ရာသီထိန် ခြင်း
hellosayarwon.com
|
2020-01-29

ရာသီထိန် တယ်လို့ပြောဖို့အတွက် အနည်းဆုံး တလထက်ပိုပြီး ရာသီမလာဖို့လိုပါတယ်။ အဲ့တော့ အမျိုးသမီးတွေ ၃လဆက်တိုက် ရာသီမလာရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ အသက်၁၅နှစ်ထိ သွေးမပေါ်သေးရင်ပဲ ဖြစ်ဖြစ် ရာသီထိန်တာပါပဲ။

လက္ခဏာများ
ရာသီထိန်တာအပြင် ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေလည်း တွဲလာနိုင်ပါသေးတယ်။ ပြောရရင် -နို့သီးခေါင်းက အရည်ထွက်တာ -ဆံပင်ကျွတ်တာ -ခေါင်းကိုက်တာ -အမြင်အာရုံပြောင်းလဲတာ -မျက်နှာမှာ အမွေးအမျှင်တွေ အထွက်များလာတာ -ဆီးစပ်ကိုက်တာ -ဝက်ခြံထွက်တာ စတာတွေပဲဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းများ
သဘာဝအတိုင်းထိန်ခြင်း ဒီအကြောင်းတွေကြောင့်ဆိုရင်တော့ ရာသီထိန်တာ မဆန်းပါဘူး။ -

ကိုယ်ဝန် ရှိခြင်း -နို့တိုက်နေခြင်း -

သွေးဆုံး ခြင်း သန္ဓေတားဆေးများ တချို့သော

သန္ဓေတားဆေး တွေက ရာသီထိန်တတ်ပါတယ်။ သောက်ဆေးတွေတောင်မှ ရပ်လိုက်ပြီးရင်

သားဥကြွေ ဖို့နဲ့ ရာသီပြန်လာဖို့အတွက် အချိန်တစ်ခုစောင့်ရပါတယ်။ ထိုးဆေးတွေ၊ လက်မောင်းအောက်ထည့်တဲ့ တားဆေးတွေ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတချို့ကလည်း ရာသီထိန်စေပါတယ်။ ဆေးဝါးများ ရာသီထိန်စေတဲ့ ဆေးတွေကတော့ -စိတ်ရောဂါကုဆေးတွေ -ကင်ဆာဆေးတွေ -စိတ်ကျရောဂါကုဆေးတွေ -သွေးကျဆေးတွေ -အလာဂျီဆေးတွေပဲ ဖြစ်ပါတယ်။ lifestyleပြဿနာတွေ -ကိုယ်အလေးချိန်နည်းခြင်း : ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁၀ရာခိုင်နှုန်းလောက် နည်းနေပြီဆိုရင်

ဟော်မုန်း တွေ ကမောက်ကမဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ အစားအသောက် လုံးဝမစားတာ ဒါမှမဟုတ် အလွန်အမင်းစားတဲ့သူတွေမှာလည်း ဒီပြဿနာဖြစ်တတ်ပါတယ်။                                                                                                                                                                                                           -လေ့ကျင့်ခန်း အလွန်အမင်းလုပ်ခြင်း : လေ့ကျင့်ခန်းအလွန်အမင်းလုပ်ရတဲ့သူတွေ၊ အားကစားသမားတွေမှာ ခန္ဓာကိုယ် အဆီနည်းသွားတာ၊ စိတ်ဖိစီးမှုများတာ၊ ခွန်အားတွေ သုံးရတာကြောင့် ရာသီထိန်သွားတတ်ပါတယ်                                                                                    -

စိတ်ဖိစီးမှု : စိတ်ဖိစီးမှုကြောင့် ဦးနှောက်မှာရှိတဲ့ ရာသီလာတာကို ထိန်းချုပ်တဲ့ Hypothalamusရဲ့ အလုပ်ကို ထိခိုက်ပြီး မျိုးဥကြွေတာ၊ ရာသီထိန်တာတွေဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှု သက်သာသွားရင်တော့ ရာသီပုံမှန်ပြန်လာပါတယ်။ ဟော်မုန်းမညီမျှမှု -

PCOS (သားဥအိမ် အရည်အိတ်တည်ခြင်း) : ပုံမှန်ရာသီစက်ဝန်းဖြစ်ဖို့အတွက် ဟော်မုန်းတွေက အတက်အကျရှိရပါတယ်။ PCOSမှာတော့ ဟော်မုန်းတွေက တသတ်မတ်တည်း တက်နေတဲ့အတွက် ရာသီထိန်ရတာပါ။ -သိုင်းရွိုက်ပြဿနာ :

သိုင်းရွိုက်ဟော်မုန်း များလွန်း နည်းလွန်းခြင်းကလည်း ရာသီမမှန်တာ ထိန်တာကို ဖြစ်စေပါတယ်။ -Pituitary အကြိတ် : ကင်ဆာမဟုတ်တဲ့ Pituitary အကြိတ်က ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး ရာသီထိန်စေပါတယ်။ -အရွယ်မတိုင်ခင် သွေးဆုံးခြင်း : ပုံမှန်ဆိုရင်၅၀ ဝန်းကျင်မှ သွေးဆုံးကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသက် ၄၀မတိုင်ခင် မျိုးဥမကြွေတော့ဘူးဆိုရင် ရာသီလည်း မလာတော့ပါဘူး။ မျိုးပွားအင်္ဂါပြဿနာများ -သားအိမ်နံရံ အမာရွတ်ဖြစ်ခြင်း : အကြောင်းအမျိုးမျိုးကြောင့်

သားအိမ်ခြစ် တယ်၊ ဗိုက်ခွဲမွေးတယ်၊ သားအိမ်အလုံးဖယ်တယ်စတာတွေလုပ်ပြီးတဲ့အခါ သားအိမ်နံရံမှာ အမာရွတ်ကျန်တတ်ပါတယ်။ ဒီအမာရွတ်တွေက ရာသီလာဖို့အတွက် သားအိမ်နံရံထူတာ၊ ကွာကျတာတွေကို မဖြစ်စေတော့ပါဘူး။ -မွေးရာပါ မျိူးပွားအင်္ဂါမပါခြင်း : မွေးရာပါ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်မပါလာရင်တော့ ရာသီလာမှာလည်း မဟုတ်တော့ပါဘူး။ -မိန်းမကိုယ် ပုံမှန်မဟုတ်ခြင်း : မိန်းမကိုယ်အဝမှာ အမြှေးပါး၊ နံရံထူနဲ့ ပိတ်နေမယ်ဆိုရင် ရာသီလာတာတောင် သွေးဆင်းတာ မြင်ရမှာ မဟုတ်ပါဘူး။

ကုသနည်းများ
ဖြစ်တဲ့အကြောင်းရင်းကိုမူတည်ပြီး ကုသနည်းတွေ မတူကြပါဘူး။  ကိုယ်ကိုယ်တိုင်လုပ်နိုင်တာတွေကတော့ စိတ်ဖိစီးမှုလျှော့ချတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ရှောင်တာ၊  အစားအသောက်ကို အလွန်အကျွံစားတာ၊ မစားဘဲ နေတာမျိုးကို ရှောင်တာ စတာတွေလုပ်သင့်ပါတယ်။ ဆရာဝန်နဲ့လည်း ပြသရပါမယ်။ မိမိရဲ့ ရာသီရက်တွေ၊ ကြာချိန်၊ ရာသီချိန်အတွင်းမှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း မှတ်သားထားပြီး ဆရာဝန်နဲ့ ဆွေးနွေးပြသသင့်ပါတယ်။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#သားအိမ်
#စိတ်ဖိစီးမှု
#ရာသီ
#မိန်းမကိုယ်
#အမာရွတ်

Some text some message..