ထိပ်ကပ်နာအကြောင်း သိသင့်သမျှ
hellosayarwon.com
|
2019-12-21

ထိပျကပျနာဆိုတာဘာလဲ
ထိပ်ကပ်နာဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုပိုးတို့ကြောင့်ဖြစ်လာတဲ့ ဆိုင်းနပ်စ်ရောင်ရမ်းမှုဖြစ်ပါတယ်။ ဓါတ်မတည့်မှုများ၊ နှာခေါင်းအသားပို၊သွားနှင့်ခံတွင်းပိုးဝင်ခြင်း၊ deviated septum တို့ကလည်း ထိပ်ကပ်နာဖြစ်စေနိုင်ပါတယ်။ ထိပ်ကပ်နာကို ရောဂါလက္ခဏာကာမြင့်ချိန်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ် -
Acute sinusitis (ရက်တိုအတွင်းဖြစ်တတ်တဲ့ထိပ်ကပ်နာ) က အများဆုံး ၄ပတ်အထိသာ ဖြစ်နိုင်ပြီး အအေးမိတာ၊ ဓါတ်မတည့်တာတွေနဲ့ရောပြိးဖြစ်တတ်ပါတယ်။
Subacute sinusitis (ရက်ရှည်ထိပ်ကပ်နာ)က ၄ ပတ်ကနေ ၁၂ ပတ်အထိကြာနိုင်ပါတယ်။ acute sinusitis နဲ့လက္ခဏာချင်းဆင်တူပေမယ့် ရောဂါအရှိန်တော့ပျော့ပါတယ်။
Chronic sinus infections (နာတာရှည် ဆိုင်းနပ်စ်ပိုးဝင်ခြင်း)ကတော့ ရောဂါပိုးဝင်ခြင်း၊ နှာခေါင်းအသားပိုနဲ့ nasal septum တို့ကြောင့်ဖြစ်လာတာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အနည်းဆုံး ၁၂ ပတ် သို့မဟုတ် ပိုကြာနိုင်ပါတယ်။  

ထိပ်ကပ်နာ အဖြစ်များသလား
ထိပ်ကပ်နာက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လူငယ်၊ လူလတ်ပိုင်းတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းအချက်တွေကို ဆင်ခြင်နေထိုင်မယ်ဆိုရင် အန္တရာယ်လျှော့ချနိုင်ပါတယ်။

ရောဂါလက္ခဏာများ
ထိပ်ကပ်နာရဲ့အဖြစ်များတဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ -
မျက်နှာအစ်ခြင်း
နှာခေါင်းလမ်းကြောင်းပိတ်ဆို့ခြင်း သို့ နှာပိတ်ခြင်းကြောင့် အသက်ရှူရခက်ခြင်း
ချွဲသလိပ်ပုပ်များရှိနေခြင်း
အဖျားရှိခြင်း
ပုံမှန်အရောင်မဟုတ်သော နှာရည်ပျစ်ပျစ်များကျခြင်း
မျက်လုံး၊ ပါး၊ နှာခေါင်း၊ နဖူး တဝိုက် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း၊ ရောင်ခြင်း
အနံ့ခံနိုင်စွမ်း၊ အရသာခံနိုင်စွမ်းအားနည်းလာခြင်း တို့အပြင်
နားကိုက်ခြင်း
လည်ချောင်းနာခြင်း
ခံတွင်းနံ့ဆိုးခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
မအီမသာဖြစ်ခြင်း
သွားကိုက်ခြင်း နာတာရှည်နဲ့ ရက်တိုထိပ်ကပ်နာရောဂါတို့က လက္ခဏာချင်းဆင်တူပေမယ့် ရက်တိုထိပ်ကပ်နာက အအေးမိတဲ့အခါ အတူဖြစ်တတ်တဲ့ ဆိုင်းနပ်စ်ယာယီရောဂါပိုးဝင်မှုတစ်ခုဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
အောက်ပါအခြေအနေတွေထဲက လက္ခဏာတစ်ခုခုရှိလာရင် ဆရာဝန်ပြသင့်ပါတယ် -
ကုသမှုမှာ တုံ့ပြန်မှုရှိမလာတာ၊
ထိပ်ကပ်နာလက္ခဏာ ၇ရက်ကျော်တဲ့အထိ မပျောက်တာ
အဖျားကြီးတာ
မျက်လုံးရောင်တာ၊ မျက်စိနီရဲလာတာ
စိတ်ရှုပ်ထွေးခြင်း
အမြင်အာရုံဝေဝါးခြင်း
ခေါင်းအရမ်းကိုက်ခြင်း
ဇက်ကြောတောင့်တင်းခြင်း  

ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
နာတာရှည်ထိပ်ကပ်နာရဲ့အဖြစ်များတဲ့အကြောင်းရင်းတွေကတော့-
နှာခေါင်းတွင်းအသားပိုဖြစ်ခြင်း
Deviated nasal septum
မွေးရာပါအသက်ရှူလမ်းကြောင်းပိတ်ဆို့ရောဂါ(cystic fibrosis)၊ အစာချေရည်အထက်ဆန်တက်ခြင်း၊ သို့မဟုတ် အိတ်ခ်ျအိုင်ဗီ နဲ့တခြားကိုယ်ခံအားဆိုင်ရာရောဂါတွေရဲ့ နောက်ဆက်တွဲလက္ခဏာများ
ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးကြောင့် အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း
ဓါတ်မတည့်မှုများ  

ထိပ်ကပ်နာ ဖြစ်နိုင်ခြေရှိလာစေနိုင်တဲ့ အချက်များ
ထိပ်ကပ်နာဖြစ်ရင်ဖြစ်လာနိုင်မယ့် အန္တရာယ်အချက်တွေကဘာလဲ
Deviated nasal septum သို့မဟုတ် နှာခေါင်းတွင်းအသားပိုဖြစ်ခြင်း
ပန်းနာရင်ကျပ်ရှိခြင်း
အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်စေနိုင်တဲ့ Aspirin ဓါတ်မတည့်ခြင်း
ကိုယ်ခံအားစနစ်ဆိုင်ရာရောဂါများ ဥပမာ- အိတ်ချိတ်အိုင်ဗီ/အေအိုင်ဒီအက်စ် သို့မဟုတ် cystic fibrosis
Hay fever သို့မဟုတ် တခြားဓါတ်မတည့်ခြင်းများ
စီးကရက်ငွေ့ လို လေထုညစ်ညမ်းမှုတွေ ပုံမှန်ထိတွေ့ရခြင်း  

ရောဂါရှာဖွေစစ်ဆေးမှုနဲ့ ကုသမှု
ရောဂါရှာဖွေစစ်ဆေးမှုနဲ့ကုသမှုအတွက်က ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။   ဘယ်လိုရောဂါစစ်ဆေးမလဲ နာတာရှည်ထိပ်ကပ်နာရောဂါ စစ်ဆေးမှုတွေမှာ -
နှာခေါင်းတွင်းမှန်ပြောင်းစစ်ဆေးမှု - နှာခေါင်းလမ်းကြောင်းအတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးခြင်း။
CT scan သို့မဟုတ် MRI လို ပုံရိပ်ဖော်စစ်ဆေးမှုများ - နှာခေါင်းလမ်းကြောင်းနှင့်နှာခေါင်းအတွင်း အသေးစိတ်အခြေအနေကို ပြသနိုင်ပါတယ်။
နှာခေါင်းနဲ့ဆိုင်းနပ်စ် ပိုးမွေးစစ်ဆေးခြင်း - ပိုးမွေးစစ်ဆေးမှုက ထိပ်ကပ်နာအတွက် အဖြစ်မနေလိုအပ်တဲ့ စစ်ဆေးမှုတော့မဟုတ်ပေမယ့် ကုသမှုနဲ့ရောဂါမသက်သာလာတဲ့အခါမျိုးမှာ တစ်ရှူးမွေးမြူခြင်းက ဘက်တီးရီးယား သို့မဟုတ် မှိုပိုးတို့လို အကြောင်းရင်းတွေကို စစ်ဆေးတွေ့ရှိနိုင်တာကြောင့်ဖြစ်ပါတယ်။
ဓါတ်မတည့်မှုစစ်ဆေးခြင်း- အရေပြားစမ်းသပ်မှုက ဘေးအန္တရာယ်ကင်းပြီး နှာခေါင်းလမ်းကြောင်းပြဿနာပေါ်စေတဲ့ ဓါတ်မတည့်မှုအကြောင်းရင်းကို မြန်မြန်ဆန်ဆန်ဖော်ပြနိုင် ပါတယ်။  

ဘယ်လိုကုသမလဲ
လူနာအများစုဟာ ထိပ်ကပ်နာသက်သာစေဖို့ အိမ်သုံးဆေးနည်းတွေနဲ့ ကြိုးပမ်းတတ်ကြပါတယ် -
နာကျင်ကိုက်ခဲမှုသက်သာစေဖို့ မျက်နှာပေါ်ရေနွေးဝတ်ကပ်ပေးရင် ဆိုင်းနပ်စ်ထဲက ချွဲသလိပ်တွေ ကျလာစေနိုင်ပါတယ်။
နှာခေါင်းထဲကို ဆားရည်နဲ့သန့်စင်ပေးရင် နှာခေါင်းပွင့်စေပြီး နှာရည်ထွက်ခြင်းသက်သာစေနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေး တွေက အဖျားကျစေ၊ နာကျင်မှုသက်သာစေနိုင်ပါတယ်။
အလွယ်တကူဝယ်ယူလို့ရတဲ့ နှာပွင့်ဆေး ဖျန်းဆေးနဲ့ အစက်ချဆေးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်တော့ ကျော်မသုံးသင့်ပါဘူး။ ရေရှည်စွဲသုံးရင် နှာပိတ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။   ရောဂါလက္ခဏာပြင်းထန်လာရင်၊ ၇ ရက်အတွင်းမသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။
Corticosteroid အစက်ချဆေး သို့မဟုတ် ဖျန်းဆေးတွေက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။
တခါတရံ ဘက်တီးရီးယားကြောင့် ဖြစ်လာတဲ့ထိပ်ကပ်နာအတွက် ပဋိဇီဝဆေးဝါးတွေကို သုံးဖို့လိုနိုင်ပါတယ်။ ကုသနည်းတွေနဲ့မသက်သာရင် functional endoscopic sinus surgery (FESS) လို့ခေါ်တဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်လာနိုင်ပါတယ်။  

နေထိုင်မှုပုံစံပြောင်းလဲခြင်း
ဘယ်လိုနေထိုင်မှုပုံစံအပြောင်းအလဲတွေက ထိပ်ကပ်နာကို သက်သာစေနိုင်သလဲ
စီးကရက်ငွေ့၊ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ဓါတုပစ္စည်းတွေ နဲ့ လေထုညစ်ညမ်းစေတဲ့အမှုန်အမွှားတွေလို နှာခေါင်းနဲ့ဆိုင်းနပ်စ်ကို ကလိမယ့် အရာတွေကိုရှောင်ပါ။
ရေနွေးငွေ့ရှူခြင်း - ရေနွေးပူပူထည့်ထားတဲ့ခွက်ထဲက အငွေ့ကိုရှူရှိုက်ခြင်း (ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးမဟုတ်)။ ရေနွေးထဲကို menthol အဆီအနည်းငယ်ထည့်သုံးနိုင်ပါတယ်။
ဦးခေါင်းကိုမြှင့်ပြီးအိပ်ပါ- ခေါင်းအုံးနှစ်လုံးထပ်တာမျိုးက ထိပ်ကပ်နာကြောင့် နာကျင်ကိုက်ခဲမှုနဲ့ နေရခက်ခြင်းကို သက်သာစေနိုင်ပါတယ်။ မေးမြန်းစရာရှိတယ်ဆိုရင် ကျွမ်းကျင်သူ ဆရာဝန်တွေကို ဆွေးနွေးအကြံဉာဏ်တောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။  

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


#ထိပ်ကပ်နာ
#နှာခေါင်း
#နပ်စ်
#လက္ခဏာ
#ရောဂါ

Some text some message..