နားကိုက်ခြင်းအကြောင်း တစေ့တစောင်း
ondoctor.com.mm
|
2020-01-29


နားကိုက်ခြင်းအကြောင်း တစေ့တစောင်း


နားကိုက်ခြင်းဆိုသော ဝေဒနာသည် ကလေးများတွင် အတွေ့များသော ဝေဒနာ တစ်ခုဖြစ်သည်။


ကလေးငယ်များ၏ Eustachian Tube ဟု ခေါ်သော နား / နှာခေါင်း/ လည်ချောင်း သုံးခုကို ဆက်ပေးသော နေရာလေးသည် လူကြီးများထက် ပိုတိုခြင်း၊ ပိုကျဉ်းခြင်း၊ ပိုဖြောင့်နေခြင်းကြောင့် ပိုးဝင်ရောက်မှု ပိုဖြစ်စေနိုင် သည့်အတွက် ဖြစ်သည်။


နားကိုက်လျှင် နားတစ်ဖက်သာ ကိုက်ခြင်းမျိုး ပိုတွေ့ရပါသည်။ သို့သော် နားနှစ်ဖက်လုံး တစ်ပြိုင်တည်းလည်း ကိုက်သည့် အခြေအနေမျိုးလည်း ကြုံတွေ့နိုင်ပါသည်။


Q နားကိုက်ခြင်းဖြစ်စေသော အကြောင်းအရင်းများ


နားပိုးဝင်ခြင်း


ထိခိုက်မိခြင်း


နားအတွင်းသိုပ ဓာတ်မတည့်သော အရာတစ်ခုခုရှိနေခြင်း


နား နှင့် အနီးတစ်ဝိုက် ရှိနေရာတွင် နာကျဉ်ခြင်းကြောင့် နားပါ ကိုက်လာခြင်း


သွားကိုက်ရာမှ မေးရိုးနာခြင်း၊ ထိပ်ခေါင်နာ


အခြားအကြောင်းအရင်းများ


(a) လေဖိအား အပြောင်းအလဲဖြစ်ခြင်း Eg- လေယာဉ်စီးသည့်အခါ


(b) နားဖာချေးပိတ်ခြင်း


(c) နားထဲ အရာဝတ္ထု တစ်ခုခုရှိနေခြင်း


(d) နားထဲ ရေဝင်ခြင်း


(e) နားစည်မှေး ပေါက်ခြင်း


(f) မျက်နှာ အာရုံကြောယောင်ခြင်း (Trigeminal Neuralgia)


Q နားပိုးဝင်ခြင်း လက္ခဏာများ


ယေဘုယျအားဖြင့် 1. နားကိုက်ခြင်း နားအကြားအာရုံကျခြင်း (နားလေးခြင်း) နားပြည်ယိုခြင်း


ကလေးများတွင် 1. အသံကို တုန့်ပြန်မှု ကျလာခြင်း နားကိုက်ခြင်း ဖျားခြင်း နားကို ကိုင်နေ / ပွတ်နေခြင်း နားအတွင်း ပိတ်နေသည်ဟု ခံစားရခြင်း ပုံမှန်ထက်ပို၍ ငိုခြင်း မအိပ်ခြင်း ခေါင်းကိုက်ခြင်း အစားအသောက်ပျက်ခြင်း ယိုင်နေခြင်း


Q နားပိုးဝင်ခြင်း အကြောင်းအရင်းများ


(A) နားအပြင်ပိုင်း ပိုးဝင်ခြင်း (1) ရေကူးခြင်း


(2) နားကြားကိရိယာတပ်ဆင်ခြင်း


(3) နားကြပ်တင်ခြင်း


(4) နားကလိခြင်း ၊ နားကြပ်ခြင်း


(5) နားထဲရေဝင်ခြင်း


(B) နားအလယ်ပိုင်းပိုးဝင်ခြင်း


အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၏ နောက်ဆက်တွဲ အခြေအနေ တစ်ခုဖြစ်သည်။


(c) နားခရပတ်လမ်းကြောင်း ပိုးဝင်ခြင်း


နားအတွင်းဆုံး အပိုင်းပိုးဝင်ခြင်း ဖြစ်သည်။


အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၏ နောက်ဆက်တွဲ အခြေအနေတစ်ခုဖြစ်သည်။


Q အိမ်တွင်း ကုထုံး


အများစုမှ တစ်ပတ်အတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။


နားထဲသို့ ရေမဝင်အောင် ဂရုစိုက်ပါ။


နားကိုက်သက်သာစေရန် မတ်မတ်ထိုင်နိုင်ပါသည်။


နားကိုက်သက်သောစေရန် ရေအေးဝတ် တင်ပေးနိုင်သည်။


ဆရာဝန်လက်မှတ် / ညွှန်ကြားချက်မပါဘဲ ဝယ်၍ သောက်နိုင်သော အကိုက်အခဲပျောက်ဆေး / နည်းထည့်ဆေး သောက်နိုင် / ထည့်နိုင်သည်။


နားတွင်း ဖိအားကျစေရန် ပီကေဝါးခြင်း ၊ မွေးခါစ ကလေးများဆိုလျှင် နို့တိုက်ခြင်း၊ အစာကျွေးခြင်းများ လုပ်ပေးရမည်။


ဆေးလိပ်ဖြတ်ခြင်း ၊ ဆေးလိပ်ငွေ့ ရှူမိခြင်း မရှိအောင် ဂရုစိုက်ရမည်။


Q ကာကွယ်ခြင်းနည်းလမ်းများ


ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့ မရှူမိအောင် ဂရုစိုက်ပါ။


နားအတွင်း မည်သည့်ပစ္စည်းမှ မထည့်ပါနှင့်။


နားကလိခြင်း ရှောင်ပါ။


ရေကူးပြီးလျှင် / ရေချိုးပြီးလျှင် နားကို ခြောက်သွေ့အောင် ထားပါ။


ဆူညံသောပတ်ဝန်းကျင်ကို ရှောင်ပါ။ ပတ်ဝန်းကျင် အရမ်းဆူညံသော အသံများရှိလျှင် နားအကာအကွယ် ပစ္စည်းတပ်ထားပါ။


Q ဘယ်အချိန်ဆရာဝန် နှင့် တွေ့သင့်သလဲ ?


အဖျားရှိလျှင် (101℉နှင့် အထက်)


ရုတ်တရက် နားကိုက်သက်သာလျှင် (နားစည်ပေါက်သွားခြင်း ဖြစ်နိုင်သည်။)


နားကိုက်ခြင်း အရမ်းဆိုးလျှင်


ခေါင်းအရမ်းကိုက်လျှင်


မူးဝေခြင်းဖြစ်လျှင်


နားယောင်လျှင်


မျက်နှာရွဲ့လျှင်


နားမှ ပြည် ၊ သွေးထွက်လျှင်


24 နာရီမှ 48 နာရီအတွင်း မသက်သာလျှင်


Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)


#နား
#ခြင်း
#ပိုး
#ဆေးလိပ်
#နားစည်

Some text some message..