
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ရေမြွှာပြဿနာ
" " https://adclick.g.doubleclick.net/pcs/click?xai=AKAOjsuhR-HwuV4l68BRp9cLoOcHdk5h1oet2EvdMMiW5b59iJcDxMiBfKuYAzYnGUpwrJAisHdjx_m9XU8oT7MJDNIjvVN1ohIJ2FrEgfAOnn6EB4FwTs9Jrv0XACNBaVV403DdSD9m0R0jWqy1NYlPfO7ouxJuSCb1OPftn7FuxUyIViJLN7HOYBM9MgCi07GjBy5E6cEtJxG0idECSb8kX4du9YoFgxexttixsJHFxmc3fE2CePZMFd8a983lb_YFO44Urg&sai=AMfl-YT8Rq3tLvU8ZuJ5I1MfDqil1Lvjpndqr5PsJnLTPoTSpF4Ezin7qzgi7aubvBrygN_wnQsVkV0aw8GDRgwI3oFpi9c6ZEps1dIQAS6xzg&sig=Cg0ArKJSzLJO56BeCLH6EAE&urlfix=1&adurl=
ကိုယ်ဝန်ဆောင်ချိန်မှာကြုံရနိုင်တဲ့ရေမြွှာပြဿနာတွေက ရေမြွှာရည်များလွန်းခြင်း ရေမြွှာရည်နည်းလွန်းခြင်း ရေမြွှာရည်ပိုးဝင်ကူးစက်ခြင်း စတဲ့ပြဿနာတွေပါ။
ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ……
ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ် ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ် ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ် အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။
ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ
ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။
ရေများများသောက်ပါ – ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။
အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ – အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။
ကဖင်းရှောင်ပါ – ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။
ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ – ဂျင်ဆင်းလက်ဖက်ရည်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ -ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးတာက ခန္ဓါကိုယ်ကအစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်သလို အချင်းနဲ့ သားအိမ်ဆီကိုသွေးရောက်ရှိမှုတိုးစေပြီးရေမြွှာရည်ကိုတိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လမ်းလျှောက်ပေးတာမျိုး ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးပါ။
ဘာတွေစားရမလဲ….
ရေမြွှာရည်နည်းတဲ့မေမေတို့အနေနဲ့ရေမြွှာရည်တိုးစေဖို့ဆိုရင် သခွားသီး၊ ဆလတ်ရွက်၊ ဟင်းနုနွယ်၊ မုန်လာဥဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ စတော်ဘယ်ရီ၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ သခွားမွှေး၊ စပျစ်သီး၊ အုန်းစိမ်းရည်စတာတွေလည်း စားပေးလို့ရပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website:
http://building.mizzimafoundation.org/