(Zawgyi)
လူတစ်ယောက် လှခြင်း၊ မလှခြင်းဆိုတာ ပိန်ခြင်း၊ ဝခြင်းပေါ် မမူတည်ပါဘူး။ အဓိက ကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ ဒါပေမဲ့ အဝလွန်တဲ့ ခန္ဓာကိုယ်မဖြစ်ဖို့အတွက် ဂရုစိုက်ပေးဖို့တော့ လိုပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ အဝလွန်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိုခိုက်စေတဲ့ ရောဂါတစ်မျိုးဖြစ်လို့ပဲဖြစ်ပါတယ်။
ပျိုမေလေးတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ကျစ်လျစ်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ချင်တယ်။ စကပ်အတို၊ ဘောင်းဘီအတိုလေးတွေ ဝတ်တဲ့အခါ ပေါင်တံကျစ်ကျစ်လှလှပပလေးဖြစ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးဖို့လိုပါတယ်။
သွယ်လျကျစ်လျစ်တဲ့ ပေါင်တံလေးပိုင်ဆိုင်ဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
လေ့ကျင့်ခန်း (၁)
ပုံမှပြထားတဲ့အတိုင်း ခါးမတ်မတ်ထိုင်ကာ ခြေဖဝါးနှစ်ဖက်ကို ပူးကပ်ထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က ခြေဖဝါးကို ကိုင်ထားလိုက်ပါ။ ပြီးရင် ဒူးခေါင်းကို အပေါ်ကြွလိုက် ကြမ်းပြင်ပေါ် ပြန်ချလိုက်ဖြင့် အကြိမ် ၃၀ တိတိ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
အရင်ဦးဆုံး ပုခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကို ချဲထားပါ။ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းပြီး Squat ထိုင်ပေးပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ ထို့နောက် ပြန်ထပါ။ ထိုင်လိုက် ထလိုက် အကြိမ် ၃၀၊ ၃ ကြော့၊ ၄ ကြော့စီ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၃)
ညာခြေထောက်ကို ခန္ဓာကိုယ် ဘေးဘက်သို့ ဆန့်တန်းပြီး ဘယ်ခြေကိုတော့ ပေါင်အတွင်းဘက်သို့ ပုံပါအတိုင်း ကွေးထားလိုက်ပါ။ ခါးမတ်မတ်ထားပြီး ထိုင်နေပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းကာ ခန္ဓာကိုယ် ဘေးဘက်သို့ ဖြည်းဖြည်းချင်းစီ လှဲချလိုက်ပါ။ ဘယ်လက်က ဘယ်ခြေချောင်းလေးတွေကို ထိကပ်ပေးလိုက်ပါ။ ထိုအနေအထားအတိုင်း ငါးစက္ကန့်ခန့် တောင့်ထားလိုက်ပါ။
ပြီးမှ မူလအနေအထားအတိုင်း ပြန်နေပြီး ၁၀ ကြိမ် တိတိပြုလုပ်ပေးပါ။ ၁၀ ကြိမ်ပြည့်ပါက ဘက်ပြောင်းပြီး လေ့ကျင့်ခန်း ဆက်လုပ်ပေးပါ။
လေ့ကျင့်ခန်း (၄)
ပုံပါအတိုင်း လက်နှစ်ဖက်ထောက်ထားပါ။ ဒူးနှစ်ဖက်ကိုလည်း ၉၀ ဒီဂရီထောက်ထားပါ။ ထို့နောက် ဘယ်ခြေကို အပေါ်မြှောက်ကာ အနောက်သို့ ဆန့်တန်းလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ထို့နောက် ခြေထောက်ကို ဆန့်တန်းပြီး အနောက်သို့ ကန်ထုတ်လိုက်ပါ။ ၁၅ ကြိမ် တိတိပြုလုပ်ပေးရပါမယ်။ ၁၅ ကြိမ်ပြည့်တဲ့အခါ ခြေထောက်ကို ဘက်ပြောင်းပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
လေ့ကျင့်ခန်း ပြုလုပ်တဲ့ဖျာပေါ်မှာ ဝမ်းဗိုက်အားဖြင့် လှဲလျောင်းနေပါ။ ထို့နောက် ညာခြေကို ကွေးလိုက်ပြီး ညာလက်က ညာခြေကို ဆွဲနိုင်သမျှ ဆွဲထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ခန့် တောင့်ခံထားပြိးနောက် ဘယ်ဒူးကို ကွေးထားကာ ဘယ်လက်ဖြင့် ဆွဲယူလိုက်ပါ။ တစ်ဖက်ကို အနည်းဆုံး (၁၅) ကြိမ်စီ ပြုလုပ်ပေးရပါမယ်။
Source: Stylesatlife.com
By MyStyle Myanmar
(Unicode)

The post
ပေါင်က အဆီပိုများကို ဖယ်ရှားပေးမယ့် ထိရောက်တဲ့လေ့ကျင့်ခန်းများ
appeared first on
MyStyle Myanmar
.