အာသာဖြေဖို့ပဲချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား
mizzimaburmese.com
|
2019-12-22

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win



အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရေအာသာဖြေတယ်ဆိုတာ ဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အာသာဖြေခြင်းဟာ စိတ်ရော ကိုယ်ခန္ဓာအတွက်ပါ အကျိုးရှိစေသလို ကိုယ့်ရဲ့ လိင်မှုဘဝကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းသောပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။

ဆီးလမ်းကြောင် း၊ ကျောက်ကပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အမှုန်အမွှား၊ ပိုးကောင်တွေကိုလည်း

သုက်ရည် ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးနိုင်တယ်။

အဲ့တော့ မကောင်းတာမရှိသလောက် နည်းပြီး အမျိုးသားကျန်းမာရေးအရလည်း အကျိုးရှိစေတဲ့ အာသာဖြေခြင်းအလေ့အထကို ထိန်းချုပ်ဖို့လိုအပ်လို့လားဆိုပြီး မေးဖို့ ဖြစ်လာပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင်
အာသာဖြေဖို့ပဲ စိတ်ပါနေပြီး တစ်နေ့လုံး တခြားဘာအလုပ်မှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ၊ စိတ်မပါတော့တာ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း မိန်းကလေးတွေကို မြင်တိုင်း စိတ်ကထိန်းမရနိုင်အောင် ထလာပြီး

အာသာဖြေ တတ်တာ အာသာဖြေတဲ့ အကြိမ်ရေ များလွန်းလို့ တကယ်ဆက်ဆံတဲ့အခါ လိင်တံမ

ထောင်မတ် နိုင်တော့တာ၊ လိင်စိတ်ဆန္ဒ နည်းသွားတာ
ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူ၊ အဖော်နဲ့ လက်တွေ့လုပ်တော့မှ ကိုယ့်လက်နဲ့ လုပ်တာလောက်တောင် ကာမသုခ အပြည့်အဝမရဘူးလို့ ခံစားနေရတဲ့သူတွေ


ဒီလိုအမျိုးသားတွေအတွက်ကတော့ ကိုယ့်ရဲ့

အာသာဖြေ ချင်စိတ်ကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ အာသာဖြေတယ်ဆိုတာ ကျန်းမာတဲ့ အလေ့အကျင့်တစ်ခု ဆိုပေမယ့် လွန်သွားရင်တော့ ကိုယ်တိုင်အတွက်ရော တခြားလူတွေအတွက်ပါ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။

အာသာဖြေတဲ့ အကြိမ်ရေ များနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် လိင်အင်္ဂါ အရွယ်အစား မတူညီသလိုပါပဲ၊ သုက်လွှတ်နိုင်စွမ်း၊ ထောင်မတ်နိုင်စွမ်း၊ လိင်စိတ်ဆန္ဒတွေဟာလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ တချို့အမျိုးသားတွေမှာ တစ်နေ့ ၂ကြိမ်ကနေ ၃ကြိမ်လောက်ထိ

သုက်လွှတ် လည်း ဘာမှမဖြစ်သလို ပေါ့ပါးသွက်လက်နေသလို တချို့တွေကျ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ သုက်လွှတ်ဖို့ တတ်နိုင်တာတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ လိင်အင်္ဂါက တတ်စွမ်းနိုင်တဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ
လိင်တံထောင်မတ်ခြင်းကို ဖြစ်စေတဲ့ သွေးကြောတွေ မကြာခဏ သွေးစီးဆင်းမှုကြောင့် သွေးကြောများ နာကျင်နေခြင်း
ဆီးလမ်းကြောင်းတစ်လျှောက် အောင့်သက်သက် ခံစားရပြီး ဆီးသွားရချိန် လိင်တံတွင်းမှ ထိုးအောင့်လာခြင်း

သုက်ရည် ပမာဏ အလွန်နည်းသွားခြင်း၊ ကျဲသွားခြင်း
ကိုယ်ဝန်ရရန် အချိန်ပိုကြာတတ်ခြင်း
အလုပ်ပျက်၊ ကျောင်းပျက်၊ ကိုယ့်ရဲ့တစ်နေ့တာ အလုပ်များ ပျက်ခြင်း
အာရုံစူးစိုက်မရခြင်း
မောပန်းလွယ်ခြင်း

ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကို ဘယ်လိုထိန်းချုပ်ကြမလဲ။

၁။ ရေအေးအေးနဲ့ လောင်းချိုးလိုက်ပါ။

ရေနွေ း၊ ရေပူထက်စာရင် ရေအေးရဲ့ အချမ်းဓာတ်က လိင်တံအတွင်း သွေးစီးဆင်းမှုနဲ့ အာသာဖြေစိတ်ကို ထိန်းချုပ်လိုက်သလို ဖြစ်ပြီး နည်းနည်းစိတ်ပြေပျောက်သွားမှာပါ။ အကယ်လို့ အပြင်မှာ ရောက်နေတယ်ဆိုရင်လည်း အိမ်သာထဲ ဝင်ပြီး လက်ဆေးလိုက်တာ၊ မျက်နှာသစ်ချလိုက်တာမျိုး လုပ်လို့ရပါတယ်။


၂။ ကိုယ့်ရဲ့ စိတ်အာရုံကို လွှဲဖို့ အလုပ်တစ်ခုခု ထလုပ်ပါ။

အိမ်သန့်ရှင်းရေး လုပ်တာ၊ ကိုယ့်ရုံးက ပါလာတဲ့အလုပ်တွေ၊ မပြီးပြတ်သေးတဲ့ စာတွေ ကျက်လိုက်တာမျိုး လုပ်လို့ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ့်သူငယ်ချင်း ဘော်ဒါတွေနဲ့ အပြင်ထွက်လျှောက်သွားတာ၊ မုန့်ပတ်စားတာ၊ စကားပြောတာမျိုးဆိုလည်း အဆင်ပြေပါတယ်။


၃။

Gym သွားပြီးတော့ ချွေးထွက်လောက်တဲ့အထိ လေ့ကျင့်ခန်းလုပ်လိုက်တာ၊ ယောဂကျင့်တာ၊ အလေးမတာမျိုး၊ ဒါမှမဟုတ် ကိုယ့်အိမ်မှာပဲ ဒိုက်ထိုးလိုက်တာ၊ ထိုင်ထ၊ အိပ်ထမတင် လုပ်လိုက်တာမျိုး၊ လမ်းပတ်လျှောက်တာ၊ ပြေးတာ၊ ရေချိုးတာမျိုး လုပ်ပေးလို့ရပါတယ်။


၄။ ညအိပ်တဲ့အချိန်မှာ ကိုယ်တုံးလုံးအိပ်တာ၊

အတွင်းခံ နဲ့ပဲ အိပ်တာမျိုး မလုပ်ဘဲ အဝတ်အစားများများ ဝတ်ပြီး အိပ်ဖို့ ကြိုးစားကြည့်ပါ။


၅။ ဖုန်း၊ ကွန်ပျူတာထဲမှာ ရှိတဲ့ အပြာရုပ်ရှင်တွေ အကုန်ဖျက်ထားပါ၊ သို့မဟုတ် တစ်ယောက်ယောက်ကို ပေးထားလိုက်ပါ။ အမျိုးသားတွေအတွက် အပြာရုပ်ရှင်ဆိုတာ

လိင်စိတ်ဆန္ဒ ထကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုဖြစ်တာကြောင့် တတ်နိုင်သလောက် ကင်းကင်းနေဖို့ လိုပါတယ်။ အပြာရုပ်ရှင်ဝက်ဘ်ဆိုဒ်တွေထဲ လျှောက်ဝင်ကြည့်တာမျိုးလည်း လုံးဝမလုပ်ပါနဲ့။

၆။ တစ်ယောက်ထဲ အခန်းအောင်းပြီး သီးသန့် မနေပါနဲ့။ အပြင်ထွက်ပြီး မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ရှိနေပါ၊ စကားပြောပါ၊ အလုပ်အတူလုပ်ပါ၊ ထမင်းလက်စုံစားကြည့်ပါ။


အပေါ်မှာ ပြထားတဲ့ နည်းလမ်းတွေလုပ်လို့ အဆင်မပြေသေးဘူး၊ ကိုယ့်ရဲ့ အာသာဖြေချင်စိတ်ကို ထိန်းချုပ်မရဘူးဆိုရင်တော့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ သေချာပြကြည့်သင့်ပါတယ်။

အာသာဖြေ မှု လွန်ကဲခြင်းဆိုတာ စိတ်ရောဂါလို့ ခေါင်းစဉ်တပ်ရလောက်တဲ့အထိတော့ ပြင်းထန်တာမဟုတ်တဲ့အတွက် ကုသဖို့လည်း လွယ်ကူပါတယ်။ ကုထုံးပညာရှင်အနေနဲ့ တစ်နေ့တာ ကိုယ့်ရဲ့ စိတ်ကို စွဲလမ်းစေတဲ့ ပြဿနာကို ဘယ်အရာတွေက ဖြစ်စေတာလဲ၊ ဘယ်လောက်ထိ ဒုက္ခပေးနေလဲဆိုတာပေါ် မူတည်ပြီး ကိုယ့်ရဲ့လိင်စိတ်ကို ထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ကုသပေးမှာ ဖြစ်ပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website:

http://building.mizzimafoundation.org/
လီဗာပူးလ်အသင်းဟာ စနေနေ့က ကာတာနိုင်ငံမှာ ဖလာမင်ဂိုအသင်းကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပြီးနောက်မှာ ယာဂန်ကလော့ပ်က "စမ်းသပ်မှုတစ်ခုပြီး နောက်တစ်ခုကို အောင်မြင်တဲ့"အတွက် သူ့ရဲ့ ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကာလီဖာ အင်တာနယ်ရှင်နယ်ကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ရော်ဘတ်တို ဖာမီနိုရဲ့ အချိန်ပို သွင်းဂိုးနဲ့အတူ (၁-ဝ)ဂိုးနဲ့ နိုင်ကာ ဗိုလ်စွဲသွားခဲ့တာပါ။

ကြိုးကြာနီတို့ဟာ သြဂုတ်လက ချယ်လ်ဆီးကို အနိုင်ယူပြီး ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ဒီရာသီမှာ ဒုတိယမြောက် ဆုဖလားကို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

"ကောင်လေးတွေက ထပ်ပြီး လုပ်ပြလိုက်ပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတစ်ခုပြလုပ်ခဲ့တယ်။"လို့ ကလော့ပ်က ပြောပါတယ်။




"သူတို့ဟာ အဆက်မပြတ် အစမ်းသပ်ခံရမှုတွေ ရှိနေမှာပါ။ ကျနော်တို့ဘဝက ဒီလိုပါပဲ။ အခု ကျနော်တို့ စမ်းသပ်မှုတစ်ခုပြီးနောက်တစ်ခု၊၊နောက်တစ်ခုကို အောင်မြင်တယ်။ နောက်ထပ်စမ်းသပ်မှုတွေကိုလည်း ဖြတ်ကျော်နိုင်ဖို့ သေချာအောင်ပြုလုပ်ရပါမယ်။"

လီဗာပူးလ်ဟာ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား သုံးလုံးစလုံးကို ရရှိခဲ့တဲ့ ပထမဆုံးအင်္ဂလန်အသင်းအဖြစ် စံချိန်မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

ကလော့ပ်က ဗိုလ်လုပွဲမှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့အတွက် သူ့ရဲ့ကစားသမားတွေကို ဂုဏ်ယူခဲ့တယ်လို့ ဆိုပါတယ်။




သူက ဆက်လက်ပြီး "ကောင်လေးတွေ လုပ်ပြခဲ့တာတွေအတွက် ကျနော့်ရဲ့ လေးစားမှုကို ဖော်ပြဖို့ စကားလုံးကို ရှာတွေ့ဖို့တောင် ခက်ခဲပါတယ်။ တကယ့်ကို မယုံနိုင်စရာပါ။ ကျနော်တို့ ကောင်းမွန်တဲ့အရာတွေ အများကြီး လုပ်ပြနိုင်ခဲ့တယ်။

"အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ပါတယ်။ ကျနော် တကယ်ပျော်နေပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် ဒီပွဲဟာ ပြိုင်ဆိုင်မှု အတော် ပြင်းထန်ခဲ့တယ်။ ဒါဟာ ကျနော်တို့ ကစားခဲ့ဖူးသမျှ ပွဲတွေထဲမှာ အကောင်းဆုံးမဟုတ်ပေမယ့် အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။"




"ဒါက ကလပ်အတွက် အံ့သြစရာကောင်းတဲ့ ညဖြစ်တယ်။ ဘယ်လိုခံစားရမယ်ဆိုတာတောင် မသိခဲ့ဘူးလို့ ကျနော် အရင်က ပြောခဲ့ဖူးတယ်။

"အခုတော့ ဒါကို ကျနော် သိပြီ။ ကောင်းမွန်လှပြီး လုံးဝ စိတ်လှုပ်စရာကောင်းတယ်လို့ ခံစားရတယ်။ ကျနော့်ကောင်လေးတွေအတွက် အရမ်းဂုဏ်ယူမိတယ်။"

လီဗာပူးလ်ဟာ အသင်းသမိုင်း တစ်လျှောက် (၁၂၇)နှစ်အတွင်းမှာ ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိအချိန်မှာ ဆုဖလား (၄၇)လုံးအထိ ဆွတ်ခူးသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ဒါဟာ မန်ချက်စတာယူနိုက်တက်ထက် နှစ်လုံးအသာ ရရှိသွားတာဖြစ်ပါတယ်။

Ref; BBC


#အာသာ
#စိတ်
#လီဗာ
#စိတ်ဆန္ဒ
#သုက်ရည်

Some text some message..