chia seed (ချီယာစေ့) ဟာ အဟာရဓါတ်များစွာကြွယ်ဝပြီး စူပါအစားအစာတစ်ခုဖြစ်ပါတယ်။ ချီယာစေ့ဟာ ပင်ပွားစေ့တွေနဲ့ ဆင်တူပါတယ်။ ယနေ့မှာတော့ ဒီသေးငယ်တဲ့ ချီယာစေ့လေးတွေက ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
၁။ အရိုးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်
ချီယာစေ့တွေဟာ အရိုးကျန်းမာရေးမှာ အဓိကကျတဲ့ သတ္တုဓါတ်များစွာနှင့် ကယ်လစီယမ် ကြွယ်ဝပါတယ်။ ချီယာ ၂၅ဂရမ်မှာ ကယ်လစီယမ် ၁၅၇မီလီဂရမ် ပါဝင်ပါတယ်။ နွားနို့ ၁၀၀ မီလီမှာပါတဲ့ ကယ်လစီယမ် ပမာဏထက် ပိုပါတယ်။
၂။ သွားတွေကို ကျန်းမာစေပါတယ်
ကယ်လစီယမ်အဓိက ပါဝင်တာကြောင့် အရိုးနှင့် သွားတွေကို သန်မာစေဖို့ ကူညီပေးပါတယ်။ ထို့အပြင် ချီယာမှာ ပါဝင်တဲ့ boron ကအခြေခံအာဟာရ ဖြစ်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး မဂ္ဂနီဆီယမ်၊ ဖော့စဖရပ် နှင့် မန်းဂနိစ်များက သွားတွေကို ခိုင်မာစေပါတယ်။
၃။ ဆီးချိုရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်
မပြည့်ဝဆီ၊ အမျှင်ဓါတ်နှင့် ပရိုတင်းက သွေးတွင်း သကြားဓါတ်ပမာဏ ကိုထိန်းညှိပေးပါတယ်။ ယူနိုက်တတ်စတိတ် စိုက်ပျိုးရေးဌာနက ချီယာစေ့တွေဟာ ဆီးချိုရောဂါကို ကုသဖို့ အသုံးဝင်သော အာဟာရတစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
၄။ ဝမ်းချုပ်တာကို တားဆီးပေးပါတယ်
ချီယာစေ့မှာ အမျှင်ဓါတ်ကြွယ်ဝပြီး အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။ ထို့အပြင် ချီယာစေ့မှာပါဝင်တဲ့ ပျော်ဝင်နိုင်သော အမျှင်က ရေနှင့်ထိတွေ့တဲ့အခါ ဂျယ်လ်ဖြစ်လာပါတယ်။ ဒီပစ္စည်းက ဝမ်းချုပ်ခြင်းကို တားဆီးတဲ့အပြင် အူမကြီးလှုပ်ရှားမှုကို တိုးတတ်စေပါတယ်။
၅။ metabolism ကိုမြှင့်တင်ပေးပါတယ်
ဗီတာမင် ဘီပမာဏ မြင့်မားတာကြောင့် ချီယာစေ့တွေဟာ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ ထို့အပြင် အိုမီဂါ ၆ ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုတဲ့ အဆီပျော်ဝင်နိုင်တဲ့ ဗီတာမင်များကို စုပ်ယူပေးပါတယ်။
၆။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်
ဆီရိုတိုနင်နှင့် မယ်လတိုနင်တို့က နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် တာဝန်ယူထားတဲ့ ဟော်မုန်း ၂မျိုးဖြစ်ပါတယ်။ သူတို့က (tryptophan) အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပါတယ်။ ချီယာစေ့မှာ tryptophan ပါဝင်တာကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့နှင့် အပန်းပြေစေဖို့် အားပေးပါတယ်။
၇။ နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်
ချီယာစေ့မှာ အိုမီဂါ 3s နှင့် အိုမီဂါ 6 တို့ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ရောင်ရမ်းခြင်းနှင့် သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ ဒီအရာအားလုံးက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
၈။ စွမ်းအင်ကို မြှင့်တင်ပေးပါတယ်
ဗီတာမင် ဘီ၊ သံဓါတ်၊ဇင့်နှင့် မဂ္ဂနီဆီယမ်က သင့်စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ ချီယာစေ့ထဲမှာ အဲဒီအရာတွေပါဝင်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ တစ်နေ့တာကို ပျော်မွေ့ဖို့ ချီယာစေ့တွေကို ဖျော်ရည်ထဲမှာ ထည့်သောက်နိုင်ပါတယ်။
၉။ အိုမင်းမှုကို နှေးကွေးစေပါတယ်
အင်တီအောက်ဆီဒင့် မြင့်မားတာကြောင့် ချီယာစေ့ဟာ အရေပြားကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေပျက်စီးမှုကို တားဆီးပေးပါတယ်။ ထို့အပြင် ၎င်းမှာပါဝင်တဲ့ ဗီတာမင် အီးက အိုမင်းခြင်းကို နှေးကွေးစေပါတယ်။
၁၀။ ကိုယ်အလေးချိန်ကျဖို့ လှုံ့ဆော်ပေးပါတယ်
ချီယာစေ့မှာပါတဲ့ အမျှင်ဓါတ်က အချိန်ကြာကြာ ပြည့်အင့်နေစေတဲ့ ခံစားမှုကို ပေးပါတယ်။ ဒါ့အပြင် ထိုအစေ့တွေဟာ ရေကိုစုပ်ယူတာကြောင့် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။
ရေတစ်ခွက်ထဲကို ချီယာစေ့အစိမ်း ၁ဇွန်း -၂ဇွန်းလောက်ထည့်ရောပြီး မြန်မြန်သောက်ပါ။ ချီယာစေ့က ဝမ်းဗိုက်အဆီကို လောင်ကျွမ်းစေပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside