ဦးနှောက်
နဲ့ ကျောရိုးမကြီးကနေ ဖြန့်ထွက်လာတဲ့ အာရုံကြောတွေက ခန္ဓာကိုယ်အတွက် သိပ်ကို အရေးပါပါတယ်။ ဒါ့ကြောင့် အာရုံကြောညပ်တဲ့အခါ မပေါ့ဆသင့်တာပါ။ အာရုံကြောညပ်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲထိခိုက်မှုတွေက ခဏတာပဲဖြစ်နိုင်သလို၊ ကာလတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။
ဘယ်လိုမျိုး ဖြစ်လာတာလဲ
အာရုံကြော တစ်ခုခုအပေါ်မှာ ဖိမိတာမျိုး ဖြစ်လာခဲ့ရင် ဒီအခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖိမိတာက အကြိမ်ကြိမ်လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီအစိတ်အပိုင်းကို အနေအထားတစ်ခုတည်းမှာ အချိန်ကြာကြာ နေမိစေလို့လည်းဖြစ်နိုင်တယ်။ ဥပမာ - ညအိပ်ချိန် လက်ကို တစ်ဖက်တည်း ဖိအိပ်မိတာမျိုးပေါ့။
ဘာတွေ ဖြစ်လာနိုင်လဲ
ကျောရိုးမကြီး
ကနေဖြာထွက်တဲ့ အာရုံကြောပေါ်မှာ ဖိမိနေတာတစ်ခုခု ဒါမှမဟုတ် ရောင်ရမ်းမှု ဖြစ်ရာကနေ ဇက်နာတာ သို့မဟုတ် ခါးနာတာ တွေဖြစ်လာနိုင်တယ်။ လည်ပင်းကနေ ပခုံးနဲ့ လက်မောင်းတို့ကို နာကျင်မှုဖြာထွက်လာတာလည်း ရှိနိုင်တယ်။ ဒါမှမဟုတ် ခြေထောက်နဲ့ ခြေဖဝါးအထိ နာကျင်တာ၊ တောင့်တင်းတာ တွေရှိလာနိုင်တယ်။ အဲဒီနောက်ပိုင်း
ခါးဆစ်ရိုးပြား ကျွံတာ
လည်း ဖြစ်နိုင်ပါတယ်။
လည်ပင်း
သို့မဟုတ် လက်မောင်းမှာ အာရုံကြောညပ်တဲ့အခါ -
တံတောင်ဆစ်
လက်ဖျံ
လက်ကောက်ဝတ်
လက်ချောင်း တို့မှာ လက္ခဏာပြတတ်တယ်။ ဒီလို
လက်ခဏာ
ပြလာရင် -
Peripheral neuropathy
Carpal tunnel syndrome တို့လို အာရုံကြော နဲ့ဆိုင်တဲ့ရောဂါအခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ အာရုံကြောညပ်တာကို မကုသဘဲ ကြာလာတဲ့အခါ အာရုံကြောပတ်လည်က အကာအကွယ်လေးတွေ ပျက်စီးလာပါမယ်။ အရည်တွေ စုလာမယ်၊ ပြီးရင် ဖောရောင်တာ၊ ဖိအားပိုများတာ၊ ဒဏ်ဖြစ်စေတာတွေ ရှိလာနိုင်တယ်။ ဒဏ်ဖြစ်လာတဲ့အခါ အာရုံကြောရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
အာရုံကြောညပ်တဲ့ လက္ခဏာ
အာရုံကြောညပ်တဲ့အခါ တစ်ခါတလေ
နာကျင်ကိုက်ခဲမှု
တစ်ခုတည်းဖြစ်တတ်ပေမယ့် နာကျင်မှုမဟုတ်တဲ့ တခြားလက္ခဏာတွေလည်း ရှိတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေက - ဇကျနာတာ၊
ခါးနာတာ
လိုမျိုး အာရုံကြောဖိမိတဲ့နေရာတဝိုက် နာကျင်တာ၊ ဖြာထွက်တဲ့ နာကျင်ကိုက်ခဲမှု(ဥပမာ
စိုင်ယာတီကာ အကြောနာ
လိုမျိုး ပေါင်အထိ တန်းစေတာ)၊
ခြေလက်တွေ ထုံတာ၊
စူးခနဲ ကျဉ်တာ၊ ပူတာ မျိုး ခံစားရတာ၊
အားနည်းတာ (တစ်ခုခုလုပ်ရင် အရင်လို မသန်တာ၊ လက်မမြဲတာလိုမျိုး) တစ်ခါတလေ ခေါင်းကို လှည့်လိုက်တာ၊ လည်ပင်းစောင်းလိုက်တာ လိုမျိုး လှုပ်ရှားမှုလောက်နဲ့ လက္ခဏာပိုဆိုးသွားနိုင်ပါတယ်။
ဖြစ်လာတဲ့အခါ သက်သာစေဖို့ -
ပိုအိပ်၊ ပိုနားပါ။
ကိုယ်နေဟန်ထား ပြောင်းလဲပါ။
ခြေထောက်ကို မြှင့်ထားပါ။
ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။
နေထိုင်မှုပုံစံပြောင်းလဲပါ။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။