လေဒီလေး
တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေကမနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေကုန်လွန်ရင်းဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ လျှောက်ပြေးလွှားဆော့နေတဲ့အချိန်ကလေးဘဝကနေ လေဒီလေးဘဝကိုပြောင်းလဲမှုက ပိုးတုံးလုံးဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်လိုပါပဲ။
အတွေ့အကြုံသစ်တွေ
ကို အချိန်ပေးကျော်ဖြတ်ရတာပါ။ ဒီလိုရင်ဆိုင်ကျော်ဖြတ်ရတဲ့ အဆင့်တွေထဲမှာ
ရာသီလာခြင်း
ကလည်း တစ်ခုအပါအဝင်ပေါ့။
ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်သမီးငယ်လေး သိထားသင့်တာတွေက ဘာတွေများလဲ..........
ကလေးပေါက်စလေးအဖြစ်ကနေ အပျိုပေါက်လေးအဖြစ်ပြောင်းလဲလာချိန်မှာ
ခန္ဓာကိုယ်
မှာ ပြောင်းလဲမှုတွေကြုံရနိုင်သလို
ရာသီသွေး
ဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာမှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့လိုပါမယ်။ ရာသီလာတာက ရှောင်လွှဲလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး ရာသီလာတာက
အပျိုဖော်ဝင်
တဲ့ မိန်းကလေးတိုင်း တွေ့ကြုံရမယ့် ကိစ္စဖြစ်ပြီး မိန်းကလေးတိုင်းဘဝမှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဆိုတာကို လက်ခံထားဖို့လိုပါမယ်။ ရာသီလာရင် ဘယ်လောက်ကြာမလဲ ရာသီလာတဲ့အခါ ပုံမှန်အားဖြင့် ၃ ရက်ကနေ ၅ ရက်အတွင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ရာသီသွေးဆင်းတာကလည်း နည်းတဲ့သူက နည်းနိုင်ပြီး များတဲ့သူကများနိုင်ပါတယ်။ ဘယ်အချိန်မှာ
ရာသီစလာ
တတ်လဲ များသောအားဖြင့်ကတော့ အသက် ၁၂ နှစ် ကနေ ၁၃ နှစ်ဝန်းကျင်မှာလာတတ်ပါတယ်။ ဒီထက်ပိုစောနိုင်သလို နောက်ကျတာမျိုးလည်းရှိနိုင်ပါတယ်။
ရာသီလာချိန်မှာ ဘယ်လိုတွေခံစားရနိုင်လဲ....
ရာသီလာတိုင်းမှာ အခုလိုတွေမဖြစ်မနေခံစားရနိုင်တာမဟုတ်ပေမယ့် ခံစားရနိုင်ခြေတော့ရှိပါတယ်။
မအီမသာ
ဖြစ်မယ် - ခြေလက်တွေကိုက်သလို၊ ခေါင်းမူးသလို၊ ချွေးစေးတွေပြန်ပြီး ခြေဖျားလက်ဖျားတွေအေးတာ၊ မူးဝေတာ၊ ကိုက်ခဲနာကျင်တာတွေခံစားရနိုင်ပါတယ်။ သွေးဆုံးရှုံးမယ် - ရာသီသွေးဆင်းတာကြောင့် ခန္ဓာကိုယ်မှာ သွေးဆုံရှုံးတာမျိုး၊
သွေးအားနည်း
တာမျိုးတွေဖြစ်နိုင်ပါတယ်။ သွေးခဲတွေဆင်းမယ်- ရာသီသွေးဆင်းတဲ့အခါ သွေးအရည်တွေပဲဆင်းနိုင်သလို တစ်ခါတရံမှာ သွေးခဲလေးတွေဆင်းတာမျိုးလည်းရှိနိုင်ပါတယ်။ အရမ်းမများဘူးဆိုရင်တော့ မစိုးရိမ်ဖို့ပြောပါရစေနော်။
- ဒါကတော့ လေဒီလေးတိုင်းမဖြစ်ပါဘူး။ အချို့လေဒီလေးတွေမှာတော့ ရာသီလာချိန်မှာ ဗိုက်အောင့်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ခံစားမှုမကောင်းဖြစ်မယ် - ရာသီသွေးဆင်းနေချိန်မှာ ဝမ်းနည်းသလို၊ စိတ်အားငယ်သလို ခံစားရတာ၊ စိတ်တိုလွယ်တာ၊ ဒေါသဖြစ်လွယ်တာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာခံစားရမယ် - ဗိုက်တွေအောင့်သလို ဆီးစပ်တွေကိုက်သလိုမျိုးကိုလည်း ရာသီလာစဉ်နဲ့ ရာသီမလာခင်တွေမှာ ခံစားရနိုင်ပါသေးတယ်။ ဒါတင်မကပါဘူး။ ခါးတွေ၊ ခြေထောက်တွေကိုက်တာကိုလည်း ခံစားရနိုင်ပါတယ်။
ရာသီလာချိန်ကို အကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့
ရာသီလာချိန်ကို လေဒီလေးအနေနဲ့ အကောင်းဆုံးကျော်ဖြတ်သွားလို့ရအောင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။ ရာသီလာနေချိန်မှာ
အငန်ဓာတ်များတာ
တွေကို မစားပါနဲ့
ကဖင်းဓာတ်
ပါတဲ့ အစားအသောက်တွေကိုရှောင်ပါ
နို့နဲ့နို့ထွက်ပစ္စည်းတွေကိုရှောင်ပါ သင့်တင့်တဲ့
ကိုယ်လက်လှုပ်ရှားမှု
လုပ်ပေးပါ ၆ နာရီကြာတိုင်း
လစဉ်သုံးပစ္စည်း
ကို အသစ်လဲလှယ်ပေးပါ
အကာအကွယ်မဲ့လိင်ဆက်ဆံတာမျိုး မလုပ်ပါနဲ့
အိပ်ရေးဝဝအိပ်ပါ
ရေများများသောက်ပါ
တစ်ကိုယ်ရေသန့်ရှင်းရေး
ဂရုစိုက်ပေးပါ
အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ ဒီလိူအချိန်မှာ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ရော သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်းရောဂါပါမဖြစ်စေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရတွေပြည့်ဝစေဖို့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေဖြစ်တဲ့
ဗီတာမင် နဲ့ သတ္တုဓါတ်
၁၈ မျိုး၊ ဗီတာမင် B complex နဲ့
သံဓါတ်
တို့ကို အခြေခံပြီး ထုတ်ထားတဲ့
Appeton
ရဲ့ Ms Teen ဖြည့်စွက်အားဆေးရှိပါတယ်။ လေဒီလေးတွေအတွက် သီးသန့်ထုတ်ထားတာဖြစ်တာကြောင့် ကျန်းမာလှပတဲ့ လေဒီလေးအဖြစ်အရွယ်ရောက်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါနော်။
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။