ယူကလစ်
ဆိုတာ တကယ်ကိုအသုံးဝင်တဲ့အပင်တစ်မျိုးပါ။ သူ့ရဲ့အရွက်တွေကို အခြောက်ခံ၊ကြိတ်ချေပြီးရလာတဲ့အဆီကို
ဆေးဖက်ဝင်
အဆီအဖြစ် အသုံးပြုကြတယ်။ ယူကလစ်ပင်ကရတဲ့အဆီက
ကျန်းမာရေး
အတွက် ဘယ်လိုတွေအကျိုးကျေးဇူးရှိနေလို့များလဲ။
ယူကလစ်အဆီ(Eucalyptus Oil) ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတချို့
ချောင်းဆိုး
သက်သာစေတယ် ယူကလစ်ပင်ကရတဲ့အဆီကို ချောင်းဆိုးဝေဒနာသက်သာစေတဲ့ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဟိုးအရင်တည်းကသုံးခဲ့ကြသလို ကနေ့ခေတ်ချောင်းဆိုးပျောက်ဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်ထည့်သွင်းလာကြပါတယ်။ လူသုံးများတဲ့နည်းကတော့ ဒီအဆီကို ရင်ဘတ်နဲ့လည်ပင်းမှာ ပွတ်လူးပေးရင်
အအေးမိ
၊
တုပ်ကွေး
ကြောင့်ဖြစ်တဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေနိုင်ပါတယ်။
ချွဲသလိပ်
ပျော်ပြီး ရင်ချောင်စေတယ် ချောင်းတဟွတ်ဟွတ်နဲ့ ဆိုးရတာတောင်မောနေပြီ၊ ချွဲသလိပ်တွေက ကျပ်နေတုန်းပဲလား။ ယူကလစ်အဆီက ချောင်းဆိုးသက်သာစေရုံမကဘဲ ရင်ဘတ်ထဲကျပ်နေတဲ့ချွဲတွေကိုလည်း ချောင်စေပါတယ်။ ယူကလစ်အဆီအသုံးပြုပြီး ရေနွေးငွေ့ရှုတာ၊ ရင်ဘတ်မှာ လူးတာ စတဲ့နည်းတွေကို သုံးကြပါတယ်။
အသက်ရှုလမ်းကြောင်း
အတွက်ကောင်းတယ် ပန်းနာရင်ကျပ်နဲ့
ထိပျကပျနာ
တို့လို အသက်ရှုလမ်းကြောင်းရောဂါတွေအတွက်ဆို ယူကလစ်ဆီနဲ့ရေနွေးငွေ့ရှုတာက အတော်လေးအထောက်အကူဖြစ်စေပါတယ်။ ဒီအဆီက ချွဲသလိပ်ကပ်နေတဲ့အမြှေးပါးနံရံတွေကို အာနိသင်သက်ရောက်မှုရှိတဲ့အတွက် ချွဲသလိပ်တွေပျော်စေပြီး ချောင်းဆိုးတဲ့အခါ ခတ်ထုတ်ရလွယ်စေပါတယ်။
ခံတွင်းနံ့ဆိုးနေတဲ့သူတွေအတွက် ပူရှိန်းတွေကပဲ အသုံးဝင်နေတာမဟုတ်ပါဘူး။ ယူကလစ်အဆီက ဘက်တီးရီးယားနှိမ်နင်းတဲ့အာနိသင်ရှိလို့ ခံတွင်းနံ့ဆိုးတွေဖြစ်စေတဲ့ပိုးမွှားတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ယူကလစ်အဆီကို
သွားတိုက်ဆေး
နဲ့ ခံတွင်းသန့်ဆေးရည်တချို့မှာထည့်သွင်းထုတ်လုပ်လာကြသလို ငုံဆေးသကြားလုံးတွေ၊ ဂျယ်လီပုံစံငုံဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြပါတယ်။
သွားပိုးစားခြင်း
ကာကွယ်ပေးတယ် ယူကလစ်အဆီက သွားပိုးစားခြင်း၊ သွားပျက်စီးခြင်းဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ခုခံတိုက်ဖျက်ပေးပြီး သွားနဲ့သွားဖုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေကတော့ခြင်အပါအဝင်အင်းဆက်ပိုးမွှားတွေပြေးစေတဲ့အစွမ်းသတ္တိရှိတယ်၊
သွေးတွင်းသကြားဓါတ်
ကို ထိန်းညှိပေးနိုင်တယ်၊ အဆစ်နာသက်သာစေတယ်စတာတွေ ရှိပါသေးတယ်။
အကေးရှားပင်အစေး(Acacia Gum)ရဲ့ ဆေးဖက်ဝင်ပုံ
Acacia gum ဆိုတာက အကေးရှားပင်ရဲ့အစေးကနေ ထုတ်ယူထားတာဖြစ်ပါတယ်။ အကေးရှားပင်အစေးရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် မုန့်ဖုတ်ပါဝင်ပစ္စည်းတွေ၊ ဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုကြတာတွေ့ရပါတယ်။ ဘာတွေစွမ်းလဲ ကြည့်ရအောင် -
သွားနဲ့ခံတွင်း
ကျန်းမာစေတယ်
လည်ချောင်းနာ
သက်သာစေတယ် ချွဲသလိပ်တွေ လျော့စေတယ်၊
အနာကျက်မြန်စေတယ်
၊
ဝမ်းပျက်ဝမ်းလျှော
ကုသနိုင်တယ်၊
အသည်း
ကျန်းမာရေးကာကွယ်ပေးတယ်၊
ကျောက်ကပ်
လုပ်ဆောင်ချက်ပိုကောင်းစေတယ်၊ မကောင်းတဲ့ကိုလက်စထရောကို လျော့ကျစေတယ်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်စတဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။
ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပြီး ခံတွင်းကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့အတွက် Acacia gum ကို ဂျယ်လီ၊ ပီကေတွေမှာ ထည့်သွင်းထုတ်လုပ်ကြပါတယ်။ ဥပမာ Hudson ကထုတ်လုပ်တဲ့ Hudson’s Hard Boil( ငုံဆေးသကြားလုံး) နဲ့ Hudson’s Jujube (ဂျယ်လီပုံစံသကြားလုံး) တို့ဆိုရင် ဆေးဖက်ဝင် Eucalyptus Oil နဲ့ Acacia gum နှစ်မျိုးလုံး ပါဝင်လို့
သွားထိခိုက်မှု
မရှိစေနိုင်တဲ့အပြင် ဘက်တီးရီးယားတွေပါကာကွယ်နှိမ်နင်းပေးနိုင်တဲ့ ဆေးသကြားလုံးနဲ့ဂျယ်လီတွေဖြစ်ပါတယ်။ လည်ချောင်းနာသက်သာစေတဲ့ ငုံဆေးတွေ၊ ဆေးရည်တွေမှာ Acacia gum ပါဝင်လေ့ရှိတာ ဒီအာနိသင်ကြောင့်ပါပဲ။ လည်ချောင်းထဲရှင်းပြီး နေလို့ကောင်းသွားစေတာ၊ လည်ချောင်းယားသက်သာစေတာ၊ ချွဲသလိပ်တွေ ပျော်စေတာတွေက Eucalyptus Oil နဲ့ Acacia gum တို့ရဲ့ အစွမ်းအာနိသင်တွေပဲဖြစ်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။