သုတေသနလုပ်သူတွေက ကိုယ်ဝန်ဆောင် ၁၈% ဟာ ကိုယ်ဝန်ဆောင်ကာစမှာ အမွှာနဲ့စခဲ့ပြီး၊ နောက်မှကလေး တစ်ယောက်တည်း ဖြစ်သွားကြတယ်လို့ သံသယရှိကြတယ်။ ကိုယ်ဝန်ဆောင်စမှာ (အာလ်ထွာဆောင်း) ရိုက်တော့သန္ဓေသား နှစ်ခုတွေ့ပြီး နောက်ပိုင်းမှာ တစ်ခုတည်းဖြစ်တာကို Vanishing twin syndrome လို့ခေါ်တယ်။ Conjoined twins (Siamese) ကိုယ်ချင်းဆက်အမွှာဆိုတာက Monozygotic twins (ဇိုင်ဂုတ်) တစ်ခုတည်းကဖြစ်တဲ့ အမွှာအမျိုးဘဲ။ ကိုယ်နှစ်ခုက ကွဲမထွက်လို့ ဆက်နေတယ်။ ကိုယ်ဝန် ၅ သောင်းမှာသာ တစ်ယောက် ဖြစ်တတ်တယ်။မိသားစုထဲမှာ အမွှာမွေးဘူးသူရှိရင် အမွှာကိုယ်ဝန် ပိုဖြစ်နိုင်ခြေများတယ်။ Fraternal twins ထပ်တူ မဟုတ်တဲ့အမွှာ နဲ့ Identical twins ထပ်တူဖြစ်တဲ့အမွှာ ဆိုပြီး (၂) မျိုးရှိတယ်။ မတူတဲ့ အမျိုးအစားက ပိုများတယ်။ အမွှာကိုယ်ဝန်ဖြစ်နေတာကို ဆရာဝန်ကနေ ဗိုက်ကိုလက်နဲ့၊ နားကြပ်နဲ့ စမ်းတာနဲ့လဲ သိနိုင်တယ်။ သေချာအောင် Ultrasound (အာလ်ထွာဆောင်း) ရိုက်ရမယ်။ • အမွှာဆိုရင် ကိုယ်ဝန်ရိုးရိုးထက် ကိုယ်အလေးချိန် ပိုများနေမယ်။ ကိုယ်ဝန်ရှိကာစ တပတ်မှာ ၁ ပေါင်တိုးတယ်။ နေ့စေ့လစေ့မှာ ပုံမှန်ကိုယ်ဝန်ဆိုရင် ၂ဝ-၃ဝ ပေါင်တိုးလာမယ်။ အမွှာကိုယ်ဝန်က ၃ဝ-၄ဝ ပေါင် တိုးနေမယ်။ • အလေးချိန်များလို့ အနေရခက်မယ်။ ပိုပြီး အနားယူရမယ်။ ခြေတွေကို အခုအခံပေါ်မှာတင်ထားပြီး နားသင့်တယ်။ အလုပ်လုပ်သူဆိုရင် မီးဖွါးခွင့်ကို မမွေးခင် ၆ ပတ်ထက်နောက်ကျပြီးယူတာ မလုပ်သင့်ဘူး။ • အမွှာကိုယ်ဝန်ဆောင် မိခင်ဟာ တစ်နေ့မှာ၂၇ဝဝ ကယ်လိုရီ စားသောက်သင့်တယ်။ • ကလေးတစ်ယောက်တည်း ကိုယ်ဝန်နဲ့ စာရင် အားဆေးတွေ ပိုလိုမယ်။ ဗီတာမင် (ဘီ) အုပ်စု သောက်ရမယ်။ • သွေးအားနည်းတာ ပိုဖြစ်နိုင်လို့ သံဓါတ်အားဆေး သောက်ကိုသောက်သင့်တယ်။ ဖေါလစ်အက်စစ်လဲ လိုတယ်။ • ကိုယ်ဝန်ဆောင် စောင့်ရှောက်တာကို ပိုဂရုစိုက်ရမယ်။ ဆရာဝန်ကနေ (အာလ်ထွာဆောင်း) နဲ့ ရေမြွာရည်လည်း စစ်မယ်။ ကလေးအခြေအနေကိုလဲ စစ်မယ်။ အချင်းကိုလဲ စစ်မယ်။ • ၁၈-၂၄ ပတ်ကနေစပြီး သားအိမ်ဝကို တိုင်းတာတာလဲလုပ်မယ်။ • မွေးလမ်းကြောင်း စမ်းပြီး သားအိမ်ဝကိုလဲ စစ်မယ်။ Incompetent cervix သားအိမ်ဝ မလုံတာ မဟုတ်ဖို့ သေချာချင်လို့ ဖြစ်တယ်။ ၅% မှာအဲလို ဖြစ်တတ်တယ်။ ဖြစ်ရင် သားအိမ်ဝကို မမွေးမချင်း ချုပ်ထားပေးရတယ်။ • Ultrasound ပိုရိုက်ရမယ်။ တချို့ဆရာဝန်တွေက တလတခါ ရိုက်တတ်တယ်။ အချင်းကိုစစ်ချင်တယ်။ ၁၆-၁၈-၂ဝ-၂၂-၂၄ ပတ်တွေမှာ Twin-twin-transfusion syndrome မဟုတ်တာ သေခြာချင်လို့ရိုက်တယ်။ ၂၄ ပတ် နောက်ပိုင်းတော့ တစ်လတစ်ခါသာ ရိုက်ပါမယ်။ • Preterm labor စောမွေးတာ ၅၅% ရှိတယ်။ • Premature rupture of membranes ရေမြွာစောပေါက်တာ၊ Uneven growth ကလေးနှစ်ယောက် ဖွံ့ထွားမှု မတူတာ၊ High blood pressure သွေးတိုးရှိတာ၊ Preeclampsia ကိုယ်ဝန်သွေးဆိပ်တက်တာ နဲ့ Diabetes ဆီးချိုရှိလာတာတွေ ပိုဖြစ်တတ်တယ်။ • ဂျာမန် သုတေသနတစ်ခုမှာ အမွှာကိုယ်ဝန်ဆောင်ပေါင်း ၄၁၁ဝ ကိုလုပ်ခဲ့တယ်။ ကလေစ်းတယောက်နဲ့ တစ်ယောက် မွေးလာတဲ့ အချိန်တွေကွာခြားတာကို လေ့လာတယ်။ - ပျမ်းမျှ ၁၃့၅ မိနစ် ကွာခြားတာတွေ့ရတယ်။ - ၁၅ မိနစ် = ၇၅့၈%၊ - ၁၆-၃ဝ မိနစ် = ၁၆့၄%၊ - ၃၁-၄၅ မိနစ် = ၄့၃%၊ - ၄၆-၆ဝ မိနစ် = ၁့၇% နဲ့ - တနာရီထက်မကကွာတာ (၇၂ ယောက်) = ၁့၆% ရှိတယ်။ • မွေးဖွါးချိန် ပိုကြာတတ်တယ်။ • C-section ဗိုက်ခွဲမွေးနိုင်တဲ့ ရာခိုင်နှုန်းပိုများတယ်။ အမွှာကိုယ်ဝန်တိုင်းကို ခွဲမွေးရမယ်လို့ မဆိုလိုဘူး။ • မွေးပြီးရင် ကလေးတွေကို မိခင်နို့တိုက်ဘို့ ပြင်ဆင်ထားရမယ်။ ဒီအတွက် စားသောက်တဲ့အခါ တစ်နေ့မှာ ကယ်လိုရီ ၅ဝဝ ပိုလိုမယ်။ Ref: ဒေါက်တာတင့်ဆွေ Sunday, August 24, 2014 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။