ရေစိမ်ချိုးခြင်းက ကျန်းမာရေး အကျိုးကျေးဇူး များစွာရှိကြောင်း သိပ္ပံနည်းကျ သက်သေပြခဲ့ကြပါတယ်။ ရေချိုးခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေသလို အသက်ရှုရ ပိုလွယ်စေပါတယ်။ ကြွက်သားနာကျင်မှုကို သက်သာစေပြီး ဟော်မုန်းတွေနှင့် တခြားအရာတွေကို မျှတစေပါတယ်။
ယခု ရွေးချယ်ထားတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ကို အကျိုးကျေးဇူးတွေ ပိုရစေပါတယ်။ ဒီပါဝင်ပစ္စည်းတွေက ကျန်းမာရေးပြဿနာ၊ အရေပြားပြဿနာတွေနှင့် ပတ်သတ်ပြီး ကုသပေးနိုင်ပါတယ်။
၁။ လာဗင်ဒါ
လာဗင်ဒါဆီကို ရေထဲထည့်ချိုးတဲ့အခါ ကာယနှင့် စိတ်ပိုင်းဆိုင်ရာကို သက်သာစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ ထိပ်ကပ်နာ၊ နှင်းခူရောဂါ၊ ဝက်ခြံ၊ အရေပြား ပြဿနာများ၊ အိပ်မပျော်တဲ့ ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဂျပိုးကိုက်တာတွေကို ကူညီပေးနိုင်ပါတယ်။
လာဗင်ဒါဆီဟာ အသက်ရှုလမ်းကြောင်းကို သက်သာစေတဲ့အတွက် ချောင်းဆိုးတာနှင့် အအေးမိတာတွေအတွက် အထောက်အကူပြုပါတယ်။ lavender essential oil ကို ၆စက်- ၈စက်ထည့်သုံးပါ။
၂။ Tea
လက်ဖက်ရည်မှာ အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ အရည်အသွေးရှိပါတယ်။ လက်ဖက်အိတ်တွေ ထည့်ပြီး ရေချိုးပေးခြင်းဟာ သောက်ခြင်းထက်အရေပြားက လက်ဖက်ရဲ့ အာဟာရ အကျိုးကျေးဇူးတွေကို မြန်မြန် စုပ်ယူနိုင်ပါတယ်။ လက်ဖက်နှင့် ရေချိုးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်း၊ ကင်ဆာနှင့် ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်းကဲ့သို့သော အကျိုးသက်ရောက်မှုတွေ ပေးပါတယ်။ အရေပြားဆဲလ်များ အိုမင်းမှုကို နှောင့်နှေးစေခြင်း၊ အနာနှင့် ဒဏ်ရာတွေကို မြန်မြန်ပျောက်ကင်းစေခြင်းနှင့် ဝက်ခြံတွေကို ကုသကာကွယ်ဖို့ ကူညီပေးပါတယ်။ လက်ဖက်အိတ် ၆ အိတ် ထည့်ချိုးပေးပါ။
၃။ ဆားခါး
နာကျင်မှုဝေဒနာ အမျိုးမျိုးကို သက်သာစေဖို့ ဆားခါးနှင့် ရေချိုးပေးနိုင်ပါတယ်။ အဓိကအားဖြင့် ကြွက်သားတွေကို relax ဖြစ်စေပြီး အရိုးအဆစ်တွေ ရောင်ရမ်းတာ၊ ကြွက်သားနာကျင်တာ၊ အိပ်မပျော်တာနှင့် ပွေးကဲ့သို့သော အရေပြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ ရေချိုးတဲ့အခါ ဆားခါး ၁ခွက် -၂ခွက် ထည့်ချိုးပေးပါ။
၄။ အုန်းဆီ
အုန်းဆီဟာ အရေပြားအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အုန်းဆီက အသားအရည်ပျက်စီးမှုကို သက်သာစေပြီး နူးညံ့စေပါတယ်။ အုန်းဆီဟာ နှင်းခူရောဂါအတွက် သဘာဝ moisturizer လည်းဖြစ်ပါတယ်။ ရေချိုးတဲ့အခါ ခွက်နဲ့ ၄ပုံ ၁ပုံလောက် ထည့်ချိုးပေးပါ။
၅။ နှင်းဆီ
နှင်းဆီပွင့်ချပ်လေးတွေနဲ့ ရေချိုးပေးခြင်းက အသားအရေကို အားဖြည့်ပေးပါတယ်။ နှင်းဆီပန်းရဲ့ ရနံက စိတ်ကို relax ဖြစ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးတာကြောင့် အသားအရေကို ချောမွေ့စေပါတယ်။ ၂ခွက် ၃ခွက်လောက် ထည့်ချိုးပေးပါ။
၆။ ဂျင်း
ဂျင်းနဲ့ ရေချိုးပေးခြင်းက အအေးမိခြင်းနှင့် တုပ်ကွေးရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဂျင်းနဲ့ ရေချိုးခြင်းဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်မအီမသာဖြစ်မှုကိုလည်း သက်သာစေသလို သွေးလည်ပတ်မှုကိုလည်း တိုးစေပါတယ်။ ခွက်တစ်ဝက်လောက် ထည့်ချိုးပေးပါ။
၇။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေ ထွက်စေဖို့အတွက်ဆိုရင် အရမ်းကောင်းပါတယ်။ ဖန်းဂတ်စ်မှိုနဲ့ လက်သည်းပိုးဝင်တာ၊ နှင်းခူနှင့် ပွေးရောဂါ၊ ရေကျောက်နှင့် ဝမ်းချုပ်ခြင်းတွေအတွက် ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ၂ခွက် ထည့်ချိုးပေးပါ။
၈။ ပျားရည်
ပျားရည်မှာ antioxidant, antibacterial, antifungal, နဲ့ anti-inflammatory ဂုဏ်သတ္တိတွေ ပြည့်နှက်နေပါတယ်။ ခန္ဓာကိုယ်အတွက် အစိုဓါတ်ထိန်းပေးတာကြောင့် အသားအရေကို ချောမွေ့စေပါတယ်။ ပျားရည် ၁ခွက်ထည့်ချိုးပါ။
၉။ သံပုရာသီး
သံပုရာသီးနှင့် ရေချိုးခြင်းက လန်းဆန်းစေပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေအတွက် သင့်တော်ပါတယ်။ သံပုရာသီးမှာ ပိုးသတ်ဆေး ဂုဏ်သတ္တိများရှိပါတယ်။ အရေးအကြောင်းတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို နုပျိုစေပါတယ်။ သံပုရာသီး ၃-၄ချပ်လောက် ထည့်ချိုးပါ။
၁၀။ နို့
နို့ဖြင့် ရေချိုးခြင်းက အရေပြား အခြေအနေများစွာကို ကုသနိုင်ပါတယ်။ exfoliator အဖြစ် အလုပ်လုပ်တဲ့ လက်တစ်အက်ဆစ်ပါဝင်တာကြောင့် အရေပြားခြောက်သွေ့သူ တွေအတွက် သင့်တော်ပါတယ်။ နို့မှာ တွေ့ရတဲ့ ပရိုတင်းတွေ၊ အမိုင်နိုအက်ဆစ်တွေ၊ အဆီနှင့် ဗီတာမင် A, D တို့က နေလောင်ခြင်းကြောင့် အရေပြားနာကျင်မှုကို သက်သာစေပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
Zawgyi
ရေချိုးတဲ့အခါ ထည့်ချိုးနိုင်တဲ့ ပါဝင်ပစ္စည်းများနှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်ပုံများ