မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ
hellosayarwon.com
|
2019-11-21


ကလေးမှာမွေးရာပါအမှတ်လေးပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့

အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီအမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ အမှတ်ကလေးတွေအကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါနော်။

မွေးရာပါအမှတ်ဆိုတာဘာများလဲ...........
မွေးရာပါအမှတ်ဆိုတာ

မေမေ့ဗိုက် ထဲက မွေးလာကတည်းက

ဘေဘီလေး ရဲ့

ခန္ဓာကိုယ် မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေကအရောင်အမျိုးမျိုးနဲ့ဖြစ်နိုင်သလို ပုံစံကလည်းအမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။

ဘာကြောင့်အမှတ်ဖြစ်ရတာလဲ......


အခုချိန်ထိ အမှတ်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာမဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေရှိနေပေမယ့်လည်း အခုချိန်ထိ ဘယ်အချက်ကမှန်လဲဆိုတာကို တိတိကျကျသက်သေအထောက်အထားပြနိုင်တာမျိုးမရှိသေးပါဘူး။

အမှတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လား........
အမှတ်အများစုကတော့ ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပါဘူး။ အချို့အမှတ်တွေဆို အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမှတ်တိုင်းကနောက်ဆက်တွဲကျန်းမာရေးပြဿနာမရှိနိုင်တာတော့မဟုတ်ပါဘူး။ အချို့

ဆံချည်မျှင်သွေးကြောလေးတွေ ပါဝင်နေတဲ့ အမှတ်တွေဆိုရင် မအီမသာဖြစ်တာမျိုး၊ ထိမိရင်သွေးထွက်တာကနေတဆင့် အနာဖြစ်ပြီးပိုးဝင်တာနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တာမျိုးခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ကုသမှုခံယူဖို့လိုမလဲ..........
အမှတ်ကသူ့အလိုလိုပျောက်သွားတာမျိုးမဟုတ်ဘဲ အခုလိုအနေအထားမျိုးတွေဖြစ်လာမယ်ဆိုရင် ကုသမှုအမြန်ဆုံးခံယူစေချင်ပါတယ်။
အမှတ်က ပုံစံပြောင်းလာမယ်ဆိုရင်
တဖြည်းဖြည်းကြီးလာမယ်

မအီမသာ ဖြစ်မယ် (အမှတ်နေရာက နာတာမျိုးဖြစ်မယ်)
မျက်ခွံပေါ်မှာဖြစ်မယ် (အမှတ်ကလည်းတဖြည်းဖြည်းကြီးလာမယ်) အမှတ်ကြောင့် မျက်လုံး၊

ဦးနှောက် နဲ့အရေပြားကသွေးကြောလေးတွေကို ထိခိုက်မှုရှိလာမယ်ဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။

ဘယ်လိုကုထုံးတွေရှိလဲ................
မွေးရာပါအမှတ်တွေအတွက် ကုထုံးတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ တကယ်လို့ အမှတ်က

အမြင်အာရုံ ၊ စားတာသောက်တာ၊ အကြားအာရုံ နဲ့ အခြားဆိုးဆိုးရွားရွားထိခိုက်စေတာမျိုးမရှိရင် ဒါမှမဟုတ်

ကျန်းမာရေးပြဿနာ တစ်ခုခုမဖြစ်ဘူးဆိုရင် ဒီအတိုင်းထားလိုက်တာက အဆင်အပြေဆုံးပါ။ နောက်ဆက်တွဲပြဿနာတွေရှိလာမယ်။ ကြည့်ရဆိုးမယ်ဆိုရင် အခုလိုကုထုံးတွေကို သုံးပြီး မွေးရာပါအမှတ်တွေကို ကုသလို့ရပါတယ်။  အမှတ်အမျိုးအစား၊ အရွယ်အစားနဲ့ ဖြစ်တဲ့နေရာကိုလိုက်ပြီးတော့တော့ ကုထုံးအမျိုးအစားကွာခြားနိုင်ပါတယ်။ ဆေးသောက်တဲ့ကုထုံး- အမှတ်ကိုထပ်ပွားမလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပေးရုံပါ။ ဆရာဝန်က အမှတ်အနေအထားကိုကြည့်ပြီး ပေးတဲ့ဆေးအမျိုးအစားကတော့ ကွာခြားမှုရှိနိုင်ပါတယ်။ ဆေးထိုးတဲ့ကုထုံး - ဆေးထိုးပြီး အမှတ်ထပ်ပွားမလာအောင်လုပ်ပေးတာပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ဆေးထိုးပေးဖို့တော့လိုပါမယ်။

လဆောကုထုံး - အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အမှတ်တွေကို အထိရောက်ဆုံးဖယ်ရှားကုသပေးနိုင်တဲ့ နည်းလမ်းပါ။ အပေါ်ကနည်းလမ်းတွေနဲ့အဆင်မပြေဘူးဆိုရင် လေဆာရောင်ခြည်ကိုသုံးပြီး အမှတ်တွေကိုဖယ်ရှားပါလိမ့်မယ်။ ခွဲစိတ်ကုထုံး - အခြားနည်းလမ်းတွေကို စမ်းကြည့်ပေမယ့် လုံးဝအဆင်မပြေဘူးဆိုခဲ့ရင်တော့ ခွဲစိတ်ကုသမှုနည်းလမ်းကို အသုံးပြုပြီး အမှတ်ကို ဖယ်ရှားပါလိမ့်မယ်။ ခွဲစိတ်ကုသဖို့လိုမလားဆိုတာကိုတော့ ဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#အမှတ်
#ကုသမှု
#မာရေး
#ပြဿနာ
#ဆရာဝန်

Some text some message..