(Zawgyi)
ဝမ်းတစ်လုံးကောင်း၊ ခေါင်းမခဲဘူးဆိုတဲ့ မြန်မာဆိုရိုးစကားရှိပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ဆိုင်ပါတယ်။ သည် တစ်ပတ်မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ ဝမ်းချုပ်ခြင်းနဲ့ဓာတ်စာအကြောင်း ဆွေးနွေးထားပါတယ်။
မောင် – ဝမ်းချုပ်ခြင်းဘာကြောင့် ဖြစ်ရသလဲဆရာ။
ဒေါက်တာမင်္ဂလာ – အဓိကအကြောင်းရင်းတွေထဲက ဆေးဝါးများ၊ ကိုယ်တွင်းရောဂါများ၊ အခြားအကြောင်းများ ကြောင့်တွေ့ရပြီး အူလမ်းကြောင်းပိတ်ဆို့ခြင်းနှင့် အူလမ်းကြောင်းမပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းဆိုပြီးရှိပါတယ်။
မယ် – ဆေးဝါးများကြောင့် ဝမ်းချုပ်ခြင်းပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အလူမီနီယမ်ပါတဲ့ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့အကိုက်အခဲပျောက်ဆေး၊ သံဓာတ်ပါတဲ့ အားဆေး၊ စိတ်ကျရောဂါကုဆေး၊ သွေးတိုးကျဆေးနှင့်မူးယစ်ဆေးဝါးများပါဝင်တယ်။
မောင် – ကိုယ်တွင်းရောဂါတွေအကြောင့် ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ ပိုတက်စီယမ်ဓာတ်နည်းခြင်း၊ ကယ်ဆီယမ် ဓာတ်များခြင်း၊ သိုင်းရွိုက်ဂလင်းအားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်းတို့မှာ ဝမ်းချုပ်တတ်ပါတယ်။
မယ် – အခြားအကြောင်းတွေကြောင့် ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အစားအသောက်လွဲမှားခြင်း အသီးအနှံ၊ အသီးအရွက်၊ အမျှင်ဓာတ်များမစားခြင်း၊ ဝမ်း သွားအကျင့်မမှန်ခြင်း၊ အသက်ကြီးသူများကာလရှည်အိပ်ယာထဲလဲနေသူများ အချိန်ကြာမြင့်အောင်ကား၊ ရ ထား၊ လေယာဉ်ပျံ၊ သင်္ဘောစီးရသူများမှာ ဝမ်းချုပ်တတ်ပါတယ်။
မောင် – အူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အူမကြီးကင်ဆာ၊ အူကျွံခြင်း၊ အူခေါက်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည်အူမကြီးရောင် ခြင်း၊ အူမကြီးကိုသွေးလှည့်ပတ်မှုနည်းခြင်းတို့ တွေ့နိုင်ပါတယ်။
မယ် – အူလမ်းကြောင်းမပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်ခြင်း၊ အူမကြီးပုံမှန်ထက်အဆမတန်ကျယ်ခြင်း၊ စအိုကျွံ ခြင်း၊ ဝမ်းညှစ်ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါဝမ်းကိုပုံမှန်မသွားဘဲ ချုပ်တည်းထားခြင်းဖြစ်တယ်။
မောင် – ဝမ်းချုပ်ခြင်းအတွက်စမ်းသပ်စစ်ဆေးမှုများက ဘာတွေရှိမလဲဆရာ။
ဒေါက်တာမင်္ဂလာ – အူလမ်းကြောင်လှုပ်ရှားမှုပုံစံမမှန်ခြင်း၊ အူမကြီးပုံမှန်ထက်အဆမတန်ကျယ်ခြင်း၊ စအိုကျွံ ခြင်း၊ ဝမ်းညှစ်ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဝမ်းကိုပုံမှန်မသွားဘဲ ချုပ်တည်းခြင်းများကိုဝမ်းပျော့ ဆေးပေးနိုင်တယ်။ ပုံမှန်စစ်ဆေးမှုများမှ ဝမ်းသွားလမ်းကြောင်း စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ယူရီးယားနှင့် ဓာတ်ဆားစစ်ဆေးခြင်း၊ အခြားစမ်းသပ်မှုများနဲ့ အူလမ်းကြောင်းဆေးသွင်းဓာတ်မှန်ရိုက်ခြင်း၊ အူလမ်းကြောင်း ဓာတ်ပြားကြည့်ခြင်း၊ စအိုဝအသားစယူပြီး စစ်ဆေးခြင်း၊ ပူဖောင်းနဲ့လေသွင်းစစ်ဆေးခြင်း၊ အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်းကို လိုအပ်ပါတယ်။
မယ် – ဆရာဝန်နဲ့ပြသင့်တဲ့ ရောဂါလက္ခဏာများကရောဆရာ။
ဒေါက်တာမင်္ဂလာ – ကိုယ်အလေးချိန်သိသိသာသာလျော့ခြင်း၊ ဝမ်းသွားအားမရခြင်း၊ ဝမ်းကျဉ်းခြင်း၊ ဗိုက်ဖောင်း လာခြင်း၊ ဝမ်းသွားလိုက်ချုပ်လိုက်ဖြစ်ခြင်း၊ ဗိုက်တွင်းအလုံးပေါ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ သာမန်ထက်ပိုပြီးမော ပန်းလာခြင်း၊ သွေးအန်ခြင်း၊ ဗိုက်နာခြင်း၊ မိမိဆွေမျိုးမှာအူမကြီးကင်ဆာရှိသူများ ဖြစ်တတ်တယ်။
မောင် – ကုသနည်းများအကြောင်းရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အထွေထွေကုသနည်းများ၊ ဝမ်းပုံမှန်သွားအောင်အကျင့်ပြုလုပ်ပေးခြင်း၊ ဆေးဝါးနဲ့ကုသ ခြင်း၊ ခွဲစိပ်ကုသခြင်းတို့ဖြစ်ပါတယ်။
မယ် – အထွေထွေကုသနည်းများအကြောင်း ရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းချုပ်ခြင်းဖြစ်စေတဲ့အခြားရောဂါများ ရှာရမယ်။ ဝမ်းချုပ်စေတဲ့ဆေးဝါးနဲ့ ဝမ်းနှုတ်ဆေးစား ခြင်းရပ်ထားရပါမယ်။ အမျှင်ဓာတ်များပါဝင်တဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည် နဲ့အချိုရည်များများသောက်ရမယ်။ တစ်နေ့ရေသန့် သုံးဗူးသောက်ရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းရှောင်ရမယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစား နာရီဝက်မှတစ်နာရီ (အပြေး၊ လမ်းလျှောက်၊ စက်ဘီး စီး) လုပ်ရမယ်။ အမျှင်ဓာတ်ပါတဲ့အစာစား ပေးရမယ်။
မောင် – ဝမ်းမှန်ဖို့ ဘယ်လိုပြုကျင့်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – မနက်ပိုင်း၊ ပုံမှန်အိမ်သာမှာအကျင့်လုပ်ပြီး ဝမ်းသွားသင့်တယ်။ အချိန်မှန်အိမ်သာထိုင်ပါ။
မယ် – ဆေးဝါးနဲ့ကုသခြင်း အကြောင်းဆွေးနွေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းသွားလွယ်တဲ့ဆေးများ၊ ဝမ်းပျော့ဆေးများ၊ ဝမ်းရဲ့ရေပမာဏများစေတဲ့ဆေးများ၊ အူ လမ်းကြောင်းကိုလှုံ့ဆော်တဲ့ဆေးများ (ပွေးကိုင်း) အူလှုပ်ရှားမှုမြန်စေတဲ့ ဆေးဝါး၊ ဝမ်းချူတောင့်၊ ဝမ်းချူဘော လုံးများသုံးစွဲနိုင်ပါတယ်။
မောင် – ခွဲစိပ်ကုသနည်းအကြောင်း ရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အူလမ်းကြောင်းပိတ်ခြင်းနဲ့ အူမကြီးကင်ဆာဖြစ်ခြင်းတို့မှာ ခွဲစိပ်ကုသမှုခံယူဖို့လိုတယ်။
မယ် – ဝမ်းနှုတ်ဆေးရဲ့ ဆိုးကျိုးတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းနှုတ်ဆေးကြာရှည်စွဲသောက်ရင် ခန္ဓာကိုယ်တွင်ပိုတက်စီယမ်ဓာတ် လျော့နည်းခြင်းက ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်းဖြစ်နိုင်ပါတယ်။ အူလမ်း ကြောင်းကြွက်သားများ ညှစ်အားလျော့နည်းကာ ဝမ်းနှုတ်ဆေးမသောက်ရင်မသွားဘဲရှိတယ်။ နှစ်ရှည်လများ ဝမ်းနှုတ်ဆေးစားလို့ အူမကြီးအမြှေးပါး အရောင်ပြောင်းကာလုပ်ငန်းများစေတယ်။ အချို့ဝမ်းနှုတ်ဆေးကို ကိုယ် ဝန်ဆောင်စဉ်မသုံးသင့်ပါ။ ဆီးချိုရောဂါမှာ မသုံးသင့်ပါ။
မောင် – အဓိက မှတ်ထားရမှာတွေရှင်းပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းချုပ်ခြင်းဟာအစားအသောက် ပုံမှန်မရခြင်း၊ ရေသောက်နည်းခြင်း၊ ဝမ်းကိုအကျင့်လုပ် ပြီးသွားခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်နာရီဝက် မလုပ်လို့ဖြစ်တယ်။ ဝမ်း ချုပ်ခြင်းဟာအူမကြီးကင်ဆာနဲ့ အခြားရောဂါများရဲ့ကနဦး ရောဂါလက္ခဏာဖြစ်တယ်။ လိပ်ခေါင်းရောဂါကြောင့် စအိုမှသွေးဆင်းသူများ၊ နှလုံးရောဂါနဲ့ဆေးဝါးသုံးစွဲသူများဟာ ဝမ်းပျော့ဆေးသုံးရမယ်။
Author: ဒေါက်တာမင်္ဂလာ (Vol-8 / No-11) Healthcare Journal
(Unicode)

ညနေ ဆည်းဆာချိန် ငါးနာရီခွဲ ခြောက်နာရီခန့်တွင် မိမိဆေးခန်း၏ ကပ်ရပ် အအေးဆိုင်ကလေး၌ အသက်၁၃ နှစ် ၁၄ နှစ်ဝန်းကျင်ကလေးများ အအေးလာသောက်ကြပါသည်။ အချို့မှာ ထမင်းဆီဆမ်းမှာ၍ စားသကဲ့သို့ ခေါက်ဆွဲပြုတ်များမှာပြီးစားကြသည်ကို တွေ့ရပါသည်။ ကျူရှင်အပြန်တွင် စုဖွဲ့၍ လာကြပါသည်။ ကျူရှင်မရှိလည်း ဖုန်းကလေးများနှင့် ချိန်းဆက်ပြီး တွေ့ဆုံကြပါသည်။ ကလေးအသံများ ဆူညံနေ၍ မီးခိုနံ့များ ထွက်နေခြင်းကို ကြားမြင်နေရပါသည်။ ၎င်းတို့၏ လက်ကြားထဲတွင် မီးခိုများ သမ်းနေသော စီးကရက်ကလေးများကို တွေ့မြင်ရ၍ အရွယ်နှင့် မလိုက် မအပ်စပ်ခြင်း၊ စိတ်ထဲမှာ မှတ်ယူမိပါသည်။ တစ်ရက်တည်းမဟုတ်ဘဲ နေ့စဉ်လိုလို မြင်တွေ့နေရ၍ စိတ်မကောင်းဖြစ်မိပါသည်။
လူငယ်များဆေးလိပ်သောက်ခြင်း
ကျွန်တော်တို့နိုင်ငံတွင် မြို့နေလူငယ်များသာမက တောနေလူငယ်များပါ ဆေးလိပ်သောက်ကြပါသည်။
ယောက်ျားကလေးများ သောက်သကဲ့သို့ မိန်းကလေးများလည်း သောက်လာကြပါသည်။ ယောက်ျားကလေးများသည် ၁၄နှစ်အရွယ်ကတည်းက စတင်သောက်နေကြပါသည်။ ယခုနောက်ပိုင်းတွင် သိသိသာသာ ငယ်လာသည်ကို တွေ့ရပါသည်။ ဆေးလိပ်သောက်သူများလာ၍ ဆေးလိပ်မြောက်များစွာရောင်းကောင်းနေကြပါသည်။ ဆိုးကျိုးအပြင်လူငယ်များ လူ့ဘဝသက်တမ်းစေ့ မနေရဘဲ သေဆုံးမှုများ မြန်လာပါသည်။
လူငယ်များ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးနှင့် အန္တရာယ်များကို များစွာ ရင်ဆိုင်ရပါတော့မည်။ အသက် ၁၅ နှစ်အောက် ဆေးလိပ်စသောက်သော လူငယ်များ၏ အဆုတ်မှ ဆဲလ်များသည် နှစ်ပေါင်းများစွာ ကြာမြင့်လာပါက အဆုတ်ဆဲလ်များထဲမှ မျိုးရိုးဗီဇ ပြောင်းပြီး ဆဲလ်အရည်အတွက်သည် ပိုးများလာပါသည်။ အဆုတ်ကင်ဆာဖြစ်ပွားရန် ပိုမိုအခွင့်အရေးများပါသည်။
လူငယ်များ စီးကရက်သောက်သော အကြောင်းရင်း
ငယ်စဉ်ကတည်းက ဆေးလိပ်ကို စတင်စွဲလမ်းခဲ့ပါက အသက်ကြီးလေ ဆေးလိပ်အဖြတ်ရခက်လေ ဖြစ်တတ်ပါသည်။ အိမ်တွင် အဖေရော၊ အမေပါ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးများလည်း သောက်လာကြပါသည်။ ရုပ်ရှင်မင်းသား၊ မင်းသမီး၊ မော်ဒယ်လ်များ ဆေးလိပ်သောက်ဟန်ကို သဘောကျ၍ အတုမြင်၊ အတက်သင်ကာ ဆေးလိပ်သောက်ကြပါသည်။ မိဘ၊ ဆွေမျိုးများက ဆေးလိပ်ဝယ်ခိုင်းခြင်း၊ ဆေးလိပ်မီးညှိခိုင်းခြင်းကြောင့်လည်း သွေးတိုးစမ်းကာ သောက်ကြပါသည်။
စီးကရက် ကြော်ငြာအေဂျင်စီများကြောင့်လည်း လူငယ်များ ဆေးလိပ်သောက်ကြပါသည်။ ဆေးလိပ်ကြော်ငြာ ဆွဲဆောင်မှုများကို မလွန်ဆန်နိုင်ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ မိဘများသာမက ပညာသင်ကြားပေးသော ဆရာများ၏ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုသည့်အတိုင်း လူငယ်ကျောင်းသားများရှေ့ ဆေးလိပ်သောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။
ဆေးလိပ်၏ ဆိုးကျိုး
လူငယ်များ စီးကရက်သောက်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေပါသည်။ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်တို့တွင် ရောဂါများဖြစ်ကာ အသက်တိုစေပါသည်။ ဆေးလိပ်သောက်သော လူငယ်ကျောင်းသားများသည် မှတ်ဉာဏ်လျော့နည်းကာ ပညာရေးကို ထိခိုက်စေပါသည်။ ဦးနှောက်ကို ထိခိုက်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနှင့် ပျိုနုအရွယ်ကို ထိခိုက်ခြင်းများ ဖြစ်စေပါသည်။
အကြံပြုချက်
လူငယ်များ ဆေးလိပ်ကင်းဝေးကြီးပြင်းနိုင်ရန် ကျောင်းအခြေပြု ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးရပါမည်။ ကျောင်းတွင်း အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ပေးရပါမည်။ စာကြည့်တိုက်များတွင် ဖွင့်လှစ်ပြီး ပညာပေးရပါမည်။ မိဘနှင့် ဆရာများပူးပေါင်းပြီး ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို ဆောင်ရွက်သင့်ပါသည်။ စီးကရက်တွင် ပါဝင်သော နီကိုတင်းဓာတ်သည် ဆိုးသောကြောင့် ဆေးလိပ်ကို လုံးဝ (လုံးဝ) မစမိအောင် သတိထားရပါမည်။ လူငယ်များ ကျန်းမာမှ နိုင်ငံရတနာများ ဖြစ်လာပါမည်။ ကျန်းမာသော လူငယ်များဖြစ်လာစေရန် စီးကရက်သောက်ခြင်းကို ကန့်ကွက်ရှောင်ရှားသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာ ကောင်းစံ, Healthcare Journal