တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တိုးပွားလာသည်နှင့်အမျှ ဆေးကုသမှု ပိုမိုပြုလုပ်နိုင်ရန် လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့နေရာ ၃ ခုကို ပြင်ဆင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြည်တွင်းသတင်းစာ Changjiang Daily ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Jianghan, Wuchang, နဲ့ Dongxihu မြို့တွေရဲ့အားကစားကွင်း၊ ပြပွဲခန်းမတွေကို ဆေးရုံအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဝူဟန် Virus ကို အလေးထားကုသမယ့် ဆေးရုံသစ်ကို ဝူဟန်မြို့မှာ နောက်ထပ်ပြင်ဆင်မွန်းမံခြင်းတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
ယခင်သီတင်းပတ်က အမြန်ဆုံး ဆောက်လုပ်နေတဲ့ Huoshenshan Hospital (စစ်ဆေးရုံ) ကို ဝူဟန် အထူးကု ဆေးရုံအဖြစ် ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။
Huoshenshan ဆေးရုံဟာ မြို့စွန်ပိုင်းမှာ တည်ရှိပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဝန်ထမ်း ၁၄၀၀ (ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိ ဝန်ထမ်းများ) ရောက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယ ဦးစားပေးအနေဖြင့် Leishenshan Hospital ကို ယခုအပတ်အပြီးတွင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
Myanmar Builders Guide
ကွန်ကရစ်ပစ္စည်း လုပ်ငန်းပေါင်း ၁၆၀ ခုကို ရှာရန်နှိပ်ပါ
---Zawgyi---
ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်ရန် ဆေးရုံအသစ် ၃ ခု တည်ဆောက်