မိန်းကလေးတွေမှာ အဖြစ်များတဲ့ကင်ဆာတွေထဲ ရှေ့ဆုံးက ဦးဆောင်နေတာက ရင်သားကင်ဆာဖြစ်ပါတယ်။
ရင်သားကင်ဆာ
ဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေမှာဖြစ်ပွားတဲ့ ကင်ဆာပါ။ ရင်သားကင်ဆာက
အမိြုးသားေ
တွမှာပါဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာပိုအဖြစ်များတာဖြစ်ပါတယ်။
ရင်သားကင်ဆာ အမျိုးအစားများ
ရင်သားကင်ဆာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက Ductal carcinoma လို့ခေါ်တဲ့
နို့ရည်ပြွန်ေ
တွမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာဖြစ်ပြီးအတွေ့ရများတဲ့ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့Lobular carcinoma လို့ခေါ်ပြီး ရင်သားတစ်ရှုးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ ပြန့်ပွားတတ်တဲ့
ရင်သားကင်ဆာ
ဆိုတာ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းတွေနဲ့ နို့ရည်ပြွန်တွေမှာ စတင်ဖြစ်လာတဲ့ ကင်ဆာလ်ဆဲလ်တွေက အနီးကကိုယ်တွင်းအင်္ဂါတွေဆီ ကူးစက်သွားကာ ခန္ဓာကိုယ်ရဲ့တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ပြန့်သွားတဲ့ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။ မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်များက ရင်သားတစ်ရှုးတွေမှာ ဖြစ်ပွားပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ မကူးစက်တတ်တဲ့ကင်ဆာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ရင်သားကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေက - ရင်သားမှာ
အကျိတ်ေ
တွ့တာ
ရင်သားရဲ့ အရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန်ပြောင်းလဲလာတာ၊
ရင်သားရဲ့အသားအရေ အရောင်ပြောင်းလာတာ၊
ရင်သားထိပ် ချိုင့်ဝင်လာတာ၊
ရင်သားထိပ်တဝိုက် နီမြန်းလာတာ၊
ရင်သားထိပ်ကနေ အရည်ထွက်လာတာ(သွေးလည်းပါလာနိုင်)
ရင်သားထိပ် သို့မဟုတ် ရင်သားမှာ အရေခွံကွာတာ၊ အက်ကွဲတာ
ရာသီစက်ဝန်းေ
ကြာင့်မဟုတ်ဘဲ ချိုင်းနဲ့ ရင်သားမှာ နာကျင်နေတာမျိုးတွေ ပါဝင်ပါတယ်။ အကျိတ်အများစုက ကင်ဆာကျိတ်မဟုတ်ဘူးဆိုပေမယ့် ပုံသေတွက်လို့မရနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ အမြဲပုံမှန်ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။
ရောဂါရှာဖွေစစ်ဆေးမှု
ရင်သားမှာ အကျိတ်၊အလုံးရှိနေသလား၊
ကိုယ်တိုင်စမ်းသပ်လို့ရတဲ့ နည်းလမ်း
(
Breast Self-Exam
) ရှိပေမယ့် ပိုတိကျတဲ့ရလဒ်တွေနဲ့ အတည်ပြုနိုင်ဖို့ စစ်ဆေးမှုတွေခံယူတာကောင်းပါတယ်။ ဒီစစ်ဆေးမှုတွေအတွင်း ကျွမ်းကျင်သူဆရာဝန်တွေက လူနာရဲ့ ရင်သားမှာ အကျိတ်၊ အဖုတွေနဲ့ တစ်ခြား ရောဂါလက္ခဏာတွေ ရှိမရှိဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။
mammogram
ပုံရိပ်ဖော် စစ်ဆေးမှုများ -(x-ray ပမာဏ နည်းနည်းနဲ့ ရင်သားအတွင်းက ပုံရိပ်တွေကို ပုံဖော်ပေးတဲ့ စနစ်) ultrasound (နှုန်းလွန်အသံလှိုင်း) စစ်ဆေးမှု -(ဒီ စစ်ဆေးမှုကတော့ တစ်ရှုးတွေလား၊ ပြည်တည်အိတ်လားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်။) MRI scan -MRI (Magnetic resonance imaging ) ဆိုတာ သံလိုက်စက်ကွင်းတွေနဲ့ ရေဒီယိုလှိုင်းတွေကို သုံးပြီး ခန္ဓါကိုယ်အတွင်းအင်္ဂါတွေနဲ့ ခန္ဓါကိုယ်အတွင်းက တစ်ရှုးတွေကို တိကျတဲ့ ပုံရိပ်များ အဖြစ်ပုံဖော်ပေးတဲ့ နည်းစနစ်)
အသားစ ယူစစ်ဆေးခြင်း
-(ဓါတ်ခွဲခန်းတွင်း စစ်ဆေးရန်အတွက် တစ်ရှုးတွေကို ခွဲထုတ်ပြီး စစ်ဆေးတဲ့ နည်းလမ်း)
ဖြစ်နိုင်ခြေများစေတဲ့အချက်များ
ရင်သားကင်ဆာအတွက်ဖြစ်နိုင်ခြေများစေတဲ့အချက်တွေဆိုပေမယ့် ဒီအချက်တွေ တစ်ချက်မကကိုယ့်မှာရှိနေလည်း ရင်သားကင်ဆာဖြစ်လာတော့မယ်လို့ တထစ်ချထင်မှတ်ဖို့တော့ မဟုတ်ပါဘူး။ဖြစ်နိုင်ခြေအန္တရာယ်ကို သတိထားသိရှိမှ ဆင်ခြင်နေထိုင်နိုင်မယ်၊ရောဂါစောစောသိရှိမှ ကုသမှုအချိန်မီမယ်။ ဒါ့ကြောင့် ဒီအချက်တွေကို သိထားသင့်ပါတယ် -
ရင်သားနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ခဲ့ဖူးခြင်း
ရင်သားကင်ဆာမျိုးရိုးရှိခြင်း၊
ဓါတ်ရောင်ခြည်ထိတွေ့ဖူးခြင်း( ကလေးဘဝက ဒါမှမဟုတ် လူငယ်ပိုင်းမှာ ဓါတ်ရောင်ခြည်ပါတဲ့ ကုသမှုတစ်ခုခုခံယူခဲ့ဖူးရင်)
အဝလွန်ခြင်း၊
အပျိုဖော်ဝင်စောခြင်း (အသက်၁၂နှစ်မတိုင်ခင်)
သွေးဆုံးချိန်ေ
နာက်ကျခြင်း
အရွယ်လွန်မှ သားဦးကလေးမွေးခြင်း
ကိုယ်ဝန်မဆောင်ဖူးခြင်း
သွေးဆုံးပြီးနောက်ပိုင်းဟော်မုန်းကုထုံးခံယူဖူးခြင်း
အရက်သောက်သုံးခြင်း တို့ပါဝင်ပါတယ်။ ဒါပေမယ့်နောက်ပိုင်း
သုတေသနတွေ့ရှိချက်
တွေအရ ဗီတာမင် D ချို့တဲ့ရင်လည်း ပြန့်ပွားမှုနှုန်းအမြန်ဆုံးရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်တဲ့။ ရင်သားကင်ဆာရှိပြီးသားသူတွေမှာလည်း ဗီတာမင်D အားနည်းနေရင် ကင်ဆာအကျိတ်ပိုကြီးထွားမြန်၊ပြန့်ပွားမြန်ပြီး အသက်ဆုံးရှုံးရနိုင်ခြေပိုများစေပါတယ်။ ဗီတာမင် D ကိုနေရောင်ခြည်ကနေရရှိနိုင်သလို အဆီများတဲ့ငါး၊ အမဲအသည်း၊ကြက်ဥအနှစ်၊ဖြည့်စွက်နွားနို့စတဲ့ အစားအသောက်တွေကနေရရှိနိုင်ပါတယ်။ လုံလောက်တဲ့ပမာဏရရှိနိုင်ဖို့ အသေချာဆုံးကတော့ ဗီတာမင် D အားဆေးသောက်ပါ။
ဘယ်လိုကုသမလဲ
ကင်ဆာကုသမှုမှာတော့ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ဆေးတိုက်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုကုသမှုမျိုးပေးသင့်တယ် ဆိုတာက ဒီအချက်တွေပေါ် မူတည်ပါတယ်။
ကင်ဆာအဆင့်
အကျိတ်အမျိုးအစား
မျိုးဗီဇပြဿနာ ရှိနေခြင်း
အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ လူနာရဲ့ရွေးချယ်မှု တို့ဖြစ်ပါတယ်။ ခွဲစိတ်မှုနဲ့ ဓါတ်ရောင်ခြည်နဲ့ကုသမှုတို့ကတော့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မထိခိုက်ချင်ရင် သုံးလေ့ရှိတဲ့ကုသနည်းတွေ ဖြစ်ပါတယ်။ ဟော်မုန်း ဒါမှမဟုတ် ဓာတုဆေးဝါးနဲ့ကုသနည်းတွေကတော့ ကင်ဆာက ပျံ့နှံ့မြန်ကင်ဆာမျိုးဖြစ်နေတဲ့အခါ သုံးပါတယ်။ အဲဒီလိုကုသနည်းတွေက တစ်ကိုယ်လုံးမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေအထိ အရောက်သွားနိုင်ပါတယ်။ အများအားဖြင့်တော့ လူနာတွေဟာ ကုသနည်းတစ်မျိုးတည်းထက်စာရင် ပေါင်းစပ်ကုသမှုခံယူရတတ်ပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။