ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ
mizzimaburmese.com
|
2019-12-22

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win



အခုတလော ယောက်ျားလေးတွေ ခဏခဏလာမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်ဗျ။ သူတို့ချစ်သူကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန်မှာ ဝှေးစေ့က အရမ်းအောင့်ပါတယ်။ ဘာလိင်မှုကိစ္စမှလဲမဖြစ်ခဲ့ပါဘူးတဲ့။ မခံမရပ်နိုင်အောင် အောင့်ပြီး နာကျင်နေတာဘာကြောင့်လဲဆိုပြီး မေးထားတာပါ။ တကယ်ကတော့ မေးခွန်းမှာကတည်းက အဖြေက ပါနေပြီးသားပါ။ အလွယ်ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒဖြစ်ပေါ်နေပါလျက်နဲ့

လိင်ဆက်ဆံခြင် း (တစ်နည်းအားဖြင့် သုက်လွှတ်ခြင်း) လုံးဝမရှိခဲ့လို့ အောင့်တာပါ။


သူ့ကို ဆေးပညာအရ Epididymal Hypertension (အတိုကောက် EH) လို့ခေါ်ပါတယ်။ ယောက်ျားလေးတွေမှာပဲ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြီးကြီးမားမား စိုးရိမ်စရာ၊ စိတ်ပူစရာမရှိဘူးဆိုပေမဲ့ ယောက်ျားလေးတွေရဲ့ အဓိကနေရာမှာ ဖြစ်တာဆိုတော့လည်း အနည်းငယ်ပူပန်တတ်ကြတာတော့ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ ခုပြဿနာကြောင့်

ဝှေးစေ့ေ အာင့်ရခြင်းအကြောင်းကို နားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်။

EH ရဲ့ အဓိကလက္ခဏာတွေကဘာတွေလဲ။


EH သည် ဝှေးစေ့ကိုပဲ အဓိကသွားပြီး သက်ရောက်ပါတယ်။ များသောအားဖြင့် အတွေ့များတဲ့ လက္ခဏာတွေကတော့
ဝှေးစေ့အောင့်ခြင်း
နေရထိုင်ရ အဆင်မပြေခြင်း

ဝှေးစေ့ က လေးနေသလို ခံစားရခြင်း
အထဲက နာကျင်ပြီး ကိုက်ခဲသလိုဖြစ်နေခြင်း
ဝှေးစေ့မှာ အပြာရောင်သမ်းနေခြင်း (ဗန်းစကားအရ ဒီအခြေအနေကို အပြာရောင်ဘောလို့လည်း ခေါ်ကြပါတယ်) စတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။

EH ဘာကြောင့်ဖြစ်ရတာလဲ။

ယောက်ျားလေးတွေ

လိင်စိတ် ထကြွတဲ့အခါ လိင်အင်္ဂါထဲ သွေးစီးဆင်းပြီး ထောင်မတ်ပါတယ်။ လိင်အင်္ဂါအတွင်းမှာရှိတဲ့ သွေးကြောတွေထဲ သွေးစီးဆင်းမှုများလာတာနဲ့အမျှ လိင်အင်္ဂါရဲ့ တင်းမာမှုက ပိုပြင်းထန်လာပြီး နဂိုအရွယ်အစားထက် ပိုကြီးလာပါတယ်။ ဝှေးစေ့သည်လည်း ပုံမှန်ထက် ပိုကြီးပြီး လေးလာသလို ခံစားရပါတယ်။

သုက်လွှတ် လိုက်တာ၊ လိင်ဆက်ဆံပြီးသွားတဲ့အခါ သွေးကြောတွေထဲမှာ ရှိနေတဲ့ သွေးတွေဟာ ကိုယ်ခန္ဓါအတွင်းကို ပြန်ရောက်သွားပြီး လိင်စိတ်ဆန္ဒနည်းသွားတတ်ပါတယ်။ ခုပြဿနာမှာတော့ သုက်လွှတ်ခြင်းလုံးဝမရှိတဲ့အတွက် အထဲကို ပြန်ရောက်ရမယ့် သွေးတွေက မရောက်ဘဲ လိင်တံအတွင်းမှာ အချိန်အကြာကြီးရှိနေတာပါ။ ပိုဆိုးတာက ကိုယ့်ချစ်သူနဲ့ အတူရှိနေတဲ့အချိန်ဆိုတော့ ဘာမှမလုပ်ဘဲနေရင်တောင် ကိုယ့်ရဲ့ ငယ်ပါက အချိန်ကြာမြင့်စွာ ထောင်မတ်နေမှာပါပဲ။


ချစ်သူသက်တမ်းသိပ်မကြာသေးတာ၊ ရှေးရိုးစွဲအယူအဆအရ သို့မဟုတ် မိန်းကလေးဘက်က ဆန္ဒမရှိတာကြောင့် လိင်ဆက်ဆံခြင်း မပြုလိုက်ရတဲ့အခါ ဒီသွေးတွေက

လိင်အင်္ဂါ နဲ့ ဝှေးစေ့ကို နာကျင်ပြီး နေမထိထိုင်မသာဖြစ်စေပါတယ်။ သွေးအလွန်အကျွံ ဝင်ရောက်ပြီး သွေးဖိအားသက်ရောက်မှု များခြင်းကြောင့် ဝှေးစေ့သည်လည်း တစ်ခါတလေ အပြာရောင်သမ်းသွားတတ်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ။

၁။ တစ်ကိုယ်ရေ

အာသာဖြေခြင် း သိပ်မလုပ်တဲ့ အမျိုးသားတွေ

၂။ လိင်အင်္ဂါက နည်းနည်းလေး ထိလိုက်ရုံ၊ နှိုးဆွရုံနဲ့ ထိန်းမရအောင် ထောင်မတ်လာတတ်တဲ့ အမျိုးသားတွေ

၃။ ချစ်သူရည်းစား ထားဖူးကာစ ကောင်လေးတွေ


၄။

အသကျငယျေ သးတဲ့ ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။

တခြားဘာအကြောင်းအရာကြောင့် ဝှေးစေ့အောင့်နိုင်သေးလဲ။


ချစ်သူရည်းစားနဲ့ ချိန်းတွေ့ပြီး ပြန်လာမှ အောင့်တာဆိုရင်တော့ EH ကြောင့်ပဲဆိုတာ သေချာသလောက်ရှိပါတယ်။ အဲ့လို လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်းမရှိဘဲ သူ့အလိုလို အောင့်တာဆိုရင်တော့ ဆီးချိုကြောင့်

ပေါင်ခြံ နဲ့ လိင်တံတစ်ဝိုက် အာရုံကြောထိခိုက်မိခြင်း
ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
ဝှေးစေ့ရောင်ရမ်းခြင်း
ကျောက်ကပ်မှာ ကျောက်တည်တာ
ဝှေးစေ့ကင်ဆာ
အရမ်းကျပ်တဲ့ ဘောင်းဘီ၊ အတွင်းခံဘောင်းဘီတွေဝတ်တာ
ဝှေးစေ့ပတ်လည်ရှိ သွေးကြောများ ပေါက်ပြဲ လိမ်သွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ဆရာဝန်နဲ့ သွားပြဖို့လိုအပ်လား။


EH ကြောင့် ဖြစ်တဲ့ ဝှေးစေ့နာကျင်အောင့်ခြင်းသည် စိုးရိမ်စရာကိစ္စမဟုတ်တာကြောင့် သွားပြဖို့တော့ မလိုပါဘူး။ အမြဲလိုလို နာကျင်ပြီး အောင့်နေတယ်၊ နာကျင်မှုက လုံးဝမခံစားနိုင်လောက်အောင် ပြင်းထန်လွန်းနေတယ်၊ ဝှေးစေ့ကို စမ်းကြည့်လိုက်တဲ့အခါ အဖုအလုံး၊ အကျိတ်တစ်ခုခုတွေ့တာ၊ ပေါင်ခြံတစ်ဝိုက်မှာ တစ်ဆစ်ဆစ်နဲ့ ကိုက်နေတာဆိုရင်တော့ ဆီးလမ်းကြောင်းဆရာဝန်နဲ့ ပြသပြီး ဓါတ်မှန်ရိုက်တာမျိုးလုပ်ကြည့်သင့်ပါတယ်။

EH နဲ့ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းနည်းလမ်းတွေ


၁။ လိင်စိတ်ဆန္ဒ အရမ်းပြင်းပြနေချိန်မှာ ကိုယ့်ချစ်သူနဲ့ မဆက်ဆံရင်တောင် လက်နဲ့ အာသာဖြေလိုက်ပါ။


၂။

ပါးစပျွ ဖင့် လိင်တံကို စုပ်ပေးတာ သို့မဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံတာမျိုးဆိုလည်း အဆင်ပြေပါတယ်။

၃။ ဒါမှမဟုတ် ရေအေးအေး လောင်းချိုးလိုက်ပါ။ အထူးသဖြင့် လိင်အင်္ဂါအပေါ်ကနေ ရေအေး တစ်ခွက်၊ နှစ်ခွက်လောက် လောင်းချလိုက်ပါ။

၄။ လိင်စိတ်ပျောက်သွားစေမယ့် အတွေးတစ်ခုခု၊ ဥပမာ စာအကြောင်း၊ အလုပ်အကြောင်း၊ စိတ်ညစ်စရာ၊ စိတ်အပြောင်းအလဲဖြစ်စရာ အကြောင်းအရာတစ်ခုခု စဉ်းစားနေလိုက်ပါ။

၅။ သီချင်းနားထောင်ပါ။

၆။ ဒီဘက်ကို စိတ်ရောက်မနေစေဖို့ အလုပ်တစ်ခုခု ထလုပ်ပါ။


၇။

လေ့ကျင့်ခန် းလုပ်ပါ။ ဒိုက်ထိုးပါ။ အိပ်ထမတင် လုပ်ပါ။

၈။ အရမ်းမအေးတဲ့ ရေခဲအိတ်ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website:

http://building.mizzimafoundation.org/

#ဝှေးစေ့
#အင်္ဂါ
#ယောက်ျားလေး
#စိတ်ဆန္ဒ
#သွေး

Some text some message..