မြေပဲကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-01-29

မြေပဲဆိုတာကတော့ အလွန်ကိုအရသာရှိပါတယ်။ မြေပဲကအခွံမာသီးမဟုတ်သော်လည်း လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မြေပဲက ပဲပင်များနှင့် ပိုမိုကိုက်ညီသောကြောင့် အခွံမာများထက် ပဲတွေနဲ့ပိုပြီးဆက်စပ်နေပါတယ်။ မြေပဲကို မြေပဲဆီ၊ မြေပဲထောပတ်၊ ဂျုံမှုန့်နှင့်ပရိုတိန်းအမှုန်များ ပြုလုပ်ရာတွင်အသုံးပြကြပါတယ်။ ဒါအပြင်မြေပဲ စားသုံးပေးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။




၁။ စိတ်ကျရောဂါကိုကာကွယ်ပေးနိုင်ခြင်း

စိတ်ကျရောဂါဆိုတာ ခိုင်မာသည့်မျိုးရိုးဗီဇနဲ့လည် ဆက်စပ်မှုရှိပါတယ်။ ဒါ့အပြင် ဦးနှောက်ဗေဒဆိုင်ရာပတ်ဝန်းကျင်နှင့် အာရုံကြောဆိုင်ရာပြောင်းလဲမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြေပဲမှာပါဝင်တဲ့ အာဟာရတွေက ကောင်းမွန်တဲ့စိတ်ဓာတ်မြှင့်တင်ပေး ရာမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။




၂။ ကိုယ်အလေးချိန်လျှော့ချပေးနိုင်ခြင်း

မြေပဲမှာ ကယ်လိုရီများပေးမယ့် သင့်တင့်ရုံစားပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပါတယ်။ မြေပဲမှာပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်တွေများစွာပါဝင်ပါတယ်။ ဒီအာဟာရနှစ်မျိုးလုံးက အစာစားချင်စိတ်ကို နှိမ်နှင့်ပေးနိုင်ပါတယ်။ ဒါအပြင်မြေပဲစားသုံးပေးခြင်းက သင့်ကိုအကျိုးရှိစေနိုင်တယ်ဆိုတာ သတိပြုပါ။




၃။ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားရဲ့အာရုံကြောစနစ်ကိုကောင်းမွန်စေခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတွေက အာဟာရတွေအများကြီးလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆေငာ်တဲ့အချိန်မှာ သန္ဓေသားရဲ့အာရုံကြောပြွန်ချို့ယွင်းခြင်း ကိုကာကွယ်တားဆီးဖို့အတွက် Spina bifida မဖြစ်အောင်ကာကွယ်ခြင်း၊ သန္ဓေသားဦးနှောက်အာရုံကြောစနစ်နှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်အောင် ဖောလစ်အက်ဆစ်ကိုလိုအပ်ပါတယ်။ ဖောလစ်အက်ဆစ်ကိုအခြားသောအရာတွေအပြင် မြေပဲမှလည်း ရရှိနိုင်ပါတယ်။ မြေပဲက အခြားသောအစားအစာတွေမပိုင်ဆိုင်တဲ့ အာဟာရတွေကိုလည်း ပိုင်ဆိုင်ထားခြင်းက အားသာချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မြေပဲစားသုံးပေးခြင်းကြောင့် အမိဝမ်းထဲကနေ မိတ်ဆက်ပေးခြင်းကြောင့် မြေပဲဓာတ်မတည့်ခြင်းကို ကိုလည်း သိသိသာသာလျော့နည်းသွားစေနိုင်ပါတယ်။




၄။ မှတ်ဉာဏ်ကိုတိုးမြင့်ပေးနိုင်ခြင်း

ဆင်တွေကဘယ်တော့မှမမေ့ပါဘူး။ မြေပဲကိုကြိုတယ်လို့လည်း ကြားဖူးကြမှာပါ။ ဒါကနတ်သမီးပုံပြင်မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာ တကယ်ရှိနေတာပါ။ မြေပဲသည် ဦးနှောက်သို့ ပုံမှန်သွေးစီးဆင်းစေတဲ့အပြင် ပြင်းထန်တဲ့ antioxidant စွမ်းရည်ရှိသော niacin နှင့် anit-oxidant resveratrol တို့ ပါဝင်နေလို့ ဖြစ်ပါတယ်။ Resveratrol သည် အနီရောင်ဝိုင်တွင် ပါဝင်သော ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး အယ်ဇိုင်းမားရောဂါများ ကဲ့သို့သော neurodegenerative ဦးနှောက်ရောဂါများကို ကာကွယ်ပေးပါ။ လေ့လာမှုများအရ မြေပဲက ကျန်းမာရေးအပေါ်ကိုသိသိသာသာ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။


#မြေပဲ
#အာရုံကြော
#သန္ဓေသား
#ဦးနှောက်
#အာဟာရ

Some text some message..