
ကြောင်မွေးတာ အတွေ့အကြုံရှိပါတယ်ဆိုတဲ့ ကြောင်ပိုင်ရှင်တွေတောင်မှ တစ်ခါတစ်လေ အမှားအကြီးကြီးတွေကို ကျူးလွန်မိတတ်ပါတယ်။ တိရစ္ဆာန်လေးတွေဆိုတာက သူတို့ကို သက်တောင့်သက်သာမထားပေးတဲ့အခါ အပြုအမူဆိုးတွေ လုပ်တတ်ပါတယ်။ အောက်ဘက်မှာတော့ တွေ့မြင်ရတဲ့ ကြောင်ပိုင်ရှင်တွေရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ချို့ကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။
အစာခြောက်တွေသာ ကျွေးခြင်း
အစာခြောက်တွေဆိုတာက ကြောင်လေးတွေအတွက် အဆာပြေစားစရာပါ။ သူတို့ရဲ့ ဆာလောင်မှုကို မတင်းတိမ်စေပါဘူး။ ကြောင်လေးတွေရဲ့ တစ်နေ့တာမီနူးထဲမှာ အသား၊ငါးနဲ့ ထမင်းလိုမျိုး အစာစိုတွေပါ ပါဝင်အောင် ထည့်ကျွေးသင့်ပါတယ်။ အစာခြောက်တွေကိုတော့ နေ့လည်နေ့ခင်းပိုင်းမှာ အဆာပြေသဘောအနေနဲ့ ကြောင်လေးတွေကို ကျွေးနိုင်ပါတယ်။

unsplash/Akemy Mory
နို့တိုက်ခြင်း
ကြောင်ပေါက်လေးတွေဟာ မိခင်ကြောင်မကြီးရဲ့ နို့ကို သောက်စို့ရပါတယ်။ ဒါပေမယ့် အကြောင်းမျိုးမျိုးကြောင့် မိခင်နို့ရည်သောက်ခွင့်မရတဲ့ ကြောင်ပေါက်လေးတွေကိုတော့ ဆိတ်နို့၊ နွားနို့၊ နို့မှုန့်စတာတွေနဲ့ အစားထိုးတိုက်ကြပါတယ်။ ဒါပေမယ့် ကြောင်တွေဟာ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေဖြစ်ပြီး နို့ကိုဖြိုခွင်းမယ့်အင်ဇိုင်းတွေက ထွက်တာနည်းလာပါတယ်။ ဒါကြောင့် အခန့်မသင့်ရင် အလာဂျီဖြစ်နိုင်တာမို့ အရွယ်ရောက်ပြီးကြောင်တွေကိုတော့ နို့မတိုက်သင့်ပါဘူး။
ဆရာဝန်နဲ့ မပြသခြင်း
အိမ်ပြင်ကို ပေးမထွက်ပဲ အိမ်ထဲမှာပဲ ထားပါတယ်ဆိုတဲ့ ကြောင်တွေတောင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ အကောင်းဆုံးကတော့ သင့်ကြောင်လေးကို (၆) လတစ်ကြိမ် တိရစ္ဆာန်ကုဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

unsplash/The Lucky Neko
အိမ်စိုက်အပင်များ
အချို့အိမ်စိုက်ပင်တွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ကြောင်လေးတွေကလည်း တစ်ခါတစ်လေ ပန်းတွေကို စားတတ်တာကြောင့် အပင်တွေကို ကြောင်တွေမရောက်နိုင်တဲ့ နေရာမှာထားတာ အကောင်းဆုံးပါ။
ရေချိုးပေးခြင်း
အချို့သောခွေးတွေဟာ သူတို့ပိုင်ရှင်ကိုယ်တိုင် ရေချိုးပေးတာတောင်မှ စိတ်လှုပ်ရှားတတ်ကြပါတယ်။ ကြောင်တွေက ပုံမှန်ဆို ရေချိုးဖို့မလိုပါဘူး။ သူတို့က သူတို့ကိုယ်သူတို့ ပုံမှန်သန့်ရှင်းနိုင်ကြပါတယ်။ တကယ်လို့ စာဖတ်သူရဲ့ ကြောင်လေးက ညစ်ပတ်နေတယ်ဆိုရင် ပုဝါအစိုတစ်ထည်နဲ့ ကြောင်ကိုယ်ပေါ်မှာ စွန်းထင်းနေတဲ့ အစွန်းအထင်းတွေကို ညစ်ပတ်စွာ တိုက်ချွတ်ပေးသင့်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကြောင်လေးတွေမှာလည်း ရေချိုးပေးဖို့ လိုအပ်တဲ့အချိန် ရှိပါသေးတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ ကြောင်ရဲ့ တစ်ကိုယ်လုံးကို သန့်ရှင်းပေးစရာမလိုပါဘူး။ ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကိုပဲ သန့်ရှင်းပေးတယ်ဆိုရင် လုံလောက်ပါတယ်။
လင်းလင်း (ShweMom)