Work out မလုပ်ခင်နဲ့ Work out လုပ်ပြီးရင် ဘာတွေစားသင့်လဲ
shweinnlay.com
|
2020-01-31



လေ့ကျင့်ခန်းပုံမှန် လုပ်တာက ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုတဲ့ အလုပ်တစ်ခုပါပဲ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းဖြစ်ဖို့နဲ့ ပုံမှန် အမြဲတမ်းလုပ်နိုင်မယ့် အားကစားတစ်မျိုးမျိုးကို ရွေးချယ်ပြုလုပ်တတ်ဖို့ကလည်း လိုပါသေးတယ်။ ဒါမှလည်း ခန္ဓာကိုယ်အတွက် အကျိုးထိရောက်မှု ရှိမှာပါ။

တချို့က မနက်ပိုင်းထပြေးတာမျိုး၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ Gym ဆော့တာမျိုး၊ ပြင်းထန်တဲ့ work out လုပ်တာမျိုး စသဖြင့် ကိုယ်စိတ်ကြိုက်ဖြစ်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်ကြပါတယ်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်မယ်ဆိုတာနဲ့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကိုပါ ပြောင်းလဲ ပစ်ဖို့ကလည်း လိုပါသေးတယ်။ လေ့ကျင့်ခန်းမလုပ်ခင် အားအင်တွေ မဆုတ်ယုတ်သွားအောင် ဘာတွေ စားသင့်လဲ၊ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း အာဟာရဖြစ်စေမယ့် အစားအသောက်ကို ဘယ်လို ရွေးချယ် စားသုံးရမလဲ ဆိုတာကို သိထားဖို့တော့ လိုပါတယ်နော်။ ဒါ့ကြောင့် ကျန်းမာရေး လိုက်စားသူတွေအတွက် ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။




လေ့ကျင့်ခန်း၊ အားကစားမလုပ်ခင် စားသင့်တဲ့အစားအသောက်တွေကို ပြောရမယ်ဆိုရင်…

(၁) ချောကလက် ဒါမှမဟုတ် နွားနို့ တစ်ခွက်သောက်သုံးပေးနိုင်ပါတယ်။ အထူးသဖြင့် ကြွက်သားနဲ့ အရိုးတွေကို အားပြုပြီး လုပ်ရတဲ့ အားကစားနဲ့ လေ့ကျင့်ခန်းတွေကို ပြုလု့ပ်တဲ့အခါမျိုးမှာ ချောကလက် နဲ့ နွားနို့က သင့်အတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

(၂) အဆီပါဝင်မှု နည်းတဲ့ ဒိန်ချဉ်ကလည်း လေ့ကျင့်ခန်းမလုပ်ခင်မှာ စားသုံးသင့်တဲ့ အားဖြည့်စာ တစ်ခုပါပဲ။ ဒိန်ချဉ်ထဲကို သစ်သီးလေးတွေ ထည့်ပြီး စားသုံးနိုင်ပါတယ်။ ဒိန်ချဉ်က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်စဉ် အားအင်ကုန်ခမ်းဆုတ်ယုတ်သွားမှာကို ဟန့်တားပေးနိုင်ပါတယ်။။

(၃) ကြက်ဥပြုတ်ကတော့ အားကစားသမားများနဲ့ ပုံမှန် work out လုပ်သူတွေအတွက် အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်ဥပြုတ်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က သင့်ရဲ့ ကြွက်သားတည်ဆောက်မှု အတွက် များစွာ ပံ့ပိုးပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ ကြက်ဥပြုတ်စားပြီး ရင်လည်း သစ်သီးတစ်မျိုးမျိုးကို သုံးဆောင်နိုင်ပါတယ်။

လေ့ကျင့်ခန်း၊ အားကစား မလုပ်ခင်မှာ အဆာပြေစားသင့်တဲ့ အစားအသောက်တွေလည်း ရှိသလို၊ လေ့ကျင့်ခန်းပြုလုပ်ပြီးရင်လည်း ပြန်လည်အားဖြည့်ဖို့ စားသုံးသင့်တဲ့ အစားအစာများကိုလည်း ဖော်ပြပေးချင်ပါတယ်။

(၁) ပဲထောပတ်နဲ့ ပေါင်မုန့်ကို စားသုံးပေးပါ။ အထူးသဖြင့် weight gain ဆော့နေသူတွေနဲ့ ကြွက်သားအားပြုတဲ့ အားကစားတွေကို ပြုလုပ်နေသူတွေ အတွက်တော့ ပဲထောပတ်နဲ့ ပေါင်မုန့်က သင့်အတွက် အကောင်းဆုံး အားဖြည့်စာ ဖြစ်ပါလိမ့်မယ်။

(၂) ကြက်ရင်အုံသားကိုလည်း သင့်ရဲ့ Diet plan ထဲမှာ ထည့်ထားလိုက်ပါ။ အာဟာရပြည့်ဝစွာ ပါဝင်တဲ့ ကြက်ရင်အုံသားက ပရိုတင်းဓာတ်ပြည့်ဝတဲ့အပြင် အားကစားပြုလုပ်အပြီး ဆုံးရှုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

(၃) Sandwich ကြိုက်တဲ့သူတွေ အနေနဲ့လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၊ အားကစား ပြုလုပ်အပြီးမှာ စိတ်ကြိုက်စားနိုင်ပါတယ်။ ဒါပေမယ့် တူနာငါး Sandwich က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ တူနာငါးက သင့်ရဲ့ အရိုး၊ ကြွက်သားများကို ခိုင်မာစေတဲ့အတွက် အကောင်းဆုံး ဖြည့်စွက်စာပဲ ဖြစ်ပါတယ်။

(၄) သစ်သီးနဲ့ အရွက်သုပ်ကတော့ ဝိတ်ချနေသူတွေနဲ့ ကိုယ်အလေးချိန် ပုံမှန်ထိန်းထား ချင်သူတွေ အတွက်တော့ စိတ်ချလက်ချ စားနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီး က သင့်ရဲ့ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေး နိုင်သလို၊ ကျန်းမာ လှပတဲ့ ဘဝကိုလည်း ပိုင်ဆိုင်ရရှိစေမှာပါ။


ရွှေရောင် (ရွှေအင်းလေး)


#လေ့ကျင့်ခန်း
#အားကစား
#ကြွက်သား
#သစ်သီး
#အားအင်

Some text some message..