ခွေးလေးတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ လုံးဝမကျွေးသင့်တဲ့ အစားအစာ(၅)ခုအကြောင်း
shwemom.com
|
2019-11-25

ကိုယ်ကတော့ခွေးလေးတွေကို ချစ်လှပါချည်ရဲ့ဆိုပြီး ကိုယ်စားသမျှချကျွေးလိုက်ပေမယ့် သူတို့ခင်ဗျာတော့ အစာအဆိပ်သင့်တာတွေ၊ ဓာတ်မတည့်တာတွေ ဖြစ်သွားတတ်တာမလို့ ခွေးချစ်သူများအနေနဲ့ ဒီအချက်ကို အထူးသတိထားရမှာပါ။ ဘယ်လိုအစားအသောက်တွေကို ရှောင်ကျဉ်သင့်လဲ၊ ဘာကြောင့်လဲဆိုတာကိုတော့ အောက်မှာဖော်ပြပေးသွားမှာမလို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။


အသားစိမ်း၊ ငါးစိမ်းနဲ့ ကြက်ဥအစိမ်းများ

ခွေးဆိုတော့ အသားစိမ်းတွေစားမှာပဲဆိုပြီး မကျွေးလိုက်မိပါစေနဲ့။ FDA တောင်မှ ဒီအချက်ကို ကန့်သတ်ထားပါသေးတယ်။ ကြက်ဥအစိမ်းဆိုရင် ခွေးလေးတွကို အရေပြားပြဿနာတွေဖြစ်တတ်တယ်၊ ငါးအစိမ်းကျ ကိုယ်တွင်းမှာ ကပ်ပါးကောင်တွေ ခိုအောင်းလာနိုင်ပြီး သေစေနိုင်တဲ့အထိ ဖြစ်တတ်လို့ပါပဲ။ ဒါကြောင့် သေချာကျက်အောင်ချက်ပြီးမှ ကျွေးကြပါနော်။


ဝက်ပေါင်ခြောက်နဲ့အဆီများသောအသားတုံးများ

ခွေးစာအတွက် ဈေးပေါပေါနဲ့ဝယ်လို့ရနိုင်မယ့် အဆီခပ်များများအသားတုံးတွေဟာ ပန်ကရိယကို ကြာလာရင် ဆိုးဆိုးရွားရွားထိခိုက်နိုင်တဲ့အတွက်ကြောင့် မကျွေးကြပါနဲ့နော်။


Pixabay-Fran__


နို့၊ ချိစ်၊ ရေခဲမုန့်နဲ့ နို့ထွက်ပစ္စည်းများ

သကြားဓာတ် lactose ကို ခံနိုင်ရည်မရှိတဲ့ခွေးလေးတွေမှအများကြီးရှိနေပါတယ်။ ဒါကြောင့် ဒီလိုခွေးလေးတွေကို အပေါ်က အစားအစာတွေ ကျွေးမိလိုက်တဲ့အခါ ဝမ်းလျှောတာ၊ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်တာ၊ အဆီအစိမ့်တွေများလို့ ပန်ကရိယထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။


ချောကလတ်

ချောကလတ်မှာပါဝင်တဲ့ Theobromine ဓာတ်ဟာ ခွေးလေးတွေအတွက် ထိပ်ဆုံးက အဆိပ်ရှိစေတဲ့အစားအသောက်ထဲ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ကစလို့ နှလုံးမြန်မယ်၊ လေငန်းဆွဲမယ်၊ သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။


ကြက်သွန်

ခွေးစာထဲပိုမွှေးသွားအောင်လို့ဆိုပြီး ကိုယ်ကတော့ စေတနာနဲ့ ကြက်သွန်နီထည့်ချက်တာ၊ ကြက်သွန်ဖြူထည့်ချက်တာမျိုး ရှောင်ကျဉ်ရပါမယ်နော်။ ဘာကြောင့်ဆို ကြက်သွန်တွေဟာ ခွေးလေးတွေရဲ့ သွေးနီဥတွေကို ဖျက်ဆီးကာ သွေးအားနည်းရောဂါဖြစ်စေတတ်လို့ပါပဲ။ တပြိုင်နက်တည်းအများကြီးစားမိမယ်ဆိုရင်တော့ ချက်ချင်းဆိုသလိုပဲ အစာအဆိပ်သင့်စေနိုင်မှာပါ။ လက္ခဏာတွေကတော့ အားနည်းမယ်၊ အန်မယ်၊ အသက်ရှူသံခပ်ပြင်းပြင်းတွေမကြားရတော့ဘူး၊ အစားအစာတွေကို စိတ်ဝင်စားမှုမရှိတော့ဘူး။


Pixabay-angel1238812


Penny


#ခွေးလေး
#ပန်ကရိယ
#ခွေး
#အစိမ်း
#အသား

Some text some message..