ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနတွင် စက်ကိရိယာနှင့်ဝန်ထမ်းအင်အား တိုးမြှင့်သင့်ဟုဆို
mmtimes.com
|
2020-01-22



ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား တွေ့ရစဉ်။ ဓာတ်ပုံ- ယဉ်ပပထွန်း

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနတွင် စက်ကိရိယာနှင့်ဝန်ထမ်းအင်အား တိုးမြှင့်သင့်ဟုဆို

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်နှစ် ထက်တစ်နှစ် ကင်ဆာလူနာများပြားလာပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသရာတွင် စောင့်ဆိုင်းနေရမှုများ ဖြစ်ပေါ်နေသောကြောင့် စက်ကိရိယာနှင့် ဓာတ်ရောင်ခြည် ကျွမ်းကျင်ဝန်ထမ်း များ တိုးမြှင့်ပေးရန် ၂၀၁၇–၂၀၁၈ စာရင်းစစ် ချုပ်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ဆေးကုသရာတွင် တစ်နှစ်ထက်တစ်နှစ် များပြားလာရာ ၂၀၁၈ ခုနှစ်တွင် လူနာ ၂၅၀၄ ဦးရှိကြောင်း သိရသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ကုသစက် လေးလုံးရှိရာ ထိုစက်လေးလုံးမှာ အသစ်နှစ်လုံး အဟောင်း နှစ်လုံးဖြစ်ပြီး အဟောင်းနှစ်လုံးမှာ မကြာခဏစက်ချွတ်ယွင်း နေသောကြောင့် ရင်သားကင်ဆာများ ဓာတ် ရောင်ခြည်ကုသရာတွင် အချိန်ရှစ်လနှင့်အခြား ကင်ဆာများအတွက် အချိန်လေးလပေးနေရသည်ဟုလည်း ဖော်ပြထားသည်။

"တစ်နှစ်ထက် တစ်နှစ်များပြားလာတဲ့ ကင်ဆာဝေဒနာရှင်များကို ဓာတ်ရောင်ခြည် ကုသရေးဌာနက အချိန်နဲ့တစ်ပြေးညီကုသမှု လိုအပ်တဲ့အတွက်ကြောင့် စက်ကိရိယာနဲ့ ကျွမ်းကျင်ဝန်ထမ်းအင်အားတွေ တိုးမြှင့်ဖို့ လိုအပ်ပါတယ်"ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဇန်နဝါရီ ၈ ရက်က ပြောသည်။

ထို့အပြင် ရန်ကုန်ခုတင် ၅၀ဝ ဆေးရုံ ကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးနှင့် မြောက် ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးတို့ တွင် ကျောက်ကပ်ရောဂါလူနာများ ကျောက် ကပ်ဆေးကုသရန် တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်းလည်း သိရသည်။

ကျောက်ကပ်ရောဂါဆေးကုသရာတွင် လူနာတစ်ဦး၏စောင့်ဆိုင်းချိန်မှာ ရန်ကုန် ခုတင် ၅၀ဝ ဆေးရုံကြီးတွင် ခြောက်လမှ တစ်နှစ်ခန့်ကြာမြင့်ကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် ခြောက်လမှ ရှစ်လခန့် ကြာ မြင့်ကြောင်း၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံကြီးတွင်လည်း ၁၁ လခန့်ကြာ မြင့်သောကြောင့် လူနာများအတွက် စောင့်ဆိုင်း ရချိန်လျော့ ပါးစေရန် ကျောက်ကပ်ဆေးစက်အတွက် ဆေးရုံနေရာ(အဆောက်အအုံများ)၊ ကျောက်ကပ်ဆေးစက်နှင့် ရေသန့်စက်အပါအဝင် အခြား ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆရာဝန်နှင့် သူနာပြုဝန်ထမ်းအင်အားများ ပြည့်စုံစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။


#ရောင်ခြည်
#ဆေးရုံကြီး
#ရန်ကုန်ပြည်သူ့ဆေးရုံကြီး
#စာရင်းစစ်ချုပ်
#ဓာတ်

Some text some message..