နားဖာချေး ပြဿနာ အဖြေရှာ
ondoctor.com.mm
|
2019-11-09


(Zawgyi)

ဒီဆောင်းပါးမှာတော့ အဖြစ်များသော်လည်း လူသိမများတဲ့ နားဖာချေးပြဿနာလေးတွေကို အဓိကထား ပြောပြသွားပါ့မယ်။

နားဖာချေး Ear wax တွေဟာ နားထဲမှာ သဘာဝအလျောက် နည်းနည်းစီ ထွက်တတ်ပါတယ် ။သဘာဝအလျောက်ပဲ ပြန်ပျောက်သွားတတ်ပါတယ်။

ဒါပေမယ့် များလာပါက စုခဲကာ ခြောက်သွေ့လာပြီး နားရဲ့ လှိုဏ်ခေါင်းထဲမှာ ပြည့်လာပါတယ်။

နားဖာချေး ပိတ်လာရင် အနေရခက်တတ်ပါတယ် ။နားဖာချေးတွေ ခြောက်ခဲကာ ခေါင်းလှုပ်တိုင်း နားဖာချေးလေးတွေ လှုပ်နေသံ ကြားရတတ်တယ်။

ကသိကအောင့်ဖြစ်မယ် ။အကြားအာရုံ ထိခိုက်တတ်တယ်။ နားယားမယ်။ နားအူမယ် ။ခေါင်းမူးတတ်တယ် ။နားဖာချေးပိတ်တာကို အထူးသဖြင့် အသက်ကြီးသူတွေ ၊ နားမကြားလို့ နားကြပ် အမြဲတပ်ရသူတွေမှာ ပိုဖြစ်တတ်တယ်။

နားဖာချေး ပိတ်လာရင် ဘယ်လို လုပ်ကြမလဲ ဆိုရင် အောက်ပါအတိုင်းလုပ်ကြည့်ပါ။


ဂွမ်းလုံး /ဂွမ်းစ တို့ဖြင့် နားထဲကို ဇွတ်အတင်းထည့်ကာ နားဖာချေးကို ဇွတ်အတင်း
မကော်သင့်ပါ ။ထိုသို့ပြုလုပ်ရင် နားထဲကို နားဖာချေးတွေ ထိုးသွင်းလိုက်သလို ဖြစ်
တတ်တယ် ။နားကို အနာဖြစ်စေမယ်။
နားဖာချေး နူးစေမယ့် သံလွင်ဆီ ၊ဗာဒံစေ့ဆီတို့ကို နားထဲ ထည့်ပေးပါ။ ဒီဆီပုလင်း တွေကို ရေနွေးစိမ်ပြီးမှ သုံးပါ ။ပိတ်နေသော နားရဲ့ ဆန့်ကျင်ဘက်ကို ခေါင်းကိုစောင်းပြီး အဆီကို ၃-၄ စက်ချပါ ။နှစ်ဖက်စလုံးပိတ်နေက တစ်ဖက်ပြီးမှ တစ်ဖက်အစက်ချပါ ။တစ်ခါ အစက်ချပြီးရင် ထိုသို့ စောင်းလျက် ၁၀ မိနစ်ခန့် နေပါ ။ နားဖာချေးအတွင်း ဆီများ စိမ့်ဝင် ပျံ့နှံ့သွားစေပြီး နူးသွားစေဖို့ ဖြစ်တယ်။
နားဖာချေး ပျောက်ဆေး Ear clear တို့ကိုလည်း အလားတူ အစက်ချ နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်
နားဖာချေး ပိတ်၊မပိတ် မသေချာက
ယခင်က နားနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ဖူးက
နားကိုက်ခြင်း ၊နားပြည်ယိုခြင်း ရှိက
နားမှာ အနာရှိက
နားဆက်ပိတ်နေသေးက မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Author – ခေတ်သစ် ဇီဝက


(Unicode)


ဒီဆောင်းပါးမှာတော့ အဖြစ်များသော်လည်း လူသိမများတဲ့ နားဖာချေး
ပြဿနာလေးတွေကို အဓိကထား ပြောပြသွားပါ့မယ်။

နားဖာချေး Ear wax တွေဟာ နားထဲမှာ သဘာဝအလျောက် နည်းနည်းစီ ထွက်တတ်ပါတယ် ။သဘာဝအလျောက်ပဲ ပြန်ပျောက်သွားတတ်ပါတယ်။

ဒါပေမယ့် များလာပါက စုခဲကာ ခြောက်သွေ့လာပြီး နားရဲ့ လှိုဏ်ခေါင်းထဲမှာ ပြည့်လာပါတယ်။

နားဖာချေး ပိတ်လာရင် အနေရခက်တတ်ပါတယ် ။နားဖာချေးတွေ ခြောက်ခဲကာ ခေါင်းလှုပ်တိုင်း နားဖာချေးလေးတွေ လှုပ်နေသံ ကြားရတတ်တယ်။

ကသိကအောင့်ဖြစ်မယ် ။အကြားအာရုံ ထိခိုက်တတ်တယ်။ နားယားမယ်။ နားအူမယ် ။ခေါင်းမူးတတ်တယ် ။နားဖာချေးပိတ်တာကို အထူးသဖြင့် အသက်ကြီးသူတွေ ၊ နားမကြားလို့ နားကြပ် အမြဲတပ်ရသူတွေမှာ ပိုဖြစ်တတ်တယ်။

နားဖာချေး ပိတ်လာရင် ဘယ်လို လုပ်ကြမလဲ ဆိုရင် အောက်ပါအတိုင်းလုပ်ကြည့်ပါ။ ဂွမ်းလုံး /ဂွမ်းစ တို့ဖြင့် နားထဲကို ဇွတ်အတင်းထည့်ကာ နားဖာချေးကို ဇွတ်အတင်း
မကော်သင့်ပါ ။ထိုသို့ပြုလုပ်ရင် နားထဲကို နားဖာချေးတွေ ထိုးသွင်းလိုက်သလို ဖြစ်
တတ်တယ် ။နားကို အနာဖြစ်စေမယ်။
နားဖာချေး နူးစေမယ့် သံလွင်ဆီ ၊ဗာဒံစေ့ဆီတို့ကို နားထဲ ထည့်ပေးပါ။ ဒီဆီပုလင်း တွေကို ရေနွေးစိမ်ပြီးမှ သုံးပါ ။ပိတ်နေသော နားရဲ့ ဆန့်ကျင်ဘက်ကို ခေါင်းကိုစောင်းပြီး အဆီကို ၃-၄ စက်ချပါ ။နှစ်ဖက်စလုံးပိတ်နေက တစ်ဖက်ပြီးမှ တစ်ဖက်အစက်ချပါ ။တစ်ခါ အစက်ချပြီးရင် ထိုသို့ စောင်းလျက် ၁၀ မိနစ်ခန့် နေပါ ။ နားဖာချေးအတွင်း ဆီများ စိမ့်ဝင် ပျံ့နှံ့သွားစေပြီး နူးသွားစေဖို့ ဖြစ်တယ်။
နားဖာချေး ပျောက်ဆေး Ear clear တို့ကိုလည်း အလားတူ အစက်ချ နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်
နားဖာချေး ပိတ်၊မပိတ် မသေချာက
ယခင်က နားနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ဖူးက
နားကိုက်ခြင်း ၊နားပြည်ယိုခြင်း ရှိက
နားမှာ အနာရှိက
နားဆက်ပိတ်နေသေးက မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Author – ခေတ်သစ် ဇီဝက


#နားဖာချေး
#နား
#ဖာ
#ကနား
#အစက်

Some text some message..