ဂျင်းနဲ့ပျားရည်စားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-01-29

ဂျင်းဆိုတာ ကမ္ဘာပေါ်ရှိ အရသာအရှိဆုံးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ အတွက် မယုံကြည်နိုင်လောက်အောင်ကို အကျိုးကျေးဇူးတွေ ရရှိစေနိုင်တြ့အပြင် ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဂျင်းကို ရာစုနှစ်များစွာကတည်းက ပျို့အန်ခြင်းနှင့် ရောင်ရမ်းခြင်းရောဂါတွေကို ကုသရာမှာအသုံးပြုခဲ့ကြပါတယ်။ ပျားရည်မှာလည်း ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရတွေပါဝင်ပါတယ်။ နှစ်မျိုးပေါင်းပြီး အသုံးပြုလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ရောဂါအမျိုးမျိုးကုသရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ ဂျင်းပျား ရည်ကိုသောက်သုံးပေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကိုပြောပြလိုက်ပါတယ်နော်။




၁။ အစာခြေဖျက်ပေးနိုင်ခြင်း

ဂျင်းက အစာခြေဖျက်ခြင်းအတွက် ဂုဏ်သတ္တိများစွာ ပါဝင်တဲ့အပြင် အစာခြေဖျက်ခြင်းပြဿနာကို ကောင်းစွာကုသပေးနိုင်တဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဒါ့အပြင် ပျားရည်နှင့် ဂျင်းနှစ်မျိုးလုံးက antioxidantဂုဏ်သတ္တိအပြင် ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ဂျင်းနှင့်ပျားရည်အရောက အစာကြေစေသည့်လုပ်ငန်းစဉ်တွင်အထောက်အကူပြုစေနိုင်တဲ့ ပရိုတင်းဓာတ်ပါဝင်မှုနှင့် အဆိုပျော်စေရန် ကူညီသည့်သည်းခြေရည်ထုတ်လွှတ်ခြင်းကိုအားပေးပါတယ်။ သမရိုးကျဆေးဝါးများနှင့်မတူဘဲ အကျိုးသက်ရောက်မှုရှိတာောကာင့် ကလေးတွေ အချိန်ကြာမြင့်စွာအစာအိမ်နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။




၂။ သွားဘက်ဆိုင်ရာပြဿနာတွေကို ကာကွယ်ပေးခြင်း

ဂျင်းနှင့် ပျားရည်က အနာများနဲ့ အနာများကို ကုသရာတွင် အလွန်ကို ထိရောက်စွာကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ထို့အပြင် သုတေသနအရ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တည်ရှိခြင်းကြောင့် ပျားရည်သည် မျက်စိရောဂါပိုးနှင့် gastro enteritis များကိုပင်ကုသပေးနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သည် သွားပြဿနာများကို ကုသရန်တာဝန်ယူနိုင်သော ဂလူးကနစ်အက်ဆစ်ထုတ်ပေးနိုင်ပါတယ်။




၃။ ရာသီလာချိန်မှာ ကြွက်တတ်ခြင်းကိုလည်း သက်သာစေနိုင်ခြင်း

ဂျင်းသည် ရာသီလာချိန်မှာ ပင်ပန်းခြင်း၊ PMS နှင့် ကြွက်တတ်ခြင်းတို့နှင့် ဆက်စပ်နေသည့် ရောဂါလက္ခဏာများကို ကုသရာတွင် လူသိများပါတယ်။ ဂျင်းနှင့်ပျားရည်လက်ဖက်ရည်ကိုသောက်ပေးခြင်းက ကြွက်သားနာကျင်ခြင်းကိုသက်သာစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်လေးလံခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်တာကြောင့် ပျားရည်နှင့်ဂျင်းလက်ဖက်ရည်ကို မကြာခဏသောက်သုံးပေးသင့်ပါတယ်။




၄။ စိတ်ဖိစီးမှုကို သက်သာစေနိုင်ခြင်း

ဂျင်းနှင့်ပျားရည်လက်ဖက်ရည်ကိုသောက်သုံးပေးခြင်းက စိတ်ဖိစီးမှုများခြင်းနှင့် စိတ်ဓာတ်ကျခြင်းတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အနာရောဂါများကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေတာကြောင့် ယုံကြည်စိတ်ချစွာ သောက်သုံးပေးနိုင်ပါတယ်။




၅။ အစာအိမ်ရဲ့ စွမ်းဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေနိုင်ခြင်း

ဂျင်းနှင့် ပျားရည်ကိုသောက်ပေးခြင်းကြောင့် အော့အန်ခြင်း၊ အစာအိမ်နာခြင်း အပြင် အစားအစာစုပ်ယူမှုကိုပိုမိုကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။


#ပျားရည်
#ဂုဏ်သတ္တိ
#ခြင်း
#လက်ဖက်ရည်
#အစာအိမ်

Some text some message..