
နာနတ်သီးက လူအများစုကြိုက်နှစ်သက်တဲ့အသီးအနှံတစ်မျိုးပါ။အရသာလည်းကောင်းမွန်သလို သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေဆိုတာလည်းအများကြီးပါပဲ။လေ့လာချက်တွေအရ နာနတ်သီးဖျော်ရည်သောက်တာက ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေတယ်လို့သိရပါတယ်။
ဘယ်လိုအချက်တွေကြောင့် နာနတ်သီးက ဝိတ်ကျစေတာလဲ?
* ဇီဝဖြစ်စဉ်ကောင်းမွန်စေ
နာနတ်သီးမှာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါဝင်ပါတယ်။အဲ့ဒီအင်ဇိုင်းဓာတ်ဟာ မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေတဲ့အတွက် အဆီပိုတွေလည်းမြန်မြန်ဆန်ဆန်ကျဆင်းသွားပါတယ်။
*အမျှင်ဓာတ်ကြွယ်ဝ
ဗီတာမင်စီနဲ့သံဓာတ်ကြွယ်ဝပြီး အမျှင်ဓတာ်များပြားတဲ့အတွက် ခဏခဏဗိုက်ဆာလောင်တာမျိုးမဖြစ်စေတော့ပါဘူး။ခဏခဏမစားဖြစ်တော့တဲ့အတွက် ကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်စေပါတယ်။
*အစာခြေစနစ်ကောင်းမွန်စေတယ်
အစာခြေစနစ်မကောင်းဘူးဆိုရင် ဝိတ်လည်းမြန်မြန်တက်စေပါတယ်။နာနတ်သီးဖျော်ရည်သောက်သုံးပေးမယ်ဆိုရင်တော့ အစာကိုပိုပြီးမြန်မြန်ကြေညက်စေပြီး အစာခြေစနစ်ကောင်းမွန်စေပါတယ်။အစာခြေစနစ်ကောင်းမွန်တယ်ဆိုရင် ဝိတ်မြန်မြန်ကျပါတယ်။
နာနတ်သီးဖျော်ရည်ကို ဆီးချိုရောဂါဝေဒနာရှင်တွေတော့ မသောက်သင့်ပါဘူး။ဒါ့အပြင် ဝိတ်မြန်မြန်ကျအောင်ဆိုပြီးအများကြီးလည်းမသောက်သင့်ပါဘူး။နာနတ်သီးမှာ သကြားဓာတ်များစွာပါဝင်တဲ့အတွက် အများကြီးသောက်မယ်ဆိုရင် ကယ်လိုရီပိုတက်လာနိုင်ပါတယ်။ဒါကြောင့် နှစ်ရက်ခြားတစ်ခါ၊သုံးရက်ခြားတစ်ခါလောက်သာ နာနတ်သီးဖျော်ရည်တစ်ခွက်သောက်ပေးသင့်ပါတယ်။