ချိုချဉ်အရသာ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း
hellosayarwon.com
|
2020-02-15


Snake fruit လို့ခေါ်ကြတဲ့ ရေငန်းသီး ဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာ

ကယ်လ်စီယမ် ၊ ဖလောဗာနွိုက်၊ ဆာပိုနင် ဓါတ်တွေကြွယ်ဝပါတယ်။ ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတာလဲ ဆိုတော့ -

မျက်စိကျန်းမာရေး
မျက်စိအတွက်တကယ်ကောင်းတာက

မုန်လာဥနီ ဖြစ်ပါတယ်။ ဒါပေမယ့်အသီးတွေမှာလည်း မျက်စိအတွက်မရှိမဖြစ် လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေပါဝင်ပါတယ်။ မုန်လာဥနီစားရတာငြီးငွေ့လာပြီဆိုရင် ရေငန်းသီး ကို အစားထိုးစားသုံးလို့ရလောက်တဲ့အာနိသင်ရှိပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်း
ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံးဆေးပြေးမသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကိုကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက်ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း သက်သာစေတဲ့ သဘာဝအာနိသင်လည်းရှိပါတယ်။

ဝိတ်ချနိုင်ခြင်း
ဝိတ်ချလိုတဲ့အခါ တွက်ချက်စားသုံးတဲ့အာဟာရထဲမှ ာရေငန်းသီးထည့်သွင်းစားပေးရင် ပိုအကျိုးရှိနိုင်ပါတယ်။ရေငန်းသီးက အာဟာရဓါတ်ပြည့်ဝရုံသာမက phytonutrients တွေလည်းပါဝင်ပါတယ်။ရေငန်းသီးက သင့်ရဲ့diet plan ကို ပိုပြည့်စုံမြန်ဆန်စေပါလိမ့်မယ်။

ဦးနှောက်ကျန်းမာရေး
ရေငန်းသီးက ဦးနှောက်အတွက်ကောင်းပါတယ်။ရေငန်းသီးမှာပါတဲ့pectin နဲ့

ပိုတက်စီယမ် တို့က ဦးနှောက်အတွက်ကောင်းတာကြောင့်

မှတ်ဉာဏ် လည်းကောင်းစေပါတယ်။

အစာအိမ်ကျန်းမာရေး
ရေငန်းသီးက ဝမ်းပျက်ခြင်းအတွက်ဆေးဖက်ဝင်ကြောင်းသိကြပြီးဖြစ်ပါတယ်။Saponins၊ beta-carotene၊ tannins၊ flavonoids နဲ့ calcium တို့ကြောင့် အသီးရဲ့အာနိသင်ပို အစွမ်းထက်စေတာဖြစ်ပါတယ်။

အသားအရအေလှအပ
ရေငန်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ အရွယ်မတိုင်မီ ရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ free radicals တွေကို ဖယ်ရှားပေးတဲ့ ဗီတာမင် စီက အသားအရေအတွက်အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး

အသားအရေ ပေါ်က

အရေးအကြောင်း တွေကို သဘာဝအတိုင်းကာကွယ်ပေးပါတယ်။

ရင်ပူနာ သက်သာစေခြင်း
ရေငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ရင်ပူဝေဒနာကို သက်သာစေတဲ့အစွမ်းလည်း ပါဝင်ပါတယ်။ ရင်ပူလာပြီဆိုရင် သဘာဝနည်းနဲ့သာကုသပါ။ရေငန်းသီးကို ပျားရည်နဲ့ရောစပ်ပြီး သို့မဟုတ် ဖရဲသီးနဲ့တွဲဖက်ပြီးလည်း စားသုံးရင် သက်သာစေနိုင်ပါတယ်။

အစာကြေစေခြင်း
ရေငန်းသီးဟာ

ဝမ်းချုပ်တတ်သူ တွေအတွက်လည်း အကျိုးပြုပါတယ်။

အမျှင်ဓါတ် လည်းကြွယ်ဝလို့ အစာချေဖျက်မှုမှာ အထောက်အကူပေးပါတယ်။ မပျော်ဝင်တဲ့အမျှင်ဓါတ်က အူလမ်းကြောင်းအတွင်း အစာရွေ့လျားမှုကို ကူညီလုပ်ဆောင်ပေးတာကြောင့် ဝမ်းမချုပ်နိုင်တော့ပါဘူး။

ကိုယ်ဝန်ဆောင်ကျန်းမာရေး
ရေငန်းသီးက ဉာဏ်ရည်အတွက်ကောင်းရုံသာမက မြွှေအရေခွံလိုဖြစ်နေတဲ့ အသီးရဲ့အခွံကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကောင်းကျိုးပြုပါတယ်။ ရေငန်းသီးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုပြည့်စုံစေပြီး အမျှင်ဓါတ်ကလည်းအကျိုးပြုပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
အရေပြားကျန်းမာရေးအတွက်ကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝလို့ ရင့်ရော်မှုကို ဟန့်တားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါ
အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်ပဲသွေးတွင်းသကြားဓါတ်ကို ထိန်းညှိနိုင်စွမ်းပိုကောင်းစေပါတယ်။ ဒီအချက်က ဆီးချိုသွေးချိုဝေဒနာသည်တွေအတွက် အရေးပါတဲ့အချက်ပါ။ အသီးထဲမှာ ကာဗိုဟိုက်ဒရိတ်အတန်အသင့် ပါဝင်တယ်ဆိုပေမယ့် အမျှင်ဓါတ်က သွေးတွင်းသကြားဓါတ်မြင့်တက်မှုကို ကာကွယ်တားဆီးပေးပြီး

ပန်ကရိယ မှာ ဖိစီးမှုမဖြစ်ရအောင်ကူညီ လျော့ချပေးပါတယ်။

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


#ရေငန်း
#ဓါတ်
#သီး
#မာရေး
#အမျှင်

Some text some message..