မိခင် အအေးမိနေချိန်မှာ ကလေးကို နို့တိုက်ခြင်းက safe ဖြစ်ပါသလား?
chitmaymay.com
|
2020-02-05

မေမေတို့ အအေးမိ တုပ်ကွေးဖြစ်နေပြီဆိုရင် ကလေးကို နို့တိုက်လို့ရပါမလား?၊ နို့ကနေတဆင့် ကလေးကို အဖျားကူးနိုင်သလား လို့တွေးမိကြမှာပါ။ ရိုးရိုးအအေးမိတာ (သို့) တုပ်ကွေးအအေးမိတာ ဖြစ်ပါက ကလေးကို နို့တိုက်လို့ရပါတယ်။ အအေးမိခြင်းက အပြင်းထန်ဆုံးဖြစ်တဲ့ တုပ်ကွေးနှင့် (ခေါင်းအအေးမိခြင်းလို့ခေါ်တဲ့) ခေါင်းကိုက်ခြင်းကို ဖြစ်စေသော အအေးမိ၊ နှာခေါင်းပိတ်ခြင်း ကဲ့သို့သော အမျိုးအစားများစွာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ အအေးမိပါစေ ခန္ဓာကိုယ်ဟာ ရောဂါပိုးကူးစက်မှုကို စစ်ဆေးပြီး မိခင်ရဲ့နို့က အလိုအလျောက် ထုတ်ပေးတဲ့ Antibodies တွေဟာ မိခင်နို့ မှတဆင့် ကလေးဆီကို ကူးစက်စေတဲ့ ရောဂါများကို တိုက်ခိုက်ပေးပါတယ်။ မိခင်နို့က ကလေးဖျားမှာကို ကာကွယ်ပေးပါတယ်။
ကလေးလေးဟာ မိခင်နို့မှတဆင့် antibodies တွေကို လက်ခံရရှိတာကြောင့် အအေးမိနေချိန်အတွင်း နို့တိုက်ခြင်းက ကလေးကို ကာကွယ်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အအေးမိနေချိန် နို့တိုက်တဲ့အခါမှာ ပြုလုပ်ရမယ့် ကြိုတင်ကာကွယ်မှုများ

မိခင်နို့တိုက်နေစဉ်မှာ antibodies သာလွှဲပြောင်းပေးသော်လည်း သင်ရှူနေတဲ့လေက ရောဂါပိုးတွေ သယ်ဆောင်လာနိုင်ပါတယ်။ဒါ့ကြောင့် အအေးမိနေတဲ့အချိန်မှာ ကလေးနို့တိုက်တာကို သတိထားရပါမယ်။

၁။ ကလေးကို မကိုင်ခင်မှာ လက်ဆေးပါ။ ပိုးသတ်ဆေး ဆပ်ပြာသုံးပြီး သင့်လက်တွေပေါ်က ရောဂါပိုးတွေကို ဖယ်ရှားဖို့ လက်တွေကို သေချာဆေးကြောပါ။ ကလေးငယ်ရဲ့ ပစ္စည်းတွေကို မကိုင်ခင်မှာ ကလေးအား ရောဂါပိုးတွေ ကူးစက်ခြင်းမှ ကာကွယ်ဖို့ လက်ဆေးပါ။

၂။ မိခင်နို့တိုက်နေစဉ် facemask သုံးပါ။ နို့တိုက်နေစဉ် မတော်တဆ နှာချေခြင်း (သို့) ချောင်းဆိုးလျှင် နှာခေါင်းစည်းက ရောဂါပိုးတွေ လေထဲမှ ကူးစက်ခြင်းကို တားဆီးပေးပါတယ်။

၃။ ကလေးနှင့် အနီးကပ်ထိတွေ့မှုကို ကန့်သတ်ပါ။ အအေးမိချိန်မှာ ကလေးကိုနမ်းတာတွေ ရှောင်ကြဉ်ပါ။ သူ့ကိုအနီးကပ် မချီခင်မှာ facemask အုပ်ပါ။

ကလေးကို ဂရုစိုက်ဖို့ ကြိုတင်ကာကွယ်မှုများစွာ လုပ်ရပါမယ်။ သို့သော် ဆေးဝါးတွေ လိုအပ်ပါက သင့်ကလေးအား ဘေးထွက်ဆိုးကျိုးမှ ကင်းဝေးစေဖို့ မှန်ကန်သော ဆေးဝါးအကြောင်း သိထားသင့်ပါတယ်။

မိခင်နို့တိုက်နေချိန်မှာ အအေးမိဖျားနာပျောက်ဆေးတွေသောက်တာက အန္တရာယ်ကင်းပါသလား?

အအေးမိခြင်းနှင့် တုပ်ကွေး၊ ချောင်းဆိုးခြင်းလက္ခဏာတွေအတွက် ဆေးဝါးအတော်များများ ရှိပါတယ်။ သို့သော် အချို့သောဆေးတွေက ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်တာက ပိုကောင်းပါတယ်။

အအေးမိခြင်းကို ဖယ်ရှားဖို့ မိခင်နှင့် နို့စို့ကလေးအတွက် လုံးဝစိတ်ချရသော အိမ်သုံးနည်း

ရေနွေးငွေ့ရှူခြင်း- ခေါင်းအအေးမိခြင်းကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဇလုံတစ်လုံးထဲကို ရေနွေးပူပူထည့်ပါ။ ခေါင်းပေါ်မှာ မျက်နှာသုတ်ပုဝါကို လုံအောင်အုပ်ပြီး ရေနွေးငွေ့ရှူပါ။ ငါးမိနစ်လောက် ပြင်းပြင်းရှူလိုက် စက္ကန့် ၃၀လောက် နားလိုက်လုပ်ပါ။

ဆားငန်ရေဖြင့် ပလုတ်ကျင်းပါ -သောက်ရေကို နွေးနွေးလေးဖြစ်တဲ့အထိ အပူပေးပြီး ဆားနည်းနည်းထည့်ပါ။ ထိုဆားရည်ကို ၁၅စက္ကန့်လောက် ငုံလိုက်ထွေးလိုက် ပြုလုပ်ပေးပါ။ ဒါက လည်ချောင်းနာတာတွေအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။

ပူနွေးသော အရည်များနှင့် အစားအစာများကို စားသုံးပါ- လက်ဖက်ရည်၊ ကြက်သားစွပ်ပြုတ်၊ ထမင်းနှင့် နို့ဆန်ပြုတ် ကဲ့သို့သော ပူနွေးတဲ့ အစားအစာတွေစားပါ။ အရည်နွေးနွေးလေးတွေက ချောင်းဆိုးခြင်းနှင့် အအေးမိခြင်းမှ တားဆီးပေးပါတယ်။ ပူနွေးတဲ့ အစားအစာများက အသက်ရှူရလွယ်ကူစေသလို ချွဲ၊သလိပ်တွေကို လျော့နည်းစေပါတယ်။

စိုစွတ်သော wipe သုံးပါ – အအေးမိပြီး အဖျားတတ်ပါက ကိုယ်အပူချိန်ကျဆင်းစေဖို့ စိုစွက်သော အဝတ် (သို့) wet wipes တွေကို အသုံးပြုပါ။

ရေကိုပုံမှန်သောက်ပါ – ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး အသက်ရှူလမ်းကြောင်းစနစ်ရဲ့ ချွဲနံရံတွေကို စိုထိုင်းစေပါတယ်။

Chit_MayMay
LM_Nandar

Source-momjunction.

#နို့
#ကလေး
#ရောဂါပိုး
#မိခင်
#ဆေးဝါး

Some text some message..