(Zawgyi)
ဆီးပိုးဝင်တယ်ဆိုတာ အမျိုးသမီးတွေမှာ ခဏခဏဖြစ်နေတတ်တဲ့ ရောဂါတွေထဲကတစ်ခုပါ။ အသက်ကြီးငယ်မရွေးဖြစ်နိုင်ပါတယ်။ဆီးပိုးဘာကြောင့်ဝင်လဲ။
ဆီးပိုးအများစုက ဘက်တီးရီးယားတွေကြောင့်ဖြစ်တာပါ။ လိင်ဆက်ဆံခြင်းကတဆင့်ကူးစက်တာလည်း ဖြစ်နိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အခါလည်းဖြစ်နိုင်တယ်။ အဝတ်အစားနဲ့ အောက်ခင်းတွေ ညစ်ပတ်တာကြောင့်လည်းဖြစ်နိုင်တယ်။ဆီးအောင့်ထားတဲ့သူတွေမှာလည်းဖြစ်တတ်တယ်။ ဆီးအောင့်တာကြာလာတာနဲ့အမျှ ဆီးထဲအနည်ထိုင်တာများလာပြီး ဘက်တီးရီးယားပေါက်ဖွားမှုကိုအားပေးတတ်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ သုံးတဲ့ ပစ္စည်းတွေမသန့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းကပိုတိုတဲ့အတွက်ကြောင့် ဆီးပိုးဝင်ဖို့အခွင့် ပိုများပါတယ်။
ဆီးပိုးဝင်တဲ့ လက္ခဏာပြတဲ့ အမျိုးသမီးတိုင်း ဆေးကုဖို့ လိုမလို စောင့်ကြည့်တတ်ပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဆီးပိုးဝင်ရင်တော့ ဆေးကုဖို့လို အပ်ပါတယ်။ သာမန်လူတစ်ယောက်မှာ ဆီးပူတယ်ဆီးကျဉ်တယ်။ ဆီးခဏခဏသွားချင်တယ်။ ဆီးတစ်ခါသွားထားလည်း မဝသလိုခံစားရပြီး ထပ်ထပ်သွားချင်နေတယ် ဆိုရင် ဆီးပိုးဝင်ချင်လို့များလား ဆိုပြီးစဉ်းစားကြတယ်။ ဒီထက်ပိုဆိုးတဲ့အခါမှာတော့ ဖျားတာ အန်ချင်တာတွေ ခါးနာတာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒီလိုအခါမှာ သေချာအောင် ဆီးကိုစစ်ဆေးတာတွေလုပ်လို့ရတယ်။
ဆီးထဲမှာဘက်တီးရီးယားပိုး မပါတာဖြစ်ဖြစ်၊သတ်မှတ်ထားသလောက်မပါတာဖြစ်ဖြစ်ဆိုရင် ပိုးသတ်ဆေးသောက်ဖို့လိုချင်မှလိုတတ်ပါတယ်။ဒီလိုလက္ခဏာတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ ဖြစ်နေတာဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆီးစစ်ဆေးရင်းနဲ့ ဘက်တီးရီးယားပိုးတွေ့တာဖြစ် ဖြစ် သေချာကုဖို့လိုပါတယ်။
ကိုယ်ဝန်သည်လည်း ဆီးပိုးဝင်နိုင်တယ်။ ကိုယ်ဝန်ကာလမှာ လနုစဉ်မှာတော့ ဆီးခဏခဏသွားချင်စိတ်ဖြစ်တတ်တယ်။ ဆီးပိုးဝင်တာနဲ့မဆိုင်ပါဘူး။ လရင့်လာတာနဲ့အမျှ တဖြည်းဖြည်းဗိုက်ထွက်လာတော့ ဆီးအိမ်ကိုညှစ်ထားသလိုဖြစ်ပြီး ဆီးသိပ်မသွားချင်တော့ဘူး။ ဆီးသွားချင်ပြီဆိုလည်း သိပ်မအောင့်ထား နိုင်တော့ဘူး။
ကိုယ်ဝန်ဆောင်မှာ ဆီးပိုးဝင်တယ်ဆို ဘာကြောင့် အရေးကြီးတာလဲ။
ဆီးပိုးဝင်တဲ့အခါ ဆီးသွားရာလမ်းကြောင်းနေတဆင့် သားအိမ်လမ်းကြောင်းတလျှောက် ဘက်တီးရီးယားပိုးကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်သည်တွေမှာဖြစ်ခဲ့ရင် သန္ဓေသားကိုပါ ထိခိုက်မှာစိုးလို့ပါ။ နောက်တစ်ခုကတော့ ဆီးပိုးဝင်တဲ့အခါ ဖျားနာတာတွေ၊ အော့အန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မှာ ဖျားနာတာက ကလေးအတွက်ရော၊ မိခင်အတွက်ပါ အားယုတ်စေပါတယ်။ ဒါကြောင့် အဖျားမကြာရှည်စေဖို့ ပိုးသတ်ဆေးတွေ သောက်ဖို့လိုတတ်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အလိုလိုနေရင်းကို သွေးပေါင်တက်တတ်ပါတယ်။ ဗိုက်ကဖိထားတာကြောင့်လည်း ခြေထောက်တွေဖော ယောင်နေတတ်တယ်။ ဒီအချိန်မှာ ဆီးပိုးကိုသေချာမကုလို့ ထားခဲ့ရင် နောက်ဆက်တွဲ ကျောက်ကပ်ထိနိုင်ပါတယ်။ သာမန်လူလည်း ဆီးပိုးသေချာမကုရင်ထိနိုင်ပေမယ့် ကိုယ်ဝန်သည်တွေ ပိုထိလွယ်ပါတယ်။
အဓိကကတော့ ကိုယ်ဝန်သည်ဖြစ်ဖြစ်၊ သာမန်သူဖြစ်ဖြစ် ဆီးပိုးဝင်တဲ့ အခါ သေချာစစ်ဆေးကုသရင် အကောင်းဆုံးပါ။
ဆီးပိုးဝင်ချင်တဲ့အခါ ရေကိုများများသောက်ပါ။ တစ်ခါတည်းအများကြီးမသောက်နိုငိရင် နည်းနည်းစီကိုခဏခဏသောက်ပါ။ ဆီးလည်းမအောင့်ဘဲ ခဏခဏသွားပေးရပါတယ်။ အောက်ခင်းတွေအောက်ခံတွေ သန့်ရှင်းဖို့လိုပါတယ်။ အိမ်ထောင်သည်တွေဖြစ်ခဲ့ရင် ဆီးပိုးဝင်သလိုဖြစ်နေတဲ့အချိန်မှာ အမျိုးသားနဲ့ အတူတူမနေသင့်ပါဘူး။
ပိုးသတ်ဆေးသောက်ဖို့လိုတယ်ဆိုလည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။ ကိုယ်ဝန်သည်ဖြစ်ခဲ့ရင်တော့ သားဖွားမီးယပ်ဆရာဝန်ဆို ပိုအဆင်ပြေပါတယ်။ဒါကြောင့်ဆီးပိုးဝင်ချင်သလိုဖြစ်တာနဲ့ သက်ဆိုင်ရာဆရာဝန်ကို ဆေးသောက်ဖို့လိုမလိုတိုင်ပင်ပါ။ ဆေးသောက်တဲ့အခါ ဆေး dose ပြည့်အောင် သောက်ပါ။ ပိုးသတ်ဆေးအရှိန်ရလာတာနဲ့ ဆီးပိုးဝင်တာ သက်သာတတ်တယ်။ သက်သာလာတယ်ဆိုပြီးဆေးမရပ်ပါနဲ။့ မဟုတ်ရင် ဆီးပိုးက ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ ဖြစ်တဲ့အခါလည်း ဆေးမတိုးတာတွေဖြစ်လာနိုင်ပါတယ်။ လွယ်လွယ်မပျောက်တတ်ကြတော့ဘူး။ ကြာလာတာနဲ့အမျှ ကျောက်ကပ်လည်းထိခိုက်လာနိုင်တတ်ပါတယ်။
Author : Dr.CST
(Unicode)
ဆီးပိုးဝင်တယ်ဆိုတာ အမျိုးသမီးတွေမှာ ခဏခဏဖြစ်နေတတ်တဲ့ ရောဂါတွေထဲကတစ်ခုပါ။ အသက်ကြီးငယ်မရွေးဖြစ်နိုင်ပါတယ်။ဆီးပိုးဘာကြောင့်ဝင်လဲ။
ဆီးပိုးအများစုက ဘက်တီးရီးယားတွေကြောင့်ဖြစ်တာပါ။ လိင်ဆက်ဆံခြင်းကတဆင့်ကူးစက်တာလည်း ဖြစ်နိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အခါလည်းဖြစ်နိုင်တယ်။ အဝတ်အစားနဲ့ အောက်ခင်းတွေ ညစ်ပတ်တာကြောင့်လည်းဖြစ်နိုင်တယ်။ဆီးအောင့်ထားတဲ့သူတွေမှာလည်းဖြစ်တတ်တယ်။ ဆီးအောင့်တာကြာလာတာနဲ့အမျှ ဆီးထဲအနည်ထိုင်တာများလာပြီး ဘက်တီးရီးယားပေါက်ဖွားမှုကိုအားပေးတတ်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ သုံးတဲ့ ပစ္စည်းတွေမသန့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းကပိုတိုတဲ့အတွက်ကြောင့် ဆီးပိုးဝင်ဖို့အခွင့် ပိုများပါတယ်။
ဆီးပိုးဝင်တဲ့ လက္ခဏာပြတဲ့ အမျိုးသမီးတိုင်း ဆေးကုဖို့ လိုမလို စောင့်ကြည့်တတ်ပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဆီးပိုးဝင်ရင်တော့ ဆေးကုဖို့လို အပ်ပါတယ်။ သာမန်လူတစ်ယောက်မှာ ဆီးပူတယ်ဆီးကျဉ်တယ်။ ဆီးခဏခဏသွားချင်တယ်။ ဆီးတစ်ခါသွားထားလည်း မဝသလိုခံစားရပြီး ထပ်ထပ်သွားချင်နေတယ် ဆိုရင် ဆီးပိုးဝင်ချင်လို့များလား ဆိုပြီးစဉ်းစားကြတယ်။ ဒီ့ထက်ပိုဆိုးတဲ့အခါမှာတော့ ဖျားတာ အန်ချင်တာတွေ ခါးနာတာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒီလိုအခါမှာ သေချာအောင် ဆီးကိုစစ်ဆေးတာတွေလုပ်လို့ရတယ်။