အိပ်ပျော်နေစဉ်ဘီလူးစီး ခြင်း
hellosayarwon.com
|
2020-01-29

အိပ်ပျော် နေစဉ်

ဘီလူးစီး တဲ့ ခံစားမှုမျိုး ကြုံဖူးပါသလား။ ဒါကို sleep paralysisလို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ လူကသတိရှိနေတယ်။ ဒါပေမယ့် လှုပ်လို့မရဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်ကြာအောင် လှုပ်လို့လည်းမရဘူး။ စကားပြောလို့လည်းမရပါဘူး။ တချို့လူတွေဆိုရင် အပေါ်ကနေ တခုခုနဲ့ ဖိထားသလို၊ အသက်ရှူကြပ်လာသလို ခံစားရပါတယ်။ ဒါကြောင့် ဘီလူးစီးတယ်လို့ ပြောကြတာပါ။

Sleep paralysis က တခြားပြဿနာတွေဖြစ်တဲ့ ရုတ်တရက် အိပ် ေပျာ်သွားတတ်တဲ့ေရာဂါ (

narcolepsy )နဲ့လည်းတွဲဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာဖြစ်တတ်လဲ။
Sleep paralysisက နှစ်ချိန်မှာဖြစ်တတ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်နေရင် hypnagogic (predormital sleep paralysis)လို့ခေါ်ပြီး နိုးနေတဲ့အချိန်မှာဖြစ်ရင် hypnopompic (postdormital sleep paralysis)လို့ခေါ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ပျောင်းနေပါတယ်။ သတိလည်းကောင်းကောင်းမရှိတဲ့အတွက် ပြောင်းလဲနေတာကို မသိပါဘူး။ ဒါက ပုံမှန်ပါ။ ဒါပေမယ့် သင်က အိပ်ပျော်ရင်းနဲ့ သတိဝင်နေတယ်ဆိုရင် သင်မလှုပ်နိုင်တာ စကားမပြောနိုင်တာကို သတိထားမိမှာပါ။ အိပ်ခြင်းမှာ NREMနဲ့ REMဆိုပြီး ၂ခုရှိပါတယ်။ NREMအချိန်မှာ ခန္ဓာကိုယ်က ပျော့ပျောင်းနေပါတယ်။ NREMပြီးရင် REMကို ပြောင်းပါတယ်။ အဲ့အချိန်မှာ အိပ်မက်မက်ပါတယ်။ ခန္ဓာကိုယ်တခုလုံးကလည်း လှုပ်လို့ မရပါဘူး။ ဒါကြောင့် REMမပြီးခင်မှာ စောနိုးနေမယ်ဆိုရင် လူက သတိရှိနေပေမယ့် လှုပ်လို့မရပါဘူး။ အသံထွက်လို့မရပါဘူး။ ခန္ဓာကိုယ်က ကြွက်သားတွေ ပျော့နေလို့ပါ။

ဘယ်သူတွေမှာဖြစ်နိုင်လဲ။
လူ၁၀ယောက်မှာ ၄ယောက်က ဒါမျိုးခံစားဖူးကြပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့်

ဆယ်ကျော်သက်အရွယ် မှာ စပြီးကြုံတတ်ပါတယ်။ မျိုးရိုးလည်းလိုက်တတ်ပါသေးတယ်။ ဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေကတော့

အိပ်ရေးပျက် တာ
အိပ်ချိန်ပြောင်းတာ

စိတ်ဖိစီးမှုများ တာ၊

စိတ်တက်လွယ်ကျလွယ် ဖြစ်တာ
ပက်လက်အိပ်တာ
တခြားပြဿနာတွေဖြစ်တဲ့ ရုတ်တရက် အိပ် ေပျာ်သွားတာ၊ အိပ်ရင်း ကြွက်တက်တာမျိုး ဖြစ်တတ်တာ ဆေးဝါးတွေ (ဥပမာ

ADHD မှာ သုံးတဲ့ဆေးတွေ)
မူးယစ်ဆေးသုံးတာ

ဘယျလိုကုကွမလဲ။
များသောအားဖြင့်တော့ ကုစရာလိုလောက်အောင် အခြေအနေမဆိုးပါဘူး။ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် sleep paralysisရဲ့ လက္ခဏာတွေ သိပ်ဆိုးနေရင်၊ ညဘက်မအိပ်ရဲလောက်အောင် ဖြစ်နေရင်၊ ညဘက်အိပ်မပျော်လို့ မနက် အလုပ်လုပ်ရတာ အခက်အခဲဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေကတော့

အိပ်ချိန်မှန် ပါစေ။ အိပ်ရေးဝပါစေ။ တစ်ညကို ၆နာရီက ၈နာရီထိ အိပ်ပေးပါ။
မအိပ်ခင် စိတ်ဖိစီးမှုများကို ဖြေလျှော့ပါ။
ပက်လက်အိပ်တတ်တဲ့ အကျင့်ရှိရင် ဘေးစောင်းပြီးပဲဖြစ်ဖြစ် ပုံစံပြောင်းအိပ်ကြည့်ပါ။ ဒါတွေနဲ့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ပြသပြီး
အိပ်ချိန်ကို ထိန်းညှိပေးတဲ့ ဆေးတွေသောက်ပါ။
တခြားစိတ်ရောဂါရှိရင် ကုသပါ။
ရုတ်တရက် အိပ် ေပျာ်သွားတာ၊ အိပ်နေတုန်း ကြွက်တက်တာရှိရင်လည်း ကုသပါ။ ဒီလောက်ဆိုရင် နောက်တစ်ခါ ဒါမျိုးကြုံရင် မကြောက်ပါနဲ့တော့။ ဘီလူးစီးတာလည်း မဟုတ်သလို အောက်လမ်းနဲ့ ပြုစားခံရတာလည်း မဟုတ်ပါဘူး။ ကျန်းမာရေးပြဿနာသက်သက်ပဲဖြစ်လို့ ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် နေလိုက်ပါတော့။  

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#အိပ်ချိန်
#ခန္ဓာကိုယ်
#စိတ်ဖိစီးမှု
#အချိန်
#ရင်

Some text some message..