ဆီးက
ခန္ဓာကိုယ်
ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့
ကျန်းမာရေး
အကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။
ဆီးကပြောပြနေတဲ့ ကျန်းမာရေး
ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဆီးက ကြည်နေပြီး အနံ့ကင်းနေရမှာပါ။ ဒါ့အပြင်
ဆီးသွားရခက်
နေတာ၊ ဆီးကျန်နေတယ်လို့ခံစားရတာ။ ဆီးသွားတဲ့အခါတိုင်း အောင့်နေတယ်လို့ ခံစားရတာမျိုးမရှိရပါဘူး။ ဆီးက ပုံမှန်ထက် ထူးခြားနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။
ဆီးသွားတဲ့အခါ ပုံမှန်ထက် ဆီးက ပိုပူနေမယ်။ ဆီးသွားရတာ အောင့်နေမယ်။ ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာကိုခံစားနေရတာပါ။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက
ကာလသားရောဂါ
လိုမျိုး လိင်ကတဆင့်
ကူးစက်တဲ့ရောဂါ
တစ်မျိုးမျိုး ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ ဆီးက ချိုတဲ့ အနံ့ထွက်နေမယ် ဆီးသွားတဲ့အခါတိုင်း ဆီးက ချိုတဲ့အနံ့မျိုးဖြစ်နေမယ်ဆိုရင်
သွေးချိုစစ်
ကြည့်ဖို့လိုနေပါပြီ။ အကြောင်းကတော့
ဆီးချိုရောဂါ
ဖြစ်ချင်တဲ့ အစောပိုင်း လက္ခဏာတစ်ခုက ဆီးက ချိုတဲ့ အနံ့ထွက်တာပါပဲ။ ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေးသွားပြကြည့်ဖို့ ပြောပါရစေ။ ဆီးက အရောင်နောက်နေမယ် ဆီးအရောင်က ကြည်မနေဘဲ နောက်ကျိကျိဖြစ်နေမယ်ဆိုရင်တော့
ဆီးလမ်းကြောင်း
တလျှောက်မှာပိုးဝင်ကူးစက်ခံနေရတာပါ။
ရေများများသောက်တာ
၊ လိုအပ်တဲ့ ကုသမှုကို ခံယူတာမျိုးလုပ်ဖို့ လိုပါမယ်။ ဆီးက ပန်းရောင်သန်းနေမယ် ဆီးသွားတဲ့အခါ ဆီးကပန်းရောင်သန်းနေမယ်ဆိုရင် ဒါမှမဟုတ် ဆီးက သွေးရောင်ခပ်ဖျော့ဖျော့ဖြစ်နေမယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်သလို ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါမယ်။ ဆီးက အနံ့အရမ်းပြင်းနေမယ် ဆီးက အပေါ်မှာပြောခဲ့သလို ချိုတဲ့အနံ့ဖြစ်နေတာမျိုးမဟုတ်ဘဲ။ အနံ့က ဆိုးနေမယ်ဆိုရင်တော့
ဆီးအိမျ
မှာ ပိုးဝင်ကူးစက်နေပါပြီ။ တကယ်လို့ဆီးအနံ့က အရမ်းပြင်းနေပြီ ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။ ဆီးထဲ
သွေးပါနေမယ်
ဆီးသွားတဲ့အခါတိုင်း နာနေမယ်။ ဆီးသွားရခက်နေမယ်။ ဆီးမှာလည်း သွေးပါနေမယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်နေတာ ဒါမှမဟုတ် ဆီးကျောက်တည်နေတာဖြစ်နိုင်ပါတယ်။ ဆီးက အနီရောင် ဒါမှမဟုတ် နီညိုရောင်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြပေးပါ။ ဆီးသွားတိုင်း
ဆီးကျန်နေတယ်
လို့ ခံစားရတယ် ဆီးသွားပြီးတိုင်း ဆီးကျန်နေသေးတယ်လို့ ခံစားနေရတယ်ဆိုရင် ဆီးအိမ်နံရံ နဲ့ ဆီးလမ်းကြောင်းနံရံတွေ ရောင်ရမ်းနေတာဖြစ်နိုင်ပါတယ်။ ဒါက ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဖြစ်နိုင်ပါတယ်။ ရေ။ အုန်းစိမ်းရည်များများသောက်ပေးပါ။ အချိုရည်၊ ကဖင်း နဲ့ အယ်လ်ကိုဟောတွေကိုတော့ ရှောင်ဖို့လိုပါမယ်။ ရေများများသောက်ပေးတာက ဆီးအိမ် နဲ့ ဆီးလမ်းကြောင်းတလျှောက်က
ဘက်တီးရီးယားတွေ
ကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။
ရေအများကြီး မသောက်ပါဘဲ ဆီးက ခဏခဏသွားနေတယ်။ ဆီးက ၂ နာရီခြားတစ်ခါသွားတာ ပုံမှန်ပါ။ ဒီလိုမှမဟုတ်ဘဲ ဆီးခဏခဏသွားချင်နေမယ်ဆိုရင်တော့ ဆီးချိုဖြစ်နေတာဖြစ်နိုင်သလို ဆီးလမ်းကြောင်းရောင်ရမ်းတာ၊ ပိုးဝင်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်တာက အမျိုးသမီးတွေမှာဆိုရင်
မိန်းမကိုယ်ပိုးဝင်တာ
နဲ့
ကိုယ်ဝန်
ရှိနေတာကြောင့်ပါ။
အယ်လ်ကိုဟော
နဲ့
ကဖင်း
တွေ အများကြီးသောက်မိရင်လည်း ဆီးခဏခဏသွားနိုင်ပါတယ်။ ဆီးက ပုံမှန်ဆိုရင် ရေလိုကြည်ကြည်လေးဖြစ်နေရပါမယ်။ ဆီးက ဝါနေမယ်ဆိုရင်တော့ ရေသောက်နည်းနေတာပါ။ သတိထားပြီး ရေသောက်ပေးပါ။ ကျန်းမာတဲ့လူတစ်ယောက် အနေနဲ့ ၂နာရီခြားတစ်ခါ ဆီးသွာတာက ပုံမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ အပေါ်မှာ ပြောခဲ့သလို တစ်ခုခုဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြစေချင်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။