ကလေးမွေးပြီး အချိန်ဘယ်လောက်ကြာမှ အတူပြန်နေသင့်သလဲ…
shweinnlay.com
|
2020-01-31

ရိုးရိုးမွေးသည်ဖြစ်စေ၊ ခွဲမွေးသည်ဖြစ်စေ ဒီအကြောင်းအရာကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ရိုးရိုးနည်းဖြင့် ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေဟာ သူတို့ရည်မွေးလမ်းကြောင်း ၊ ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး အခန့်မသင့်လျှင် ကွဲထွက်မှုတွေတောင် ဖြစ်နေနိုင်ပါသေးတယ်။

ဆရာဝန်တွေကတော့ မိခင်တွေကို ကလေးမွေးပြီး ၆ ပါတ် (တစ်လခွဲ) ထိ ဘာမှမလုပ်သေးဘဲ နားနားနေနေ နေထိုင်ဖို့ အကြံပြလေ့ရှိပါတယ်။ အချိန်တစ်လခွဲ (နာရီအားဖြင့် နာရီပေါင်း ၁,၀၀၈ နာရီ) ဆိုတာဟာ အနည်းငယ်တော့ ကြာမြင့်တယ်ထင်ရပေမယ့် မွေးလမ်းကြောင်းနဲ့ သားအိမ်ကို အရင်လို ပြန်ဖြစ်အောင် ပြုပြင်အချိန်ယူရတဲ့ ကာလပါပဲ။

သို့သော် ဇနီးမောင်နှံ အများစုဟာ ၆ပါတ် ပြည့်အောင် မစောင့်နိုင်ကြပါဘူးတဲ့။ ကျွမ်းကျင်ပညာရှင်တွေမှ မိခင် ၈၀၀ ကို အတူနေအလေ့အထတွေ မေးမြန်းကြည့်ရာမှာ မတူညီတဲ့ အဖြေတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လေ့လာချက်အရ ပုံမှန်အားဖြင့် အများစုသော အမျိုးသမီးတွေဟာ မီးဖွားပြီး ၂ လကျော်ကြာမှ အတူနေကြတယ်လို့ ဆိုပါတယ်။ အချို့က သတ်မှတ်ထားအချိန် တစ်လခွဲ မပြည့်ခင် အတူပြန်နေကြပြီး အချို့ကတော့ အချိန်ပြည့်တဲ့နေ့မှာပင် အတူပြန်နေကြတယ်လို့ ဆိုပါတယ်။ အနည်းစုသော အမျိုးသမီးတွေကတော့ ၃လ ထက် ပိုစောင့်ကြပြီး ကျန်အမျိုးသမီးအားလုံးဟာ ၇ လမြောက်ထိအောင် စောင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမှန်တကယ်အားဖြင့် ကြာကြာပိုစောင့်နိုင်လေ အမျိုးသမီးအတွက် စိတ်ချရလေပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်လျှင် ဆရာဝန် သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး နေမယ်ဆိုလျှင် မလိုလားအပ်တဲ့ ပြဿနာရပ်တွေပေါ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိအမျိုးသားကို တော်ရုံသာ အလိုလိုက်သင့်ပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပါတယ်။

CHAN (ရွှေအင်းလေး)


#သမီး
#ရွှေအင်း
#ဆရာဝန်
#လမ်းကြောင်း
#မိခင်

Some text some message..