတယ်။ ကျန်လူတွေကတော့ခေါင်းကိုက်မှုတစ်ခုခုရှိနေပါတယ်။HIV ရဲ့ အဆင့်တိုင်းမှာ ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာခံစားရပြီး အလွန်ပင်ပန်းပါတယ်။  

ချောင်းဆိုးခြင်း
ချောင်းဆိုးခြင်းဆိုတာ အအေးမိ, တုပ်ကွေးတို့လို ဖြစ်တဲ့အတွက် လူနာတွေက လျစ်လျူ ရှုထားတတ်ကြပါတယ်။ ဒါပေမယ့် ချောင်းဆိုးခြင်းဟာ အဖျားနဲ့ ညဘက်ချွေးထွက်ခြင်းတို့စဖြစ်ချိန်နဲ့ တူပါတယ်။  

ြကွက်သားနှင့် အဆစ်များနာကျင်ခြင်း
၂၀၀၂ ခုနှစ်ကThe American Academy of Orthopedic Surgeons ဂျာနယ်မှာ ပါဝင်တဲ့ သတင်းပို့ချက်အရ HIV ဦးဆုံးလက္ခဏာတွေထဲကတစ်ခုပါ။ ကြွက်သားနှင့် အဆစ်များနာကျင်တာဟာ အခြားရောဂါကြောင့်လို့ သင်ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမယ့် သင်အခြားလက္ခဏာတွေပါပြနေရင် ကြွက်သား နာကျင်ခြင်းက HIV ဖြစ်နိုင်ဖို့ အလားအလာပါ။  

ြပန်ရေကျိတ်များ ရောင်ယမ်းခြင်း
ပြန်ရေကျိတ်များဟာ ပေါင်ခြံ, ချိုင်းနှင့်လည်ပင်းတို့မှာ တွေ့ရပြီး ခုခံအားစနစ်ရဲ့ တစ်ပိုင်းဖြစ်ပါတယ်။HIV ဟာ ဒီစနစ်ကို အားလျော့စေပြီး ပြန်ရေကျိတ်များကိုရောင်စေပါတယ်။ ဒါတွေဟာ နာနေ, ရောင်နေပြီး ၂ပတ်ထက်လည်းပိုကြာနေမယ်ဆိုရင်တော့ ဆရာဝန်ခေါ်ဖို့မတွန့်ဆုတ်ပါနှင့်။  

မောပန်းခြင်း
မောပန်းခြင်းဟာ အခြားအကြောင်းတွေကြောင့် နှင့်HIV ကြောင့်ဖြစ်နိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားနဲ့ အခြားရောဂါတွေပါတွဲလာမယ်ဆိုရင် သတိပြုသင့်ပါတယ်။  

Seborrheic Dermatitis
Seborrheic Dermatitis ဆိုတာ HIV ရောဂါရဲ့ ရှောင်လွဲမရတဲ့ဝေဒနာပါ။ အရေပြားမှာ အနီရောင် ထိခိုက်တတ် ယားတတ် ရောင်ယမ်းတတ်တဲ့ အစက်အကွက်တွေပေါ်လာပြီး ခန္ဓါကိုယ်ရဲ့ ခေါင်း, မျက်နှာ , ရင်ဘတ်, ပေါင်ခြံနှင့် ကျောမှာတွေ့ရတတ်ပါတယ်။ နေ့စဉ်အလုပ်တွေဖြစ်တဲ့ သဘက်တူတူသူံးတာ ပွေ့ဖက်တာတွေဟာ ရောဂါမကူးစေနိုင်ပါဘူး။ သင်ဟာအန္တရာယ်ရှိတဲ့အလေ့အထတွေလုပ်မှသာ ကူးနိုင်မှာပါ။ ဒါကြောင့် လိင်ဆက်ဆံစဉ်မှာ သတိရှိဖို့နဲ့ အပ်တွေမျှဝေသုံးစွဲတာကိုလုံးဝမလုပ်ဖို့ သတိထားပြီး HIV ကိုကာကွယ်ပါ။  

HelloHealth Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။


#အဖျား
#လက္ခဏာ
#ရောဂါ
#ဝေဒနာ
#ဗိုင်းရပ်စ်

Some text some message..